Wednesday 12 August 2009

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (ဘန်ကောက်ဌာနခွဲ) မှ ဦးဆောင်၍ (၆) ကြိမ်မြောက်သွေးလှူဒါန်း

၁၂၊ ၈၊ ၀၉
ယနေ့ ကျရောက်သော ထိုင်းဘုရင့် မိဖုရားကြီး မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရွှေ့ပြောင်မြန်မာ အလုပ် သမားများက လုံမနီဥယျာဉ်အနီးရှိ၊ ထိုင်းဗဟို အမျိုးသား သွေးလှူဘဏ်တွင် သွေးလှူဒါန်းကြသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (ဘန်ကောက် ဌာနခွဲ) မှ ဦးဆောင် ကျင်းပသော အဆိုပါသွေးလှူပွဲတွင် အလုပ်သမား ၁၀၀ ခန့် သွားရောက် သွေးလှူဒါန်းကြသော်လည်း ယခင် သွေးလှူဒါန်းဖူးသူ အလုပ်သမား ၃၀ ခန့်သာ သွေးလှူဒါန်းခွင့် ရကြသည်။

ရောင်ခြည်ဦး(ဘန်ကောက်ဌာနခွဲ)မှ ကိုအောင်မြင့်သိန်းက " ဆေးရုံးက ဆရာမကြီးက မြန်မာအလုပ်သမား တွေမှာ ကူးစက်ရောဂါရှိနိုင်တယ်၊ သွေးလှူဒါန်းလို့ ရောဂါပိုးတွေ့ရှိရင် သွေးသွင်းခံရမယ့် သူတွေအတွက် ဘာမှအကျိုးမရှိပါဘူး ဆိုပြီးတော့ လက်မခံတာပါ" ဟုဆိုသည်။

လာရောက်
သွေးလှူဒါန်းသည့် ယခင်နှစ်များက အလုပ်သမားများထဲတွင် ကူးစက်ေ၇ာဂါပိုးတွေ့ရှိ ရခြင် ကြောင့် ထိုသိုပြောဆိုခြင်ဖြစ်ကြောင့် ဆေးရုံရှိတာဝန်ကျ ဆရာမတစ်ဦးကပြောဆိုခဲ့သည်။

ယခင်နှစ်က သွေးလှူဒါန်းသည့် မနှင်းဆီအား ဆယ်သွယ်မေးမြန်းရာ " ကျွန်မမှာ အသည်းရောင်အသည်း ဝါရောဂါပိုးတွေ့ရှိတာကို ဆေးရုံးက အကြောင်းကြားစာရောက်လာတော့ အရမ်းကိုကြောက်ခဲ့မိတယ်၊ ကျွန်မက မြန်မာပြည်မှာလည်း ၆ ကြိမ်လောက်သွေးလှူဒါန်းဖူးပေမယ့် ရောဂါပိုးရှိကြောင်းမသိခဲ့ဘူး၊ ကျွန်မသွေးအသွင်းခံလိုက်ရတဲ့ မြန်မာပြည်က လူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်" ဟု ထုတ်ဖော်ပြော ဆိုခဲ့သည်။


သွေးလှူဒါန်းခွင့်ရသူ ကိုပြည်စိုးက " သွေးလှူဒါန်းခွင့်မရတဲ့ လူတွေနဲ့ အတူစိတ်မကောင်းဖြစ်ကြတယ်၊ အမှန်တော့ အားလုံးကို လှူဒါန်းခွင့်ပေးသင့်တယ်၊ ရောဂါပိုးရှိခဲ့မယ့်ဆိုရင်လည် လှူဒါန်းတဲ့လူတွေအတွက် ကြိုတင်ကာကွယ်ကုသလို ရတာပေါ့" ဟုဆိုသည်။


ယခုအကြိမ်လှူဒါန်းခြင်သည် ထိုင်းဘုရင်မိဖုရာကြီးမွေးနေ့ကို ဂုဏ်ပြုခြင်နှင့် စစ်အစိုးရ၏ မတရားဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေးအတွက် ရည်စူးကျင်းပခြင်းဖြစ်သည်။ ယခုအကြိမ်သည် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့(ဘန်ကောက်ဌာနခွဲ) အနေ့ဖြင့် (၆) ကြိမ် မြောက် သွေးလှူဒါန်းခြင်ဖြစ်သည်။


အယ်ကဟော်

အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP