Monday 20 July 2009

ဒုက္ခသည်ကရင်ကလေးငယ်များ စာသင်ကြားရေးအခက်တွေ့

NEJ / ၂၀ ဇူလိုင် ၂၀၀၉
စစ်ပြေးဒုက္ခသည် ကရင်ကလေးငယ်များ စာသင်ကြားနိုင်ရန် ကိုယ်ထူကိုယ်ထ စာသင်ဆောင်ဆောက်လုပ် ခွင့် ကို ဒေသခံ ထိုင်းအာဏာပိုင်များက ခွင့်မပြုသဖြင့် ကလေးငယ်များ စာသင်ကြားရေး အခက်အခဲဖြစ်နေကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက ပြောသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရမ်းမြို့နယ် နောင်ဘိုးရွာ ယာယီခိုလှုံခွင့်စခန်းတွင် ကူညီနေသူတဦးက “ဒီနေရာကို ပြောင်းရွှေ့လာတာ အိမ်ခြေ (၃၀၇) လုံးရှိတယ်။ လူဦးရေကတော့ နောက်တိုးစာရင်း အပါအ၀င် (၁,၈၀၀) ခန့်ရှိတယ်။ အဲဒီထဲမှာ ကလေးငယ်တွေက (၃၅၀) လောက်ရှိတယ်။ သူတို့ စာသင်ဖို့ ကျောင်းဆောင်တခုဆောက်ဖို့ ခွင့်တောင်းတာကို ဒေသခံအာဏာပိုင်တွေက ခွင့်မပြုဘူး။ အဲဒီအတွက် ကျနော်တို့ထပ်ပြီးတော့ မေတ္တာရပ်ခံထားတယ်။ ဒီနေ့အထိတော့ ဘာမှအကြောင်းမပြန်သေးဘူး” ဟု ပြောသည်။

တပ်မဟာ (၇) ဘားအံခရိုင်ဒေသတွင် နအဖနှင့်ဒီကေဘီအေအဖွဲ့များ၏ ထိုးစစ်များကြောင့် ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် (၄,၀၀၀) အနက် (၁,၈၀၀) ခန့်သည် နောင်ဘိုးရွာတွင် ယာယီခိုလှုံလျက်ရှိသည်။

စစ်ပွဲကြောင့် ထိုင်းဘက်ထွက်ပြေးလာသူများအနက် ကလေးငယ်များသည် ယခုနှစ် ပညာသင်နှစ်တွင် စာသင်ကြားခွင့် မရရှိကြသဖြင့် အနာဂတ်အတွက် များစွာနစ်နာဆုံးရှုံးရကြောင်း ကလေးငယ်များနှင့်အတူ ယာယီဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ကျောင်းဆရာတဦးက ပြောသည်။

နောင်ဘိုးရွာ ဒေသခံတဦးကလည်း “ကလေးတွေ စာသင်မယ့်ကိစ္စကိုတော့ ခွင့်ပြုဖို့သင့်တယ်။ ကလေးတွေ စာမသင်ဘဲ ဒီလိုပဲ လိုက်သွားနေမယ်ဆိုရင် ကြာလာရင် ကလေးတွေ စိတ်လေသွားနိုင်တယ်” ဟု ပြောသည်။

ကျောင်းဖွင့်လှစ်ခွင့်ရရှိပါက လိုအပ်သည့် ကျောင်းသုံးပစ္စည်းများနှင့် စာရေးကိရိယာများကို အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုရေး၊ ပညာရေး၊ ဘာသာရေးအဖွဲ့အစည်းများက ပံ့ပိုးပေးသွားရန် အရန်သင့်ရှိသည်ဟု နယ်စပ်အခြေစိုက် ဒုက္ခသည်များ၏ပညာရေးကို ကူညီမှုပေးနေသည့် အဖွဲ့တခုမှ တာဝန်ခံတဦးက ပြောသည်။

နောင်ဘိုးရွာ ယာယီဒုက္ခသည်စခန်းမှ ဒုက္ခသည်များ၏ နေထိုင်စားသောက်ရေးကို ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း (TBBC) အပါအ၀င် အခြားအစိုးရမဟုတ်သော အဖွဲ့အစည်းများက ကူညီပေးလျက်ရှိပြီး ယာယီစခန်း မြေနေရာအား နောင်ဘိုးရွာမှ မြေပိုင်ရှင်တဦးက နေထိုင်ခွင့်ပေးထားခြင်းဖြစ်သည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏အကူအညီဖြင့် နောင်ဘိုးရွာ ယာယီဒုက္ခသည်စခန်းကို ဒုက္ခသည်များကိုယ်တိုင် ဆောက်လုပ်နေထိုင်ကြခြင်းဖြစ်ပြီး ဒေသခံထိုင်းအာဏာပိုင်များဘက်မှ တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။

ထိုးစစ်ကြောင့် ထိုင်းဘက်ထွက်ပြေးလာသည့် ကရင်ရွာသား (၄,၀၀၀) ခန့်ကို ထာ့ဆောင်ရမ်းမြို့နယ်ရှိ နောင်ဘိုး၊ အူးသူးထာ့၊ မဲ့စလေ စသည့်နေရာ (၃) ခုတွင် ထိုင်းဘက်မှ ယာယီခိုလှုံခွင့်စခန်း (၃) ခုဖွင့်ကာ လက်ခံထားပြီး ၎င်းဒုက္ခသည်များထဲတွင် သုံးပုံတပုံမှာ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ ဖြစ်သည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP