Thursday 2 July 2009

မလေးရှားနိုင်ငံ စမုံညင်းကန့်အတွင်း အကျဉ်းသားများဆူပူမှုဖြစ်ပွား

1.7.09 နေ့ညနေပိုင်းအချိန်မှစ၍ မလေးရှားနိုင်ငံ စမုံညင်းကန့်တွင်အကျဉ်းသားများ ဆူပူမှုဖြစ်ပွားပါသည်။ စမုံညင်းကန့်တွင် နိုင်ငံစုံအကျဉ်းသား (၂၀၀၀) ခန့်ရှိရာ တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးခံအကျဉ်းသား များဖြစ် သော မြန်မာလူမျိုး (၆၀၀) ခန့်ပါရှိပါသည်။ မြန်မာအကျဉ်းသားများသည် အကျဉ်းထောင်များတွင် ပစ်ဒဏ်ကျ ခံခဲ့ပြီး ပြစ်ဒဏ်ကာလလွန်မြောက်သော်လည်း နိုင်ငံသို့ပြန်မပို့ပဲ လပေါင်းကြာရှည်စွာ ဆက်လက်ထိန်းသိမ်းခံ ထားရသူများဖြစ်သည်။ UNHCR အထောက်အထားရှိသူတချို့လည်းပါရှိပြီး နိုင်ငံပြန်မပို့ခြင်းနှင့် UNHCR နှင့်တွေ့ဆုံမပေးခြင်းတို့ကြောင့် အစာငတ်ခံဆန္ဒပြခဲ့ကြသော်လည်း မလွတ်မြောက်ပဲ ရနေကြပါသည်။ ယနေ့လည်း စမုံညင်းကန့်အာဏာပိုင် လ၀က အရာရှိများက တစ် ဆောင်လျှင် ၁၅ ယောက်စီ UNHCR မှခေါ်ယူသည်ဟု လိမ်ညာခေါ်ထုတ်ပြီး ကန့်ပြောင်းရန်စီစဉ်သဖြင့် အကျဉ်းသားများက အဖြစ်မှန်သိသွားပြီး အဆောင်များထဲပြန်ပြေးဝင်လာကြကာ ဆူပူမှုများဖြစ်ပွားပါသည်။ ညနေအချိန်တွင် အခြေအနေ ပိုမိုဆိုးဝါး လာပြီး အဆောင်များပွင့်သွား၍ စစ်တပ်နှင့်ရဲများရောက်ရှိလာကာ ခြံစည်းရိုးအပြင်မှ နေရာယူထား ကြပါသည်။ တဖြည်းဖြည်း ပို၍ဆူပူလာပြီး အဆောင်လေးဆောင်လုံးပွင့်သွားချိန် ည ၈နာရီ ၃၀မိနစ်ခန့်တွင် စစ်တပ်မှ မိုးပေါ်ထောင်ပစ်ခြင်း မျက်ရည်ယိုဗုံးများပစ်သွင်းခြင်းတို့ပြုလုပ်သဖြင့် အဆောင်အတွင်းပြေးကြ လွှားကြယင်း ထိခိုက်ဒဏ်ရာများရရှိသည်အထိ ဆူပူအုံကြွနေကြောင်း သတင်းအတိအကျရရှိပါသည်။ ယခုလိုအကျဉ်းသား အခွင့်အရေးနှင့် လူ့ အခွင့်အရေးလုံးဝကင်းမဲ့နေရသော မြန်မာနိုင်ငံသားများအား ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေး ကြပါရန် အကျဉ်းသားများကိုယ်တိုင် အကူအညီတောင်းဆိုနေကြပါသည်။

http://www.minhtetnaing20.co.cc/မှ ကူးယူဖော်ပြပါသည်။

0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP