Thursday 30 July 2009

မြန်မာအစိုးရ တောင်းဆိုမှုကြောင့် ထိုင်းဝန်ကြီးချုပ်ခရီးစဉ် ရွှေ့ဆိုင်း

NEJ ၂၈ ၊ဇူလိုင်၊ ၂၀၀၉
ထိုင်းဝန်ကြီးချုပ် အဖိဆစ် ၀စ်ချာချီဝ၏ သောကြာနေ့ မြန်မာနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်ကို မြန်မာစစ်အစိုးရ၏ မေတ္တာရပ်ခံချက်အရ ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းအစိုးရက ယနေ့ ထုတ်ပြန်ပြောကြားသည်။

ထိုသို့ ရက်ရွှေ့ဆိုင်းရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏အမှု စီရင်ချက်ချတော့မည်ဖြစ်သောကြောင့်ဟု အကြောင်းပြကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အရေးကြီးသည့်ကိစ္စ လုပ်ဆောင်ရန်ရှိသည့်အတွက် ယင်းသို့ရက်ရွှေ့ဆိုင်းရန် တောင်းဆိုခြင်းဖြစ်ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရသူ ပင်နစ်တန် ၀တ်ထနာရာဂွန်က သတင်းထောက်များကို ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်သည် လာမည့်သြဂုတ်လ တတိယပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်နိုင်သည်ဟုလည်း သတင်းတွင် ဖော်ပြသည်။

မစ္စတာအဖိဆစ်သည် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုကိစ္စများ ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးရန် မြန်မာနိုင်ငံသို့ (၁) ရက်ကြာ ခရီးသွားရောက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်အင်္ဂါနေ့တွင် ထိုင်းအစိုးရက ကြေညာခဲ့သည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP