မဲဆောက်မြို့နေရာဒေသအသီးသီးရှိစက်ရုံများကို ထိုင်းရဲများဝင်ရောက်ဖမ်ဆီးပြီး ထောင်ချခံနေရ
ထိုင်း-မြန်မာနယ်စပ်
မဲဆောက်ဒေသတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ် ကိုင်နေသည့် စက်ရုံအလုပ်ရုံများကို ထိုင်းရဲများက မေလ ၈ရက်နေ့မှ ယ နေ့အထိ ၀င်ရောက် ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမား (၆၀၀)ကျော်ဖမ်းဆီးခံခဲ့ရသည်။
ဖမ်းဆီးခံရသည့် အလုပ်သမား (၆၀၀)ကျော်ထဲမှ ထောင်ဒဏ်အပြစ်ကျခံရသူ၊ မြန်မာနိုင်ငံ ဘက်ခြမ်းသို့ ပြန်ပို့ခံရသူနှင့် လုပ်ငန်းရှင်က ထိုင်းအာဏာပိုင်ထံ ငွေပေးရွေးထုတ်နိုင်ခဲ့သည့် အလုပ်သမားများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် စနေနေ့က အဖမ်းခံခဲ့ရသည့် ဝေ့မုတ်ကျေးရွာရှိ နွားရုံဟု လူသိများသည့် တီကေဖိုးသိုးမွှေးစက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၉၂)ဦးကို တနင်္လာနေ့တွင် မဲဆောက်မြို့နယ်တရားရုံးက ထောင်ဒဏ် (၄၅)ရက်ချမှတ်လိုက်သည်။
အိုမီဂါ စက်ရုံမှ ကိုထွန်းထွန်းက ”စိတ်မကောင်းဘူးဗျာ။ သူတို့ တွေကို ဘယ်လို ကူညီရမလဲမသိဘူး။ သူဌေးကလည်း လွတ်မယ် လွတ်မယ်နဲ့ အခုတော့ ထောင်ကျကုန်ပြီ။”ဟု ပြောသည်။
တနင်္လာနေ့ညနေပိုင်းတွင် မယ်တောင်ကျေးရွာရှိ SR သိုးမွေးစက်ရုံမှ မြန်မာအလုပ်သမား (၂၅၀) အဖမ်းခံခဲ့ရသည်။ အဖမ်းခံရသည့်အလုပ်သမားများအြေ ခအနေကို အဆိုပါ စက်ရုံမှ ကိုမင်းနောင်က ”ကျနော်တို့ စက်ရုံက အဖမ်းခံရသူတွေကတော့ အခု အလုပ်ပြန်ဆင်းနေပြီ။ သူဌေးက ဘတ် ၇၀၀၀၀ နဲ့  ရွေးလိုက်တယ်” ဟုဆိုသည်။
ရဲဖမ်းမည်ကိုစိုး၍ တောထဲတွင် သွားရောက်ပုန်းရှောင်နေရာမှ ယခုအခါ အလုပ်ထဲကို ပြန်ရောက်လာသူ ရုံစိမ်းမှ ကိုဝင်းညွန့် ကလည်း ”သုံးရက်လောက် ပုလိပ်ပြေးလိုက်ရတယ်ဗျ။ အခုတော့ စက်ရုံက ပြန်လိုက်ခေါ်လို့ အလုပ်ပြန်ဆင်းနေကြပြီ” ဟုဆိုသည်။
မဲဆောက်မြို့ပါတ်ဝန်းကျင် စက်ရုံအချို့တော့အလုပ်ပြန်ဆင်း ခိုင်းနေပြီး အချို့စက်ရုံတော် တော်များများ ကတော့ ယခုထိ ရှောင်ပုန်းနေကြတုန်းပဲဟုသိရှိ ရပါသည်။
ထိုင်းအစိုးရသည် ယာယီပတ်စ်ပို့ ပြုလုပ်ရန် နောက်ဆုံးသတ်မှတ်ရက်ကို မတ်လ ၂ ရက်နေ့ ကို သတ်မှတ်ခဲ့ပြီး ထိုရက်ကျော်လွန်ပါက မြန်မာအလုပ်သမားများကို ဖမ်းဆီးကာ မြန်မာဘက်ခြမ်းသို့  အလုံးအရင်းနှင့် ပြန်ပို့ မည်ဟု ကြေညာထားဖူးသည်။ ထိုကြေညာချက်ထွက်ပေါ်ပြီးနောက်မဲ ဆောက်မြို့ တွင် ယခုကဲ့သို့  အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်း သည် ထိုင်းနိုင်ငံအတွင်း အများဆုံး ဖမ်းဆီးခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအတွင်းတွင် မြန်မာ ရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအဖွဲ့  အစည်းများက ခန့် မှန်းပြောဆိုကြသည်။
မနက်ပိုင်းအစီအစဉ်
Audio