Saturday 31 July 2010

မြန်မာလုပ်သား ၇ဝ ကျော် ယာယီ ဖမ်းဆီးခံရ

ငြိမ်းချမ်း ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။     ။ ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့ ဝပ်တန်ကရောက် ဘန့်စောင်ကွဲ ၂ ရပ်ကွက်ရှိ စက်ရုံ ၃ ရုံမှ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ဦးရေ ၇ဝ ကျော်ကို ထိုင်းရဲက ယနေ့ ညနေပိုင်းတွင် ၃ နာရီခန့်အကြာ ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

မဲဆောက်-မြဝတီ နယ်စပ်ဂိတ် ပိတ်ထားသဖြင့် အဆိုပါ မပန်းသီး သိုးမွှေးစက်ရုံနှင့် မော်တာစက်ရုံ ၂ ရုံမှ မြန်မာလုပ်သား ၇ဝ ကျော်ကို စက်ရုံပိုင်ရှင်များထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
"အကုန်လုံး ပြန်လွတ်လာပြီ။ ဟိုဘက်ကမ်းက သွန်လို့မရဘူး ဖြစ်နေတယ်။ ဟိုဘက်ကမ်း ဂိတ်တွေ ပိတ်ထားတော့ ပုလိပ်နဲ့ အလုပ်ရှင်နဲ့ ညှိပြီး ပြန်လွတ်လာတာ။ စက်ရုံပိုင်ရှင်တွေလက်ထဲ ပြန်အပ်ပေးလိုက်တယ်။ ကားခ ဘတ် ၁၂ဝဝ ဆိုလား၊ ၁၅ဝဝ ဆိုလား ပေးလိုက်ရတယ်" ဟု မဲဆောက်တွင် အလုပ်သမားအရေး ကူညီနေသည့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုမျိုးဇော်က မဇ္ဈိမကို ပြောသည်။

နယ်စပ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားကာ နှစ်နိုင်ငံ နယ်စပ်မြို့များဖြစ်သည့် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန်မာဘက်မှ မြဝတီမြို့တို့ကို ဆက်သွယ်ထားသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဂိတ်ကို ယခုလ ၁၂ ရက်နေ့မှ စတင်ကာ မြန်မာဘက်က ပိတ်ထားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP