မဘေ
မဘေဆိုတာက သူနာမည် အရင်းမဟုတ်ပါဘူး။ ကျွန်တော်တို့က ပေးထားတာ။ မြဝတီမြို့က သူငယ်ချင်းဖြစ်သူအဖေ မဲဆောက်ဆေးရုံကြီးမှာ တင်ထားတုန်းက ကျွန်တော်လူနာသွားစောင့်ရင်း မဘေနဲ့ သိခဲ့တာ။
သူယောကျာင်္းဖြစ်သူက သစ်ပင်ပေါ်က ပြုတ်ကျပြီး ၆ လ ကျော်လောက် မဲဆောက်ဆေးရုံကြီးမှာ တက်နေရတာ။ တစ်နေ့တစ်နေ့ ဆေးကုသလို့ ကုန်ကျငွေကို ဘောင်ချာစာရွက်နဲ့ ဆရာမတွေ လာပေးရင် ပိုက်ဆံမပေးဘဲ ၆ လကျော်လောက် ဘေစာရင်ထဲ ထည့်ထားပြီး ဆေးရုံတက်နေတာ။ ပိုက်ဆံမပေးနိုင်တော့ မျက်နှာငယ်နဲ့ ဆေးရုံတက်နေရတာ။ အဲဒါကြောင့် ကျွန်တော်တို့က သူကို မဘေ လို ချစ်စနိုးနဲ့ခေါ်တာ။
ကုန်ကုန်ပြောရရင် မဘေမှာ စားဖို့တောင် ပိုက်ဆံမရှိဘူး။ ကျောင်းသားဆေးခန်းက လူနာတစ်ယောက်ကို မဲဆောက်ဆေးရုံးမှာ တင်ထားတယ်။ အဲဒီလူနာစောင့် ကရင်မကြီးဆီမှာ ကပ်စားနေရတာ။ သူခများ ကြာတော့ မသွားစားရဲ့ဘူး။ ကရင်မကြီးက အတင်းခေါ်ကြွေးရတာ။ အဲဒီတုန်းက မဘေက ကျွန်တော်ကို
“ကျောင်းသားဆေးခန်းက ကရင်မကြီးသာ ပြန်သွားရင် ကျွန်မတော့် ထမင်းငတ်ပြီး အစ်ကို” တဲ့။
တစ်ခြာ လူနာရှင်တွေ လူနာလာကြည်ရင် သစ်သီးဝလံတွေ၊ အချိုရည်တွေ ဝယ်လာပြီး စားကြသောက်ကြတာ မြင်ရင် မဘေခမျာ လူကွယ်ရာမှာ မျက်ရည်လေးတွေ ကျိတ်ပြီးကျနေရတာ။ အရင်တုန်းက သူယောကျာင်္း စားချင်သောက်ချင်တဲ့ အခါကျရင် သူမိန်မကို ဝယ်ကြွေးခိုင်တတ်တယ်။ မဘေခများ ပိုက်ဆံမရှိတော့ ဘယ်လိုဝယ်ကြွေးရမှန်းတောင် မသိဘူးဖြစ်နေတယ်။
အဲဒီအခါကျရင် သူယောကျာင်္းက
“ နင်က ငါဒီလို ဘဝမျိုးရောက်လို့ မဝယ်ကြွေးချင်တာလာ” ဆိုပြီး အသံတောင်မထွက်နိုင် ပဲ ပါးစပ်လေးလုပ်ရုံနဲ့ မျက်ရည်တွေကျပြီး ပြောတာ။ သစ်ပင်ပေါ်က ပြုတ်ကျပြီး ကိုယ်တစ်ပိုင် သေသွားလို့ လည်ချောင်းကိုလည်း ဆေးရုံမှာ ခွဲထားပြီး ပိုက်တပ်ထားတော့ စကားပြောရင် အသံက ရှတတလေးဖြစ်နေတာ။
“ မဟုတ်ပါဘူး အစ်ကိုရယ်.. ကျွန်မမှာ ပိုက်ဆံတစ်ပြားမှ မရှိတာ ဘယ်လိုဝယ်ကြွေးရမှာလဲ” တစ်ခြားမိန်မတစ်ယောက်သာဆို အစ်ကိုကို ပစ်ပြီးပြေးတာ ကြာပြီး၊ ကျွန်မက အစ်ကိုကိုချစ်လိုသာ ဒီလိုနေနေတာ” ဆိုပြီး မဘေကပါ ပြောပြီးငိုပါလေရော။
နောက်ပိုင်း သူယောကျာင်္းလည်း မဘေကို ဘာမှမပြောဘူး၊ အခြေအနေတစ်ခုကို သူလည်းဘဘောပေါက်သွားတယ်။ အချိန်ရှိတိုင်း ကုတင်ပေါ်မှာ ယောကျားင်္ကြီးတန်မဲ့ မျက်ရည်တွေပဲ ကျနေတာ။ အရင်တုန်းက မဘေခများ စားဖို့တောင် မရှိလို ဆေးရုံးက လူနာစားလာပို့ရင် တစ်ဝက်ကို သူအတွက်သိမ်းထားပြီး စားခဲ့ရတာ။ သူယောကျာင်္မှ စားလိုမကုန်တာ။
မဘေတို့လင်မယားက မဲဆောက်မြို့ ၃၈ ရွှာက မျော့လူမျိုး သူဌေးတစ်ယောက်ဆီမှာ အလုပ်လုပ်နေတာ။ တစ်နေ့ သူဌေးအိမ်ဘေးနာက သူဌေးတစ်ယောက်က မဘေယောကျာင်္းကို ……..ပင်က အသီးတွေကို တက်ခုတ်ခိုင်းတာ။ ပိုက်ဆံမပေးပဲ အလကားခေါ်ခိုင်တာ။ ……….သီးတွေ ခုတ်ချလိုလည်းပြီးရော မဘေယောကျာင်္းလည်း ဓားမကြီးနဲ့ အတူ သစ်ပင်ပေါ်က ပြုတ်ကျလေရော။
အောက်လည်ရောက်ရော.. တစ်ကိုယ်လုံးနာကျင်ပြီး ထတောင်မနိုင်တော့ပါဘူး။
“ မိန်မရေး.. လာပါအုံး. “ ဆိုပြီး အော်ခေါ်တော့ မဘေလည်း ရောက်လာပါတယ်။ ဘာလုပ်လို ဘာကိုင်ရမှန်းတောင် မသိပါဘူး၊ ဒါနဲ့ သစ်ပင်တက်ခိုင်တဲ့ သူဌေးကို ဆေးရုံးပို့ဖို့ ပြောပါတယ်။ သူဌေကတော့ သဘောကောင်းရှာပါတယ်။ NO ပါပဲ..ကိုယ်ဘာသာကိုယ် ဆေးရုံသွားပါတဲ့။
“သူဌေး.. လုပ်ပါအုံး. ကျမယောကျာင်္း ဘာဖြစ်သွားမှန်မသိလိုပါ”
………………………………….
“ မယုံရင် သူအသားကို ဆူးနဲ့ ထိုကြည်ပါ. လုံးဝကို မနာဘူးဖြစ်နေတယ်”
……………………….
သူဌေးလည်း ဆူးနဲ့ ထိုးကြည်တယ်။ လုံးဝကို မနာကျင်ပါဘူး။
ဟုတ်တယ်။ မဘေယောကျာင်္းက သူဘာဖြစ်သွားမှန်းမသိဘူးဆိုပြီး မဘေကိုပြောတာ။ မဘေလည်း သူယောကျာင်္း အသားကို ကိုင်ကြည်တယ်။ လက်သဲနဲ့ ဖြည်းဖြည်းဆိတ်ကြည်တယ်။ မနာပါဘူး။ တအားကြည်ဆိတ်ကြည်တယ် ။မနာပါဘူး။
ဆူဆူညံညံ အသံတွေကြောင့် မဘေတို့ သူဌေးရောက်လာပါတယ်။ သူဌေးချင်း စကားပြောကြတယ် ။ နောက်ဆုံး သစ်ပင်တက်ခိုင်းတဲ့ မျှော့သူဌေးလည်း မဘေတို့ သူဌေးကို အားနာလို ထင်ပါရဲ့။ ဘတ် ၂၀၀ ထုတ်ပေးတယ်။ သူဌေးဆိုတဲ့ လူပေးတဲ့ ဘတ် ၂၀၀ ကို မဘေ မယူပါဘူး။ သူ့ယောကျာင်္းကိုပဲ ဆေးရုံပို့ဖို့၊ ကုပေးဖို့သာ ပြောပါတယ်။
အဲဒီသူဌေးက ကိုယ်ဘာသာဆေးခန်းသွားဆိုပြီး ဆိုင်ကယ်မောင်းထွက်သွားပါတယ်။ မဘေယောကျာင်္းခုတ်ချပေးတဲ့ …….. သီးတွေကို အချိန်မလွန်ခင် မဲဆောက်ဈေးမှာ ရောင်းဖို့ဖောင်သည်သွားပေးရမယ်လေ။
နောက်ဆုံး မဘေတို့ သူဌေးကပဲ သူ့တူကို ဆေးခန်းပို့ပေးဖို့ ခိုင်လိုက်ပါတယ်။ အဲဒီဆေးခန်းက ဆေးကုပေးပါတယ် ။နောက်ဆုံးမနိုင်လို မဲဆောက်ဆေးရုံးကြီးကို ပို့ခိုင်းလိုက်ပါတယ်။ ကျော်ရိုးမကြီးကျိုးသွားတယ် ။ အောက်တပိုင်းသေ သလိုဖြစ်သွားတယ်။ ဦးနှောက်ထဲ သွေးတွေ ဝင်သွားတယ်။ ဝင်လိုက်ရတဲ့ ခွဲစိပ်ခန်း၊ ခွဲလိုက်ရတဲ့ အခွဲ။ ၃ လလောက်ကြာသွားတယ်။ နောက်တော့ သက်သာပြီးဆိုပြီး ပြန်ခိုင်းတယ် ။ ကုန်ကျစရိတ်တွေကိုဆေးရုံက တောင်းတာပေါ့။
ဒီကြာထဲ မဘေက သူအလုပ်လုပ်တဲ့ ရွာတဲ့ ပြန်ပြီး သူယောကျာင်္းကို တာဝန်ယူကုပေးဖို့ သူဌေးကို ပြောပါတယ်။ သူဌေးက မလုပ်ပေးပါဘူး။ သစ်ပင်တက်ခုတ်ခိုင်းတဲ့ သူဌေးကို ပြောပါတယ်။ သူဌေးက မလုပ်ပေးပါဘူး။
ရွာသူကြီးကို တိုင်ပါတယ်။ ရွာသူကြီးလည် ကူညီပေးမယ် ပြောပြီး မကူပေးပါဘူး။
“ တစ်ရွာလုံးက သူတို့မျှော့လူမျိုးတွေကြီးပဲလေ။ သူတို့ ဘယ်ကူညီပေးပါ့မလဲ၊ သူတို့ကို ကြောက်ရတယ်။ မထင်ရင် မထင်သလို မြန်မာ အလုပ်သမားတွေကို သတ်တယ်” ဟု မဘေကပြောသည်။
ဆေးရုံက ဆင်းခါနီး မဘေယောကျာင်္းရဲ့ အမေ ဆီ ဖုန်းဆက်ပါတယ် ။ မဘေ ယောက္ခမလည်း ရောက်လာပါတယ်။ သူ့သားမဲဆောက်မှာ သေပြီးထင်လို့ သူတို့ ရွာက သာရေးနာရေးအသင်းက ပိုက်ဆံ မြန်မာငွေ ကျပ် နှစ်သိန်း ပါထည့်ပေးလိုက်ပါတယ်။ မဘေတို့ မိသားစုက ရွာက သာရေးနာရေးအသင်းမှာဝင်ထားတာလေ။ ဒီရောက်တော့ သူ့သားက မသေသေးပါဘူ။
ရွာကို ဖုန်းဆက်ပြီး မဘေယောကျာင်္း မသေတဲ့ အကြောင်း ဖုန်းဆက်လိုက်ပါတယ် ။ မဘေယောက္ခမ ယူသွားတဲ့ ပိုက်ဆံကို ပြန်ပေးဖို့ သာရေးနာရေးအသင်းက ပြန်တောင်းပါတယ် ။ အဲဒီမှာတင် အမှုဖြစ်သွားတယ်။ လိမ်လည်မှုလေ။ ၂ လ အတွင်း အမှုဖြစ်တဲ့ ပိုက်ဆံတွေကို ပြန်ပေးမယ်ဆိုပြီးတော့ မဘေတို့ ဘကြီးကို ရွာက လှည်းတွေ၊နွားတွေ ရောင်းပြီး ဆပ်ခိုင်းထားလိုက်တယ်။
ကုန်ကျစရိတ်ကို မျက်ရည်လေးထိုးခံပြီး ရှိသလောက်လေးပေးပြီး ဆေးရုံးက ဆင်းခဲ့တယ်။ ဆေးရုံးက ဆင်းပြီးသိပ်မကြာပါဘူး၊ မဘေယောကျာင်္း မသက်သာလို့ ဆေးခန်းကို သွားပြပါတယ်။ ဆေးခန်းကလည်း မနိုင်လို့ တစ်ခါ မဲဆောက်ဆေးရုံမှာ ပို့လိုက်ပြန်ပါတယ် ။
အဲဒီမှာမှ တစ်ကယ် မဘေစစ်စစ် ဖြစ်သွားတာပါပဲ။ နေစဉ်ကုန်ကျစရိတ်ကို ပေးဖို့ကလည်း ပိုက်ဆံမရှိ၊ စားဖို့ကလည်းမရှိ ဖြစ်ပြီး နေစဉ်လာသမျှ ဆေးရုံတက်ခငွေကို ဘေစာရင်ထဲပဲ ထည့်ထားပြီး ဆေးရုံက ဆင်းမှပဲ ပေးမယ့်လို လိမ်ပြီးပြောထားရတဲ့ဘဝ….
ဆေးရုံက ဆရာမတွေလည်း မဘေအခြေအနေကို သိပါတယ်။ ပိုက်ဆံမပေးနိုင်တဲ့ လူနာတစ်ယောက်ကို ကြည်ကြည်ဖြူဖြူ ဘယ်လုပ်ပေးပါမလဲ။ တာဝန်ကျေလောက်ပဲ လုပ်ပေးပါတယ်။ ဆရာမတိုင်းတော့ မဟုတ်ပါဘူး၊ ကြင်နာတတ်တဲ့ ဆရာမတွေလည်း ရှိပါတယ်။ တစ်ည သူယောကျားင်္ ၁၂ နာရီလောက်မှာ လည်းချောင်းထဲက ချွဲတွေကြပ်ပြီး အသက်ရှုကြပ်ပါလေရော။ အမြဲတမ်း ဖြစ်နေကြ၊ ဆရာမတွေက စက်နဲ့ အချွဲတွေကို လာထုတ်ပေးနေကြပါ။ အဲဒီညတော့ တာဝန်ကျတဲ့ ဆရာမက သွားခေါ်တာတောင် လုံးဝမလာတော့ပါဘူး။ နောက်ဆုံးတော့ မဘေကိုယ်တိုင်ပဲ အဲဒီအချွဲတွေ ပါးစပ်နဲ့ စုပ်ထုတ်ပေးလိုက်ပါတယ်။ အဲဒါမှ သူယောကျာင်္းလည်း သက်သာသွားပါတယ်။
မဘေက သူ့အကြောင်းလေးတွေကို ကျွန်တော်တို့ကို ဝမ်းနည်းစွာနဲ့ပြောပြီး လွမ်းမောရီဝေတဲ့ မျက်နှာလေးနဲ့ အဝေးတစ်နေရာကို ကြည်နေပါတယ်။ ခဏကြာတော့ သူယောကျာင်္းကို စိတ်မချလို့ “ ခဏနော် အစ်ကို ကျွန်မ အစ်ကို ကို သွားကြည်လိုက်အုံးမယ် “ ဆိုပြီး အပြေးကလေး ထွက်သွားပါတယ်။
ကျွန်တော်တို့လည်း ဆေးရုံမှာ တစ်ပတ်လောက်ကြာသွားတယ်။ ဆေးရုံက ဆင်းတဲ့နေ့ကျတော့ မဘေကို နှုတ်ဆက်ပါတယ်။ မဘေစိတ်မကောင်းပါဘူး၊ အဲဒီနေ့မှာပဲ မဘေ အမျိုးတွေ လာပါတယ်။
“ ညည်း အမေ့က ရွာကနေ့ပြီး လူကြုံရှိလို့ ပို့လိုက်တာ။ ဘတ် ၁၀၀၀ ပဲ ရတယ်” ဆိုပြီး ပိုက်ဆံပေးပါတယ်။ အမျိုးတွေလည်း ကောင်းရှာပါတယ်။ ပြီးတော့ “ တို့ပြန်ဖို့ လမ်းစရိတ်လေးပေးပါအုံး…” ဆိုပြီး။ သူ့တို့ လာပေးတဲ့ အတွက် လမ်းစရိတ် ဘတ်၂၀၀ ပြန်တောင်းသွားပါတယ်။ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး၊ သူ့ကို နှုတ်ဆက်ပြီး ကျွန်တော်တို့တွေ မဲဆောက်ဆေးရုံက ဆင်းခဲ့ပါတယ်။
တစ်နေ့ ကျွန်တော် မဲဆောက်မြို့ကနေ မြဝတီကို ရောက်သွားတော့ သူငယ်ချင်းဖြစ်သူက
“ကိုစောရေ. .မဲဆောက်ပြန်ရောက်ရင် မဘေကို သွားကြည်လိုက်ပါအုံး” တဲ့
အဲဒါမှ ကျွန်တော် မဘေကို သတိရမိသွားတယ်။ ဟုတ်တာပေါ့.. ။ မဘေတစ်ယောက် ဆေးရုံမှာ ဘယ်လိုနေထိုင်၊ စားသောက်နေရပြီလဲ၊ သူကို ထမင်းကျွေးနေတဲ့ ကရင်မကြီးကော မဘေထက်အရင် ဆေးရုံက ဆင်းသွားပြီလား။ ဆရာမတွေကော ပိုက်ဆံမရှိတဲ့ မဘေကို ဘယ်လို ဆက်ဆံနေပြီလဲ.. . မဘေယောက္ခမကော ရွာမှာ အကြွေးတွေ ပြန်ဆပ်နိုင်ပြီးလာ၊ စတဲ့ အတွေးများစွာကို မဘေအတွက်ရင်မောစွာ တွေးရင်းဖြစ်…………..
အယ်ကဟော (သိပ်မကြာသေးခင်က ဖြစ်ရပ်မှန်လေး တစ်ခုကို ခံစားရေးဖွဲ့ထားတာပါ)

0 comments:
ကက က်က Post a Comment