Tuesday 12 January 2010

လှိုင်းတိုပညာပေးရေဒီယို အစီအစဉ် မြန်မာကျောင်းသားများ အားပေး

.ရဲရင့် / ၁၂ ဇန်န၀ါရီ ၂၀၁၀
ရွှေ့ပြောင်းမြန်မာကျောင်းများရှိ ကျောင်းသူကျောင်းသားများအတွက် လူငယ်ပညာပေးဆိုင်ရာ အထွေထွေဗဟုသုတများ ပါရှိသည့် FM 99.75 လှိုင်းတို ရေဒီယိုလှိုင်းကို ရွှေ့ပြောင်းမြန်မာကျောင်းသားများ အထူးနှစ်သက်ကြကြောင်းသိရသည်။

အဆိုပါ ပညာပေးရေဒီယိုအစီအစဉ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်းရှိ မြန်မာရွှေ့ပြောင်း အထက်တန်းကျောင်းများမှ အောင်မြင်သွားသည့် မြန်မာကျောင်းသားလူငယ်များဖြင့် ယခုလဆန်း (၅) ရက်နေ့က စတင်ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

.
မဲဆောက်ရှိ ဆာသူးလေအထက်တန်းကျောင်းမှ ကျောင်းသူ မသင်းသင်းက “ဒီလိုင်းက မြန်မာ၊ ထိုင်း၊ ကရင်၊ ဘာသာတွေနဲ့ လွှင့်တော့ ကျောင်းသားတွေ အတော်ကြိုက်ကြတယ်။ လွှင့်ချိန်ကလည်း နေ့လယ် (၁၂) နာရီကနေ (၁) နာရီဆိုတော့ ထမင်းစားချိန်ဆိုတော့ နားထောင်ရတာ အဆင်ပြေတယ်။ အဓိကအထွေထွေဗဟုသုတ ပညာပေးကဏ္ဍပါလို့ဖြစ်တယ်”ဟု ပြောသည်။

စီဒီစီကျောင်းမှ အထက်တန်းကျောင်းသားတဦးဖြစ်သူ မောင်နိုင်က “ဒီလှိုင်းမှာ လွှင့်တာတွေက ကလေးအခွင့်အရေး၊ ပညာရေး၊ ကလေးအလုပ်သမားဆိုင်ရာတွေနဲ့ အခြေခံကျန်းမာရေး၊ ပညာရေး အစီအစဉ်တွေအပြင် ဖျော်ဖြေရေးကဏ္ဍတွေမှာလည်း တိုက်ရိုက်သီချင်းတောင်းဆိုနိုင်တဲ့ အစီအစဉ်တွေပါတယ်။ ဒါမျိုးက အရင်က တခါမှမရှိခဲ့ဘူး။ ဒါကြောင့် အားပေးမှု ရရှိတာဖြစ်တယ် ”ဟု ပြောသည်။

FM 99.75 လှိုင်းကို မဲဆောက်မြို့တွင် အခြေချ၍ မြို့ကိုဗဟိုပြု၍ ကီလိုမီတာ (၁၀၀) ပတ်လည်တွင် ဖမ်းယူရရှိနိုင်ပြီး မြန်မာဘက်ခြမ်း မြ၀တီမှ ကော့ကရိတ်မြို့အနီးထိ ဖမ်းယူရရှိနိုင်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ FM လှိုင်း၏ စီမံခန့်ခွဲမှု မန်နေဂျာ နော်ချောင်ခူးက “ဒီအသံလွှင့်အစီအစဉ်ကို မြန်မာရွှေ့ပြောင်းကျောင်းတွေက အောင်မြင်သွားတဲ့ ကလေးငယ်တွေကို သင်တန်းစေလွှတ်ပြီး ဒီအသံလွှင့်လုပ်ငန်းမှာ သူတို့ကို လက်တွေ့ပြန်အသုံးချခိုင်းတာ ဖြစ်ပါတယ်။ အသံလွှင့်အစီအစဉ်ကိုလည်း ဆက်လက်တိုးချဲ့ဖို့ ရှိပါတယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။

တပတ်လျှင် (၆) ရက်နှုန်းဖြင့် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တို့တွင် မြန်မာဘာသာ၊ ကြာသပတေး၊ သောကြာတွင် ကရင်ဘာသာ ဖြစ်ပြီး စနေနေ့တွင် ထိုင်းဘာသာဖြင့် နေစဉ်အသံလွှင့်လျက်ရှိပြီး အပတ်စဉ်ထုတ်လွှင့်မှုအစီအစဉ်များကို ဘာသာသုံးမျိုးဖြင့် တင်ဆက်ခြင်းဖြစ်သည်။

မဲဆောက်မြို့တွင် ယခုလဆန်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ကျောင်းသားလူငယ်များအတွက် FM ရေဒီယို အသံလွှင့်ရုံ (၂) ခု စတင်ထုတ်လွှင့်လျက်ရှိသည်။ ပထမဦးဆုံးဖွင့်လှစ်သည့်လိုင်းမှာ MAP ဖောင်ဒေးရှင်းအဖွဲ့၏ FM 102.5 Mhz ဖြစ်ပြီး ဒုတိယလိုင်းမှာ မဲခေါင်လူငယ်ကွန်ရက်မှတင်ဆက်သည့် FM 99.75 လိုင်းများဖြစ်သည်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ကလေးငယ်များအတွက် မဲဆောက်မြို့တွင် ယခုနှစ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတခုမှလည်း မြန်မာဘာသာဖြင့် FM လှိုင်းတိုထုတ်လွှင့်မှုတခုကို ထုတ်လွှင့်ရန်ရှိသည်ဟု သိရသည်။

0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP