Tuesday 30 June 2009

ထိုင်းရဲအယောင်ဆောင်သူများကို သတိထားကြရန် ရောင်ခြည်ဦး မြန်မာအလုပ်သမားအဖွဲ့မှ နှိုးဆော်


NEJ / ၂ သြဂုတ် ၂၀၀၇
line


ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ထိုင်းရဲအယောင်ဆောင်ကာ မြန်မာအလုပ်သမား များနေသည့်ရပ်ကွက်နှင့် အိမ်များတွင် အကျပ်ကိုင်ခြိမ်းချောက် ငွေတောင်းယူမှုများနှင့် အခြား မသမာမှုများ မကြာခဏ ဖြစ်ပွားနေသောကြောင့် မြန်မာအလုပ်သမားများအနေဖြင့် သတိရှိကြရန် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၏ တာဝန်ခံ ဦးမိုးဆွေက ပြောသည်။

ယမန်နေ့က မဲဆောက်မြို့တွင် ရဲအယောင်ဆောင်သူတဦးကို ဒေသခံရဲမှ ဖမ်းဆီးရမိပြီး အဆိုပါ သတင်းအား မဲဆောက်အခြေစိုက် STV ရုပ်မြင်သံကြားလိုင်းမှ ထုတ်လွှင့်ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးမိုးဆွေက ပြောကြားခြင်းဖြစ်သည်။

၎င်းက “မြန်မာအလုပ်သမားတွေအနေနဲ့ လာရောက်စစ်ဆေးတဲ့သူကို အဖမ်းခံခြင်း၊ ပစ္စည်း
ပေးခြင်း၊ ငွေပေးခြင်းတွေ အရမ်းမလုပ်ဖို့လိုတယ်။ မလိုအပ်ပဲနဲ့ အရမ်းမကြောက်စေချင်ဘူး။ သက်ဆိုင်ရာအာဏာပိုင် ဟုတ်မဟုတ် အရင်မေးမြန်းဖို့လိုတယ်။ မဲဆောက်ရဲစခန်းကလည်း ပြောတယ်၊ ရဲဟုတ်မဟုတ်အရင်မေးပါ၊ မသင်္ကာတာရှိရင် ရဲစခန်းကိုအကြောင်းကြားပါလို့ ပြောထားတာရှိတယ်” ဟု ပြောသည်။

ယမန်နှစ်က ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ဝင်များ နေထိုင်သည့် အိမ်သို့ ရဲအယောင်ဆောင်
သူတဦးဝင်ရောက်လာပြီး လက်မှတ်စစ်ဆေးကာ အဖွဲ့ဝင်နှစ်ဦးအား အိမ်သာခန်း၌ ထည့်သွင်း သော့ခတ်လိုက်ပြီး အလုပ်သမားလက်မှတ်နှစ်ခုအား အမှိုက်ပုံးထဲပစ်ထည့်ကာ ယင်းအိမ်တွင်
ရှိသည့် အဖွဲ့ပိုင် ဗီဒီယိုကင်မရာအား ယူဆောင်သွားသည်။

အဆိုပါ ရဲအယောင်ဆောင်သူအား အခင်းဖြစ်ပွားပြီး တလခန့်တွင် မဲဆောက်မြို့၌ ပြန်တွေ့ခဲ့ရာ မြန်မာအလုပ်သမားများက ၀ိုင်းဖမ်းဆီးပြီး မဲဆောက်ရဲစခန်းသို့ အပ်နှံခဲ့သည်။

အလုပ်ရှင်က အလုပ်သမားများအား မူရင်းအလုပ်သမား လက်မှတ်ကို မပေးဘဲ မိတ္တူလက်မှတ်
ကိုသာ ကိုင်ဆောင်စေခြင်းသည် မသမာသူများအတွက် အခွင့်ကောင်းတရပ်ဖြစ်စေသည်ဟု မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့၏ တာဝန်ခံ ကိုမိုးကြိုးက
ပြောသည်။

“အခုဖြစ်နေတာက ထိုင်းစကားမတတ်တဲ့အပေါ် အရမ်းအကြောက်ကြီးနေတဲ့အပေါ်မှာ လုပ်သွား တာများတယ်။ မနှစ် စက်တင်ဘာကလည်း မယ်ကုရွာမှာရှိတဲ့ ဖုပိုသိုးမွှေးစက်ရုံမှာ မြန်မာအလုပ်
သမ (၃) ဦးကို ရဲအယောင်ဆောင်ပြီး ခေါ်သွားတဲ့ ဖြစ်ရပ်ဖြစ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

ယခင်လ၌ မဲဆောက်ဗလီအနီးရှိ အလှကုန်ပစ္စည်းရောင်းသည့်ဆိုင်မှ မြန်မာအလုပ်သမားတဦး
ဖြစ်သူ ကိုအောင်ထွန်းသည် ညဘက် Seven Eleven ဆိုင်သို့ ဈေးဝယ်သွားရာ လမ်းတွင် ထိုင်းရဲ ယောင်ဆောင်သူများက ကိုအောင်ထွန်းအား လက်မှတ်စစ်ဆေးပြီး ထုတ်ပြသည့် အလုပ်သမား လက်မှတ်ကို ဆုတ်ဖြဲကာ ၎င်းထံမှ လက်ကိုင်ဖုန်းနှင့် ငွေများယူသွားပြီး ၀ိုင်းရိုက်နှက်သဖြင့် ဦးခေါင်းနှင့် နောက်ကြောတွင် ဒဏ်ရာပြင်းထန်စွာရရှိသည်။

နောက်တနေ့တွင် ကိုအောင်ထွန်း၏ အလုပ်ရှင်အကူအညီဖြင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီး
နိုင်ပြီး ရိုက်နှက်မှု၊ ရဲအယောင်ဆောင်မှု၊ ပစ္စည်းလုယက်မှု စသည့် ဆွဲချက်များဖြင့် ရဲစခန်းတွင် အလုပ်ရှင်က အမှုဖွင့်ခဲ့သည်။

ထိုကဲ့သို့ မြန်မာအလုပ်သမားများသည် ရဲအယောင်ဆောင်များ၏ ခြိမ်းခြောက်ငွေညှစ်၊ လုယက်မှု
တို့ကို ခံနေရသဖြင့် ၎င်းတို့အနေဖြင့် ညအချိန်မတော် အပြင်မထွက်ဘဲ အသွားအလာဆင်ခြင်ရန် မဲဆောက်ရှိ ထိုင်းရှေ့နေတဦးက သတိပေးသည်။ ။

0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP