Monday 7 December 2009

မြန်မာရေ႟ွှ့ပြောင်းစာသင်ကျောင်းများ တရားဝင်တည်ထောင်ခွင့် ထိုင်းအစိုးရ ကြေညာဖွယ်ရှိ

02-12-2009

ထိုင်းမြန်မာနယ်စပ်တလျှောက်က မြန်မာ ရေ႟ွှ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေကို အစိုးရအသိအမှတ်ပြု စာသင်ကျောင်းတွေအဖြစ် ထိုင်းပညာရေးဌာနက မကြာခင် ကြေညာနိုင်တယ်လို့ သိရပါတယ်။ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က ရေ႟ွှ့ပြောင်းအလုပ်သမားစာသင်ကျောင်းတခုမှာ သင်ကြားပေးနေတဲ့ ဦးသီဟမောင်မောင်က အခုလို ပြောပြပါတယ်။

ဦးသီဟမောင်မောင်။ ။ “ကျွန်တော်တို့ ဒီ migrant ကျောင်းတွေအတွက် တရားဝင်အနေနဲ့ ဖွင့်ခွင့်ပေးဖို့ ထိုင်းပညာရေးဌာနက စီစဉ်ဆောင်႟ရွက်နေတယ်။ တရားဝင်ဖြစ်ဖို့ ဆောင်ရ႟ွက်နေတယ် ဆိုတဲ့သတင်း ကျွန်တော်တို့ ကြားရတယ်။ လပိုင်းအတွင်းလောက်ကို သူတို့ ထုတ်ပြန်လိမ့်မယ်လို့ ကျွန်တော်တို့ သတင်းတော့ ကြားရပါတယ်။”
BMWEC ခေါ် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီ ရဲ့ အဆိုအရ ထိုင်းမြန်မာ နယ်စပ်တလျှောက် မြန်မာအလုပ်သမားတွေရဲ့ သားသမီးတွေ ပညာသင်ကြားရာ စာသင်ကျောင်း ပေါင်း ၆၀ လောက်ရှိတယ်လို့ သိရပါတယ်။ အခုလောလောဆယ်မှာ အဲဒီကျောင်းတွေကို ထိုင်းအစိုးရက နိုင်ငံတော်လုံခြုံရေးအတွက် စာရင်းကောက်ယူထားတဲ့ သဘောမျိုးသာ ရှိနေသေး ပြီး ထိုင်းကျောင်းတွေနဲ့ ပညာရေးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်နိုင်မှု မရှိသလောက် ဖြစ်နေသေးတယ်လို့ ဦးသီဟမောင်မောင်က ပြောပါတယ်။ ဒီကျောင်းတွေကို အစိုးရအသိအမှတ်ပြု ကျောင်း တွေအဖြစ် တရားဝင် ဆောင်ရ႟ွက်ရေးအတွက် ထိုင်းအာဏာပိုင်တွေဘက်က စဉ်းစားနေတာ အတော်ကြာပြီ ဖြစ်ပါတယ်။ အခုတော့ မကြာခင် ဖြစ်လာနိုင်ခြေရှိနေပြီလို့ ကြားသိရတဲ့အတွက်ေ႟ရွှ့ပြောင်း စာသင်ကျောင်းတွေ အတွက် အားတက်စရာဖြစ်ရကြောင်း ဦးသီဟမောင်မောင်က ပြောပါတယ်။

ဦးသီဟမောင်မောင်။ ။ “အဲဒီကျရင်တော့ အသေးစိတ်အချက်အလက်တွေ ဥပမာ၊ ကျောင်းတည်ထောင်ဖို့အတွက်ကို ဘယ်လိုပုဂ္ဂိုလ်မျိုးတွေက အာမခံပေးရမယ်၊ ကျောင်းရဲ့ အင်္ဂါရပ်တွေက ဘယ်လို အင်္ဂါရပ်တွေ ဖြစ်ရမယ်၊ သူတို့ ထိုင်းကျောင်းတွေမှာ ဆိုလို့ရှိရင် အခြေခံအားဖြင့် ကျောင်းတကျောင်း ဖြစ်ပြီဆိုရင် ကျောင်းမှာ အားကစားကွင်းရှိရမယ်၊ အဆောင်တွေ ရှိရမယ်၊ ကျန်းမာရေးအတွက် စီစဉ်ဆောင်ရ႟ွက်တာတွေ၊ ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေ ဆရာ၊ဆရာမအင်အားတွေ အဲဒါတွေကအစ သူတို့ ပြန်တမ်းထုတ်ပါလိမ့်မယ်ခင်ဗျ။”

အဲဒီလိုကျောင်းတကျောင်းရဲ့ အဂါင်္ရပ်တွေ ပြည့်စုံအောင် ဆောင်ရွက်ရမှာမို့ ထိုင်းအစိုးရ ဘက်က အသိအမှတ်ပြုလိုက်ပြီ ဆိုရင်တောင် အဆင့်မီကျောင်းတကျောင်း ဖြစ်လာအောင် အတော်အချိန်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အခုလို အသိအမှတ်ပြု ကျောင်းမျိုး ဖြစ်လာမဲ့ ကိစ္စဟာ ရေ႟ွှ့ပြောင်းစာသင်ကျောင်းတွေအတွက် အားတက်စရာကိစ္စပါပဲလို့ ဦးသီဟမောင်မောင်က ပြောပါတယ်။

ဦးသီဟမောင်မောင်။ ။ “ကျွန်တော်တို့ ဒီ migrant ကျောင်းတွေအတွက် စိတ်ပိုင်းဆိုင်ရာအရ ဝမ်းသာစရာ အနေနဲ့ပေါ့၊ ဒီက ကလေးတွေအနေနဲ့ ပညာသင်တဲ့အခါမှာလည်း အေးအေးချမ်းချမ်း သင်လာနိုင်တဲ့အနေအထားမျိုးတော့ သူတို့ရဲ့ ပြောကြားချက်အရဆိုရင်တော့ တွေ့နေရပြီခင်ဗျ။”


အခုလက်ရှိရွှေ့ပြောင်း စာသင်ကျောင်းတွေမှာ မူလတန်းကနေ ၁၀ တန်းအထိ မြန်မာနိုင်ငံက ပုံစံအတိုင်းပဲ သင်ကြားပေးနေပြီး ထိုင်းဘာသာကို မသင်မနေရ ထည့်သွင်းထားပါတယ်။ ဒီကျောင်း တွေကနေ ၁၀ တန်း အောင်သွားပြီးတဲ့ ကျောင်းသားတွေထဲမှာ ကောလိပ်တက္ကသိုလ် ဆက်တက် နိုင်သူ နည်းပါးနေပါသေးတယ်။ အခုတော့ GCE လို တက္ကသိုလ်ဝင်ခွင့် သင်တန်းမျိုးတွေ စတင် ဖွင့်လှစ်တဲ့နေရာတွေ ရှိလာနေပြီလို့ သိရပါတယ်။


0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP