Tuesday 30 June 2009

IC ပရိသတ် ၄၀၀ ကျော် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ

Monday, March 30, 2009


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော Iron Cross (IC) ပွဲကို လာရောက် ကြည့်ရှု အားပေးသည့် ပရိသတ် ၄၀၀ ကျော်အား ထိုင်း လူဝင် မှုကြီးကြပ်ရေး ဌာနက ဖမ်းဆီး လိုက်ကြောင်း ဘန်ကောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုအောင်မြင့်သိန်းက ပြောသည်။ အဖမ်းခံရသူများမှာ ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင် အလုပ်လုပ်နေသူများ ဖြစ်ကြသည်။

ကန်ထရိုက်တွေက လက်မှတ် စရောင်းတုန်းက လုံခြုံရေး တာဝန်ယူတယ်လို့ ပြောလို့ ကျနော်တို့လည်း လက်မှတ် ရောင်းရတာ။ ခု အလုပ်သမား တွေက လက်မှတ်ဖိုး လည်း ဆုံး၊ အဖမ်း လည်း ခံရပြီ”ဟု ကိုအောင်မြင့်သိန်းက ပြောဆိုသည်။ ထိုသတင်းကို ကြားရသောကြောင့် IC ၏ လိဒ်ဂစ်တာသမား ချစ်စမ်းမောင်က အဖမ်းခံရသည့် အလုပ်သမား များအတွက် စိတ်မကောင်း ကြောင်း ပြောသည်။ အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်နှင့် ကြိုးကြာတို့ ပါဝင်ဖျော်ဖြေခဲ့သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘ္ဘန်ဘော် ဒေသ၌ ကျင်းပခဲ့သည့် မတ်လ ၂၉ ရက်ညက IC ရှိုးကို လာရောက်ကြည့်ရှုသည့် ဘန်ကောက် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

IC ပွဲကျင်းပရာ ငါးသေတ္တာ စက်ရုံသို့ အဝင်လမ်းကြားတွင် လူဝင်မှုကြီးကြပ်ရေး ရဲများက စောင့်ဆိုင်း ဖမ်းဆီးခဲ့ရာ အဖမ်းခံခဲ့ရသူများ နယ်စပ်သို့ ပြန်ပို့နိုင်ခြေ ရှိသည်ဟု ကိုအောင်မြင့်သိန်းက ပြောပြသည်။ “ကျနော်တို့ သူငယ်ချင်း၂ ယောက် ဒီလာတာ လမ်းစရိတ်ရယ်၊ လက်မှတ်ခရယ် ဆိုရင် ဘတ် ၁၁၀၀ ကျတယ်။ အဝေးကြီးက လာရတာ။ အဖမ်းအဆီးကိုလည်း ရှောင်ရသေးတယ်။ ရောက် တော့ သီချင်း ၂ ပုဒ်ပဲ မီလိုက်တယ်”ဟု မောင်ဝင်းအမည်ရှိ အထည်ချုပ် အလုပ်သမား လူငယ်တဦးက ပြောပြသည်။


အလုပ်သမားများ၏ ပျမ်းမျှ နေ့တွက်ခမှာ တရက်လျှင် ၂၀၃ ဘတ်ဖြစ်သောကြောင့် IC ပွဲကြည့်ရန် ၎င်းတို့၏ လုပ်အားခ ၂ ရက်စာ အကုန်ခံကြရသည်။ ပွဲကျင်းပစဉ် ကြည့်ရှုသူများဘက်က မည်သည့် အနှောင့်အယှက် တစုံတရာမှ မပြုလုပ်သော်လည်း လေးဖြူ သီဆိုအပြီးတွင် ပွဲကိုလာရောက်ရပ်နားခိုင်းသဖြင့် IC ထုံးစံ အတီးသမားများ၏ လက်စွမ်း ပြကွက်များကို ပရိသတ်က မြင်ခွင့်မရလိုက်ပေ။ IC အဖွဲ့စီးလာသည့်ကားကိုလည်း လူဝင်မှုကြီးကြပ်ရေးက ပွဲကျင်းပမည့်နေရာ ရောက်ခါနီးမှ တားမြစ် ထားသောကြောင့် ပွဲကျင်းပမည်ဟု ကြေညာထားသည့် ၇ နာရီအချိန်တွင် မကျင်းပနိုင်ဘဲ ည ၈ နာရီကျော်မှ ကျင်းပနိုင်ခဲ့ကြောင်း IC ဘေ့စ် ဂစ်တာသမား ကိုခင်မောင်သန့်က ပြောပြသည်။

“ကျနော်တို့ကို သူတို့က တီးဝိုင်းအဖွဲ့မှန်းလည်းသိတယ်။ ဒါပေမယ့် ပတ်စ်ပို့တွေ ခဏပေးပါဆိုပြီး အကြာကြီးပဲညှိနေတာနဲ့ ပွဲကိုစမယ်ဆိုတဲ့အချိန်မှာ မစရဘူး” ဟုသူက ပြောသည်။ ထိုသို့ဖြစ်ရခြင်းမှာ IC အဖွဲ့၏ ပတ်စ်ပို့စ်များတွင် ဖျော်ဖြေရေး ဗီဇာမပါသောကြောင့်ဟုလည်း သိရသည်။ နာရီဝက်ကျော် ညှိနှိုင်းခဲ့ရပြီးမှ ပွဲစခွင့်ပြုခဲ့သည်။ IC ပွဲကို စီစဉ်သူများထဲတွင် ထိုင်းလူမျိုးနှင့် ဗမာများပါဝင်ပြီး ယခုပွဲကို ထိုင်းမြန်မာ ချစ်ကြည်ရေး အစီအစဉ်ဟု ကြေညာထားသည်။

ရသည့်ငွေကို ၎င်းဒေသရှိ ဝပ်ဘာနမ်ဖု ဘုန်းတော်ကြီး ကျောင်းသို့ လှူဒါန်းမည်ဟုလည်း သတင်းရရှိသည်။ ယခု IC ပွဲကို ကြည့်ရှုလိုပါက လက်မှတ်တစောင်ကို ဘတ် ၄၀၀ နှင့်ရောင်းချပြီး ကင်မရာယူ ဆောင်ပါက ဘတ် ၃၀၀ အခွန်ဆောင်ရသည်။ ဗီဒီယိုကင်မရာကို ယူဆောင်ခွင့်လုံးဝမပေးပေ။

ကန်ထရိုက်များနှင့် နီးစပ်သူတဦး က “ငါးသေတ္တာစက်ရုံပိုင်ရှင်က မြေနေရာငှားတယ်။ သူက ရပ်ကွက်လူကြီး အဆင့်လောက်ရှိတယ်။ ကန်ထရိုက်တွေက ထိုင်းမြန်မာ ချစ်ကြည်ရေး ဆိုပြီး နာမည်သာတပ်တာ။ တကယ်က ပိုက်ဆံရှိလို့ ထလုပ်တဲ့သူတွေ။ ဘာအဖွဲ့အစည်းမှ မဟုတ်ဘူး” ဟု ပြော သည်။ IC ပွဲကိုလာကြည့်သူ ပရိသတ်မှာ ၁၅၀၀ ဝန်းကျင်ခန့်ရှိပြီး အများသော အားဖြင့် စက်ရုံ အလုပ်ရုံ များတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြသည်။ ဘန်ကောက်မြို့ ထဲရှိ အေပက် တက္ကသိုလ်တွင်တက်ရောက်နေသော မြန်မာကျောင်းသူ ကျောင်းသား အယောက် ၃၀ ကျော်ခန့်လည်း လာရောက်အား ပေးကြသည်။

IC အနေနှင့် ဘန်ကောက်တွင် ကျင်းပခြင်းမှာ ယခုတကြိမ်သည် ပထမဆုံးဖြစ်ပြီး ပထမဆုံးအကြိမ် တွင်ပင်စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း ပြောဆိုသည်။
မိတ္တူထုတ်ရန်

0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP