Saturday 25 July 2009

နယ်စပ်ဒေသတွင် မြန်မာအလုပ်သမားများကို ထိုင်းကျန်မားရေးဖွဲ့က A(H1N1) ရောဂါပိုးစစ်ဆေး

Fri 24 Jul 2009, အာသံ
ယနေ့နံနက် (၆) နာရီအချိန်မှစ၍ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ ထိုင်းဘက်ကမ်းသို့ အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများကို ထိုင်း ကျန်းမာရေးနှင့် အုပ်ချူပ်ရေးအဖွဲ့တို့က ပူးပေါင်းကာ အလုပ်သ မားများကို A(H1N1) ရောဂါပိုးစစ်ဆေးနေကြောင်း သိရပါသည်။

ထိုင်းဘက်ကမ်းရှိစက်ရုံအတွင်း၌ အလုပ်လုပ်နေသော မြန်မာအလုပ်သမား များသည် ထိုင်းကျန်မာရေး ဌာနမှ ရောဂါပိုး စစ်ဆေးစမ်းသပ်ခြင်းကို ခံယူ နေရကြောင်း ထိုင်းဘက်ကမ်း ဖိနပ်စက်ရုံတွင် အလုပ်လုပ်နေသော အမျိုး သမီးတစ်ဦးက ပြောသည်။

“ထိုင်းကျန်မာရေးဌာနတွေက ကျမတို့သွေးကို မစစ်ပဲနဲ့ အပူချိန်တိုင်းယုံ လောက်ပဲ ပြီးတာနဲ့ ကဒ်ထုတ်ပေးတယ်။ သူတို့က လူကိုယ်ထဲမှာ ဖုဝဲတွေ့မှ သာ သွေးစစ်ဆေးတာမျိုးလုပ်နေတယ်” ဟု ၄င်းက ဆက်ပြောပါသည်။

ထိုင်းဘက်ကမ်းမှ ထုတ်ပေးသော ကဒ်ပြားမရှိပါက သွားရေးလာခွင့်မရှိ၍ ဘုရားသုံးဆူဒေသခံ ပြည်သူများကလည်း သွားလာရေးလွယ်ကူအောင် ထိုစမ်းသပ်စစ်ဆေးနေသော နေရာတွင် တန်စီပြီး အစစ်ဆေးခံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီမနက် အလုပ်သမားနဲ့ ဒေသခံ ထောင်ချီပြီးရှိနေကြတယ်၊ ထိုင်းဘက် ကမ်းမှာ ရောဂါပိုး စမ်းသပ်စစ်ဆေးတဲ့ နေရာအရှေ့မှာ စစ်ဆေးခံနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းဘက်ကမ်းမှာ ထုတ်ပေးတဲ့ Travelers Arriving in Thailand မရှိရင် သွားလာခွင့်မရှိဘူး” ဟု ၄င်းက ဆက်ပြောပါသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ကမ္ဘာ့လူတုပ်ကွေး A(H1N1) ရောဂါ မကူးစက်ပြန့်ပွားသွားအောင် ထိုင်းနိုင်ငံမှ ဘုရားသုံးဆူမြို့ ဝင် ပေါက်များကို စစ်ဆေးမှုများ ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။

၎င်းနယ်စပ်ဝင်ပေါက်သည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က ထိုင်းအစိုးရနှင့် မြန် မာအစိုးရတို့က တရားဝင် ပိတ်ထားသည်ဟု ဆိုသော်လည်း ယခုချိန်ထိ နား လည်မှုဖြင့် နယ်စပ်ပြည်သူတို့က ဝင်ပေါက်သုံးပေါက်ဖြင့် သွားလာနေကြ သည်။

“ဇူလိုင် ၂၀ ရက်နေ့မတိုင်ခင်က အဓိက ထိုင်းဘက်ကမ်းမှာ အလုပ်လုပ်နေ တဲ့သူတွေ ကျောင်းတက် နေတဲ့ ကျောင်းသား တွေ ဝင်ထွက်သွားလာနေတဲ့ ဝင်ပေါက်မှပဲ ကျန်းမာရေးဌာနကနေ စစ်ဆေးတာရှိတယ်၊ ဝက်တုပ် ကွေး ရောဂါနပတ်သက်ပြီးတော့ ပညာပေးအစည်းဝေးခေါ်ထားပြီး ယခုဆိုရင် စစ်ဆေးမှုတွေ ပိုတင်းနေတယ်” ဟု ဘုရား သုံးဆူမြို့ခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၀ ရက်နေ့က မြို့နယ်မယကဥက္ကဌနှင့် ဘုရားသုံးဆူရှိ မြန်မာအ စိုးရ အဖွဲ့ပေါင်းစုံ ၂၅ ဖွဲ့တို့မှ ဝက်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာ ပေးအစည်းဝေးပြုလုပ်ပြီးနောက် ထိုင်းဘက်ကမ်းနှင့် မြန်မာဘက်ကမ်း သို့ဝင်ထွက်သွားလာနေသည်များကို ရောဂါစစ်ဆေးမှုများ ပြုလုပ်နေသည်။
လွတ်လပ်သောမွန်သတင်းအေဂျင်စီ

အပြည့်အစုံသို့ >>

အီလက်ထရွန်းနစ် ပစ္စည်းစက်ရုံမှ မြန်မာအလုပ်သမားများ အလုပ်ထုတ်ခံနေရ


PDF Print E-mail
Thursday, 23 July 2009 09:21

အီလက်ထရွန်းနစ် ပစ္စည်းများထုတ်လုပ်သော စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား မြောက်များစွာအား အကြောင်းပြချက်မရှိပဲ မန်နေဂျာမှ အလုပ်ထုတ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင်၊ ခေါင်ရွက်၊ ဝတ်နံစုန်း ဘေးတွင်တည်ရှိသော လုံငန်စီထုန်း(ခေါ်) အီလက်ထရွန်းနစ် ပစည်းများထုတ်လုပ်သည့် စက်ရုံတွင် ယခင်က မြန်မာအလုပ်သမား(၁ဝဝဝ)ကျော် ရှိခဲ့သော်လည်း ယခုအခါ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ အလုပ်ထုတ်နေသောကြောင့် အလုပ်သမားများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

စီဒီခွေ၊ တီဗွီအောက်စက်၊ စလောင်းများနှင့် ကွန်ပျူတာသုံး ကီးဘုတ်များ၊ လက်နှိပ်စက်များ ထုတ်လုပ်သည့် အဆိုပါစက်ရုံတွင် ၃နှစ်ကျော် အလုပ်လုပ်ခဲ့ရာမှ ပြီးခဲ့သည့် နှစ်ရက်က အလုပ်ထုတ်ခံခဲ့ရသော အရီက “ကျမတို့အားလုံးမှာ ဘတ်(အလုပ်သမားလက်မှတ်)ရှိပါတယ်။ အရင်တုန်းက တော်တော်အလုပ်ကောင်းတဲ့ စက်ရုံပါ။ တစ်နေ့ကို (၂ဝ၃)ဘတ် ရပါတယ်။ အချိန်ပိုဆိုလည်း (၃၈)ဘတ်ရပါတယ်။ အခုဟာက ဘာမပြော ညာမပြောနဲ့ နှစ်ရက်တစ်ခါ ၊ သုံးရက်တစ်ခါ အလုပ်ထုတ်နေတယ်။ အခုလူ(၂ဝဝ) ကျော်ကျော်လောက်ပဲ ကျန်တော့တယ်။ ဆွေမျိုးရှိတဲ့လူတွေ၊ အဆက်အသွယ်ရှိတဲ့ လူတွေတော့ ပြောင်းကုန်ကြပြီ။ ကျမတို့က ဘယ်သွားလို့ ဘယ်လာရမလဲ မသိဘူး။ အလုပ်မပြုတ်ခင် (၅)ရက် နားခိုင်းတယ်။ အခုပြန်ဆင်းတော့ အလုပ်ဖြုတ်လိုက်တယ်”ဟု ပြောပြသည်။

တစ်ကြိမ်အလုပ်ထုတ်လျှင် အလုပ်သမား (၅ဝ)မှ (၁ဝဝ)ခန့်အထိ ရှိပြီး တခါတရံ(၂ဝဝ) အထိ ထုတ်ပစ်လေ့ရှိသည်။ အလုပ်ထုတ်ခံရပြီး အခြားနေရာများသို့ မသွားတတ် မလာတတ် ဖြစ်နေသော ကလေးမိခင်များနှင့် မိသားစုများရှိသည်ဟုလည်း သိရသည်။

ကလေးမိခင်တစ်ဦးဖြစ်သူ မတင်မော်ဦးက “ကျမတို့ အရင် ဘတ်လုပ်ခဆိုပြီး (၁၅)ရက် တစ်ဝိ (တစ်ပတ်)ကို ဘတ်ငွေ(၅ဝဝ)နဲ့ ပုလိပ်ကြေးဆိုပြီး(၅ဝဝ) ဘတ် ဖြတ်ထားပါတယ်။ ထမင်းကျွေးခဆိုပြီး တစ်ပတ်ကို ဘတ်(၇ဝ)ဖြတ်ပါတယ်။ ထွက်သွားတဲ့ လူတွေဆီက ဖြတ်ထားတဲ့ ငွေတွေကိုလည်း ပြန်မပေးဘူး။ အခုကျမတို့ ထမင်းမစားရဘူး။ မာမား(ခေါက်ဆွဲခြောက်)ကိုပဲ စားနေရတယ်။ လမ်းဘေးက ကန်စွန်းရွက်တွေ ခူးချက်စားလို့ ကုန်ပြီ၊ ဆွေမျိုးရှိတဲ့ လူတွေကတော့ ပိုက်ဆံနည်းနည်းပါးပါးမှာပြီး စားနေကြတယ်”ဟု ပြောသည်။

ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်မှုကြောင့် ပြည်ပရောက် မြန်မာများမှာ အလုပ်အကိုင် အခက်အခဲများနှင့် ကြုံတွေ့နေရပြီး အလုပ်လက်မဲ့ ပြဿနာများနှင့်လည်း ရင်ဆိုင်နေကြရသည်။

အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP