Monday 5 April 2010

မြန်မာ အလုပ်သမား မလေးရှားနိုင်ငံ ဆီလန်ဂေါ တွင် အသတ်ခံရ

freedomnewsgroup

အသက် ၃၃ နှစ် အရွယ်ရှိ မြန်မာ အလုပ်သမား ကိုမင်းစောဦး ဆိုသူသည် တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ
ဆီလန်ဂါရှိ ကလန်မြို့ မှ ပိုက်စက်ရုံ တစ်ခု ရှေ့တွင် လဲကျသေဆုံးနေသည်ကို တွေ့ ရှိ ရကြောင်း ယနေ့ထုတ်
မလေးမေး သတင်းစာ တွင် ဖော်ပြထားသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ကလန် ရှိ ဘူကစ် ရာဂျာ စက်မှု ဇုန် တွင် ယမန်နေ့ ည ၈ နာရီက စက်ရုံ ၏
တာဝန်ရှိ သူ တစ်ဦး က တွေ့ ရှိ ခြင်းဖြစ်ကြောင်း ကလန် ရဲ က မလေးမေး သို့ ပြောသည်။တွေ့ ရှိ ချိန်တွင်
တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံနေပြီး ၀မ်းဗိုက်တွင် ဓားဒဏ်ရာ များ တွေ့ ရှိရပြီး မသေခင် လူစုလူဝေး
ဖြင့် ရိုက်နှက်ခံရထားခြင်း ဖြစ်နိုင်သည် ရဲတပ်ဖွဲ့ က သုံးသပ်သည်။

ကို မင်းစောဦး သေဆုံးမှု တွင် သံသယရှိ သူ စက်ရုံ ကြီးကြပ်ရေးမှုး တစ်ဦး နှင့် ညစောင့် နှစ်ဦး ကို ဖမ်းဆီး
ထားပြီး သံသယ ရှိသူ အသက် ၃၅ နှစ် အရွယ် တရားခံတစ်ဦး မှာ ထွက်ပြေးလွတ်မြောက်နေသည်။
သေဆုံး သူ အနီးတွင် အသွား ခုနှစ် လက်မ အရွယ် ဓားတစ်ချောင်း တွေ့ ရသည်။
ကို မင်းစောဦး ၏ အလောင်း ကို Tengku Ampuan Rahimah ဆေးရုံ သို့ ပို့ ထားကာ ရင်ခွဲ၍ စစ်ချက်ယူနေသည် ဟု သိရသည်။
စစ်အစိုးရ လက်အောက်တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် မြန်မာ လူမျိုး လူငယ် များမှာ ထိုင်း၊မလေးရှား၊စင်္ကာပူစသည့်  နိုင်ငံတွင် များတွင် သွားရောက် အလုပ်လုပ် ကိုင်ကြရာမှ ထိုနိုင်ငံသား များမှ ခေါင်းပုံဖြတ်မှု မကြာခဏ ကြုံတွေ့ ရာတွင် အသက် သေဆုံးသည်ထိ
ဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။
ထိုသို့ ဖြစ်ပွားခဲ့လျှင်လည်း ထို နိုင်ငံရှိ မြန်မာ သံရုံးက မဆိုင်သလိုပင် နေလေ့ရှိသည်။
အပြည့်အစုံသို့ >>

မြန်မာအလုပ်သမားများ သတိထားကြရန်

ခေတ်ပြိုင် 

တရားဝင်စာချုပ်စာတမ်း မရှိဘဲ မြန်မာအလုပ်သမားတွေ ထိုင်းနယ်စပ်ဒေသမှ တခြားခရိုင်တွေ သွားအလုပ်လုပ်ကြမယ်ဆိုရင် ဆုံးရှုံးနစ်နာမှုတွေ ရှိတဲ့အတွက် ကျမတို့ကိုယ်တွေ့ အဖြစ်အပျက်တွေကို တခြား မြန်မာအလုပ်သမားတွေ သိရှိပြီး စဉ်းစားချင့်ချိန်နိုင်အောင် တင်ပြလိုက်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းက ခွန်းကယ်မြို့ ငါးဖမ်းပိုက်စက်ရုံ (Khon Kaen Fishing Net Factory Co LTD) မှာ ထိုင်းအစိုးရရဲ့ သတ်မှတ်လုပ်အားခ (၁၅၅) ဘတ် ရမယ်ဆိုပြီး မဲဆောက်က ပွဲစားတွေရဲ့ မက်လုံးပေးစည်းရုံးမှုကြောင့် ကျမတို့ မြန်မာအလုပ်သမား (၁၀၀) ကျော်ဟာ အဲဒီစက်ရုံမှာ လွန်ခဲ့တဲ့ (၇) လလောက်က စပြီး အလုပ်သွားလုပ်ကြပါတယ်။ မသွားခင်မှာ ကျမတို့ကို အကြိုအပို့ လုပ်ပေးခ၊ ခရီးစရိတ်နဲ့ အလုပ်သမားလက်မှတ်ကြေး အပါအ၀င် တယောက်ကို ဘတ် (၁၇,၇၀၀) နဲ့ အဲဒီငွေကို လုပ်အားခထဲက ပြန်ဖြတ်ဖို့ သဘောတူခဲ့ကြပါတယ်။ မဲဆောက်က အလုပ်သွင်းပေးတဲ့ ပွဲစားတွေကလည်း တနေ့ (၁၅၅) ဘတ် ရမယ်ဆိုပြီး ပြောခဲ့ကြပါတယ်။
ဒါပေမယ့် တကယ်အလုပ်ခွင်ထဲ ရောက်တော့ တနေ့ (၁၅၅) ဘတ်နှုန်းနဲ့ (၁) လပဲပေးပြီး ကျန်တဲ့လတွေမှာ (၁၅) ရက်တပတ်ကို တယောက် (၁,၀၀၀) နှုန်းနဲ့ပဲ ပေးပါတော့တယ်။ အလုပ်ချိန် မနက် (၈) နာရီက ည (၈) နာရီအထိ အလုပ်ဆင်းကြရပေမယ့် အချိန်ပိုကြေးမပေးပါဘူး။ ဒါ့အပြင် ကျမတို့ အလုပ်သမားတွေကို အပြင်ထွက်ခွင့်မပေးဘဲ အလုပ်ရုံထဲမှာပဲ ပိတ်လှောင်ထားတဲ့အတွက် အလုပ်သမားတွေက သီးမခံနိုင်တော့တဲ့အဆုံးမှာ အလုပ်သမားအခွင့်အရေး တောင်းဆိုပြီး အလုပ်မဆင်းဘဲနေကြပါတယ်။ ဒီလိုအခြေအနေကြောင့် စက်ရုံကို ထိုင်းပုလိပ်တွေနဲ့ ၀ိုင်းထားပြီး ကျမတို့ မြန်အလုပ်သမား (၁၁၂) ဦးကို ညတွင်းချင်း မဲဆောက်မြို့ကို ပြန်ပို့ခဲ့လို့ ဒီလ ဧပြီ (၁) ရက်နေ့မှာ မဲဆောက်ကို ပြန်ရောက်ခဲ့ရပါတယ်။ အလုပ်သမားအခွင့်အရေး တောင်းဆိုခဲ့တာက ကျမတို့ကို ပြန်မပို့မီ တရက်အလိုမှာဖြစ်ပါတယ်။ စက်ရုံပိုင်ရှင်က ကျမတို့ရဲ့ အလုပ်သမားလက်မှတ်တွေ ပြန်မပေးဘဲ သိမ်းထားတဲ့အတွက် အခုဆို မဲဆောက်မှာ ကျမတို့ ဒုက္ခရောက်နေပြီး တခြားအလုပ်အကိုင်လည်း ရှာမရဖြစ်နေပါတယ်။
မဲဆောက်ကနေသွားတုန်းက ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့ ထိုင်းဘက်က အကျိုးဆောင်ကုမ္ပဏီတွေ၊ ထိုင်းနဲ့ မြန်မာပွဲစားတွေက သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အချို့နဲ့ ညှိနှိုင်းပြီး ကျမတို့ အလုပ်သွားလုပ်နိုင်ဖို့အတွက် စီစဉ်ပေးကြပါတယ်။ အခုလို ပြဿနာတက်ပြီး သူတို့ကို သွားပြောတဲ့အခါကျတော့ ဒီအလုပ်က နင်တို့နဲ့အလုပ်ရှင်ဖြစ်တဲ့ ပြဿနာပဲ၊ ငါတို့နဲ့မဆိုင်ဘူး ဆိုပြီးတော့ “ဘူး” ခံပါတယ်။ ကျမတို့လို ရပ်ဝေးမှာရောက်နေပြီး ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမားတွေလည်း အများကြီးရှိပါတယ်။ တကယ်တော့ ကျမတို့က အလုပ်လုပ်ဖို့ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် မချုပ်မိတဲ့အတွက် အခုလို ဒုက္ခရောက်ကြရတာဖြစ်ပါတယ်။ သဘောတူစာချုပ်သာရှိမယ်ဆိုရင် ကျမတို့ရဲ့ နစ်နာကြေးတွေကို ဒေသဆိုင်ရာ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ လူမှုဖူလှုံရေးရုံးမှာ သွားပြီး အရေးဆိုလို့ရပါတယ်။ အခုတော့ အစမကောင်းခဲ့တဲ့ အတွက် အားလုံး နစ်နာဆုံးရှုံးမှုတွေနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ကျမတို့ကို မဲဆောက်ပြန်ပို့ခဲ့တဲ့အတွက် နောက်ဆုံး မဖြစ်စလောက်လစာ ပေးပေမယ့် အဲဒီ လစာထဲက မဲဆောက်ကားခ တယောက် ဘတ် (၅၀၀) စီ ထပ်ဖြတ်လိုက်ပါသေးတယ်။
အခုလည်း မဲဆောက်မှာ အဲလို ရပ်ဝေးဒေသတွေမှာ လစာကောင်းကောင်းပေးတယ်၊ အလုပ်သွားလုပ်ဖို့ဆိုပြီး ထိုင်းနဲ့ မြန်မာ ပွဲစားတွေက မက်လုံးပေး လိုက်စည်းရုံးနေပါတယ်။ ပွဲစားတွေအတွက်ကတော့ အလုပ်သမားတယောက် ရှာပေးရင် ဘတ် (၂,၀၀၀) လောက် အနည်းဆုံးရကြပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားသူတွေ၊ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေအပြင် ထိုင်းနိုင်ငံက ထုတ်ပေးတဲ့ ထောရော (၃၈) လို့ခေါ်တဲ့ နေထိုင်ခွင့်လက်မှတ်ရှိသူတွေကိုပါ သူတို့က လက်ခံခေါ်ယူနေတဲ့အတွက် မြန်မာအလုပ်သမားများ အထူးသတိထားဖို့ လိုပါတယ်။ ဒီလိုအလုပ်မျိုး သွားလုပ်မယ်ဆိုရင် ကျမတို့လို အဖြစ်ဆိုးမျိုး မရောက်အောင် သေချာမေးမြန်းစုံစမ်းပြီးမှ လုပ်ကိုင်ကြဖို့ မြန်မာအချင်းချင်း ကိုယ်ချင်းစာတရားနဲ့ အသိပေးလိုက်ပါတယ်။
မစန်းစန်း (ပဲခူး)
ခွန်းကယ် ငါးဖမ်းစက်ရုံမှ ပြန်လာသူ
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP