Saturday 29 May 2010

မြန်မာရွှေ့ပြောင်းကျောင်းဆရာများ စွမ်းရည်မြှင့် သင်တန်းတက်

ရဲရင့် / ၂၆ မေ ၂၀၁၀

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း ပညာသင်ကြားနေသည့် မြန်မာရွှေ့ပြောင်းကလေးငယ်များ၏ ပညာရည်မြင့်မားစေရန် ရည်ရွယ်၍ မြန်မာရွှေ့ပြောင်း ကျောင်းဆရာများအတွက် မဲဆောက်မြို့တွင် စွမ်းရေမြင့်တင်ရေး မွန်းမံသင်တန်း ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါသင်တန်းကို မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ (BMWEC) က ဦးဆောင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ရှေ့လတွင်စတင်မည့် ပညာသင်နှစ်၌ တပ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်း ကလေးငယ်များအတွက် ဆရာများ၏ ပညာသင်ကြားမှု စွမ်းရည်ပိုမို မြှင့်တင်ပေးခြင်းဖြစ်သည်ဟု အဖွဲ့၏ဒါရိုက်တာ ဆရာမ နော်ဖောရေက ခေတ်ပြိုင်သို့ ပြောသည်။



၎င်းက “ဒီသင်တန်းက ကလေးတွေအတွက် ပညာရေးအထောက်အကူဖြစ်စေတဲ့အပြင် ကျောင်းဆရာတွေကိုလည်း ပညာရေးပိုင်းဆိုင်ရာ ပို့ချရေး နည်းစနစ် အထောက်အကူတွေ အများကြီးရရှိစေတယ်။ နောက်ပြီး အရည်အချင်းရှိတဲ့ ကျောင်းဆရာတွေ အရည်အသွေး တိုးတက်ဖို့အတွက်နဲ့ ကျောင်းတိုင်း သင်ရိုးတွေကို တပြေးညီသင်ကြားနိုင်ဖို့ အတွက်ဖြစ်တယ်” ဟု ပြောသည်။

မေ (၂၄) ရက်မှ စသည့် (၅) ရက်ကြာ မွန်းမံသင်တန်းကို BMWEC အဖွဲ့မှ နည်းပြများနှင့် အစိုးရမဟုတ်သည့် နိုင်ငံတကာပညာရေးအဖွဲ့အစည်း (၂) ဖွဲ့တို့က ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သင်တန်းတွင် ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး၊ မူကြိုကျောင်းဆရာများ သင်တန်း၊ ကျောင်းအုပ်သင်တန်း၊ ကျောင်းဒါရိုက်တာသင်တန်း၊ ဆရာဆရာမအသစ် သင်တန်းများ ပါဝင်သည်။

ပြည်တွင်းရွှေ့ပြောင်းကျောင်း (၁၂) ကျောင်းအပါအ၀င် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ မဲလမ၊ ဖို့ဖ၊ ထာ့ဆောင်ရမ်း စသည့် (၄) မြို့နယ်မှ ရွှေ့ပြောင်းကျောင်းဆရာ (၄၀၀) ခန့် သင်တန်း တက်ရောက်ခဲ့ကြသည်။

ရိုးစင်းသည့် နည်းစနစ်ပိုင်းဆိုင်ရာများကို ပြည်ပနည်းပြများထံမှ ရရှိခဲ့သဖြင့် သင်ကြားမှုအထောက်အကူ ပိုမိုရခဲ့သည်ဟု ပြည်တွင်းရွှေ့ပြောင်းကျောင်းမှ ဆရာမ နော်ခူးက ပြောသည်။

မူကြိုဆရာမတဦးဖြစ်သူ မရီရီက “ကလေးတွေကို ဗဟိုပြုသင်ကြားရေး ကဏ္ဍကတော့ မူကြိုကျောင်းဆရာတွေအတွက် ထိရောက်တန်ဖိုးရှိတဲ့ နည်းစနစ်တွေဖြစ်တော့ ကျမတို့အတွက် တကယ့်ကို အထောက်အပံ့ဖြစ်စေတယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း (၄) မြို့နယ်တွင် မြန်မာရွှေ့ပြောင်းကျောင်း (၆၁) ကျောင်းရှိပြီး ကလေးငယ် (၁၂,၀၀၀) ခန့်ပညာသင်ကြားလျက်ရှိကာ အခြေအနေအရပ်ရပ်ကြောင့် စာသင်ကြားခွင့်မရသည့် ကလေးငယ်ပေါင်း (၂၀,၀၀၀) ခန့် ရှိသည်ဟု BMWEC အဖွဲ့၏ စစ်တမ်းတွင် ဖော်ပြထားသည်။

0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP