Tuesday 30 June 2009

နိုင်ငံခြားသားအလုပ်သမား (၂) သန်းအား
အလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်



NEJ / ၂၉ ဇွန် ၂၀၀၉
line

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေကြသည့် နိုင်ငံခြားသားအလုပ်သမားများအား ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ (၁) ရက်နေ့မှ စတင်ကာ အလုပ်လုပ်ခွင့်လက်မှတ်များ ပြုလုပ်ပေးတော့မည်ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် နိုင်ငံခြားသားအလုပ်သမား (၂) သန်းကို ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တရားဝင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး တနှစ်သက်တမ်းအတွက် လူတဦးလျှင် ဘတ်ငွေ (၃,၈၀၀) ကုန်ကျမည်ဖြစ်ကာ အလုပ်ရှင်နှင့်အတူ သက်ဆိုင်ရာ အလုပ်သမားရုံးများတွင် သွားရောက် ပြုလုပ်ရမည်ဖြစ်သည်။

ဒေသတွင်းရောက် မြန်မာများအနေဖြင့် အလုပ်သမားအခွင့်အရေးနှင့် တရားဝင်မှု ရရှိမည်ဖြစ်သည့်အတွက် အလုပ်လုပ်ခွင့်လက်မှတ်များကို လုပ်ဆောင်သင့်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ပြောသည်။

ယင်းအဖွဲ့၏ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က “ထိုင်းမှာ ရောက်ရှိနေတဲ့ မြန်မာတွေအနေနဲ့ အလုပ်သမား လက်မှတ် ရှိထားမယ်ဆိုရင် ကျန်းမာရေးကိစ္စ၊ သွားရေးလာရေးနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုရာမှာ အထောက်အကူပိုရမှာ ဖြစ်တဲ့အတွက် မဖြစ်ဖြစ်အောင် သွားလုပ်ကြဖို့ တိုက်တွန်းပါတယ်” ဟု ပြောသည်။

အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရှိသူများသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် အနိမ့်ဆုံးလုပ်အားခ တနေ့လျှင် (၁၅၁) ဘတ်နှင့် အချိန်ပိုကြေး တနာရီလျှင် (၂၈.၃၁) ဘတ် လုပ်အားခ နှုန်းထားများကို ခံစားခွင့်ရှိသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း အလုပ်ရုံစက်ရုံပေါင်း (၄၃၀) ခန့်ရှိပြီး ယင်းစက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား (၅) သိန်းခန့်မှာမူ သတ်မှတ်ထားသည့် လုပ်အားခကို မရရှိဘဲ တနေ့လျှင် လုပ်အားခ (၆၀ မှ ၇၅) ဘတ်အထိသာ အများဆုံးရရှိကြပြီး အချိန်ပိုကြေးမှာလည်း တနာရီလျှင် (၁၀) ဘတ်အောက်သာ ရရှိကြသည်ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ပြောသည်။

မြန်မာအလုပ်သမားတဦးဖြစ်သူ ကိုညီညီက “လက်မှတ်ရှိတော့ နေထိုင်မကောင်းဖြစ်တာတို့၊ ကလေးမီးဖွား တာတို့ဆိုရင် မဲဆောက်ဆေးရုံကြီးမှာ ဘတ် (၃၀) နဲ့ ဆေးကုသခွင့်ရှိတယ်။ သွားရေးလာရေးမှာလည်း ပုလိပ်ကြောက်စရာမလိုဘူး။ အလုပ်ရှင်ကလည်း ကိုယ့်ကို မတရားလုပ်လို့မရဘူး။ ဒါကြောင့် ဒီလက်မှတ်ကို လုပ်သင့်တယ်” ဟု ပြောသည်။

ယခုအသစ်ပြုလုပ်ပေးမည့် အလုပ်သမားလက်မှတ်ကို သက်ဆိုင်ရာလုပ်ငန်းအလိုက် အရောင် (၇) မျိုး ခွဲခြားပေးမည် ဖြစ်ပြီး (၁) နှစ်စာ၊ (၉) လစာ၊ (၆) လစာ၊ (၃) လစာဟူ၍ ပြုလုပ်ပေးမည်ဖြစ်ပြီး အလုပ်သမား လက်မှတ်ခကို သတ်မှတ်အချိုးတိုင်း ပေးချေရမည်ဖြစ်သည်။

(၁) နှစ်လက်မှတ်နှင့် (၉) လ လက်မှတ်နှစ်မျိုးသာ အလုပ်သမားကတ် ရရှိမည်ဖြစ်ပြီး ကျန် (၆) လနှင့် (၃) လ လက်မှတ်များမှာ ကတ်ပြားမရဘဲ ငွေသွင်းပြေစာသာ ကိုင်ဆောင်ခွင့်ရမည်ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူများ၏ လက်မှတ်သက်တမ်း တိုးရက်ကို ဇွန်လ (၁) ရက်မှ (၃၀) ရက်အထိ ပြုလုပ်ပေးပြီး မဲဆောက်ဆေးရုံတွင် သွေးစစ်ကာ အလုပ်သမား လက်မှတ်ကို မဲဆောက်အလုပ်သမားရုံးတွင် သက်တမ်းတိုးပေးလျက်ရှိသည

0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP