Showing posts with label ယာယီနိုင်ငံကူး လက်မှတ်သတင်း. Show all posts
Showing posts with label ယာယီနိုင်ငံကူး လက်မှတ်သတင်း. Show all posts

Sunday, 17 October 2010

ဆန္ဒပြ မြန်မာအလုပ်သမား ၃၀၀ ကျော် မဲဆောက်သို့ ရောက်


.ဘစောတင် Saturday, October 16, 2010
ထိုင်း-လာအိုနယ်စပ် Khong Kean မြို့ရှိ Dechapanich ငါးဖမ်း ပိုက်ကွန် စက်ရုံတွင် အလုပ်ရှင်၏ မတရားမှုကို မကျေနပ်သဖြင့် ၁ လကျော် ဆန္ဒပြနေ ခဲ့ကြသော မြန်မာ အလုပ်သမားထဲမှ ၃၆၉ ဦးသည် ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့သို့ ရောက်ရှိလာကြကြောင်း သတင်းရရှိသည်။



မိမိတို့၏ လုပ်ခများနှင့် ယာယီနိုင်ငံကူးလက်မှတ် အပါအ၀င် စာရွက်စာတမ်းများ ပြန်လည်ရရှိရေးအတွက် စက်တင်ဘာလ ၇ ရက်နေ့မှ စတင်၍ အလုပ်သမား ၉၀၀ ကျော် ဆန္ဒပြခဲ့ကြသည်။
.ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက “သူတို့ကို အလုပ်ရှင်က ယာယီနိုင်ငံကူးလက်မှတ်တွေ၊ ဘာတွေတော့ ပြန်ထုတ်ပေးတယ်။ ဒါပေမယ့် အလုပ်ထွက်စာတို့ ဘာတို့တော့ မပေးဘူး။ ပြီးတော့ အလုပ်ရှင်က အလုပ်သမားရုံးမှာ ဒီအလုပ်သမားတွေကို အလုပ်ထုတ်ပစ်လိုက်ပြီဆိုပြီး ပြောလိုက်ပြီ။ ဒါကြောင့် ဒီအလုပ်သမားတွေမှာ အလုပ်ရှင်သူဌေးမရှိဘဲ ဖြစ်သွားပြီ။ ဒါကြောင့် အလုပ်သစ်ရှာဖို့ မဲဆောက်ကို ပြန်ဆင်းလာကြတယ်။ ဒီကနေ အလုပ်သစ် ပြန်ရှာကြမယ်ပေါ့” ဟု ပြောသည်။

အဆိုပါ အလုပ်သမားများသည် ယနေ့နံနက်ပိုင်းတွင် မဲဆောက်မြို့ မယ်တော်ရွာရှိ ဘုန်းကြီးကျောင်းတွင် ခေတ္တတည်းခိုကြပြီးနောက် ယခုအခါ ထိုင်းနယ်ခြားစောင့်တပ်များက ခေါ်ယူထားသည်ဟု သိရသည်။

အလုပ်သမား ကိုယ်စားလှယ် တဦးဖြစ်သူ ကိုအောင်တင့်က “ကျနော်တို့အားလုံး အခု မယ်တော်ဘုန်းကြီးကျောင်းထဲကနေ နယ်ခြားစောင့်တပ်ဝင်းထဲကို ပြောင်းသွားကြပြီ။ ဒီနေရာက ကျနော်တို့ အတွက် ပိုလုံခြုံမှု ရှိတယ်လို့ပြောပါတယ်။ အခုထိတော့ အေးဆေးပါပဲ” ဟု ဆိုသည်။

အလုပ်ရှင်က စက်ရုံမှ ထွက်ခွာကြမှသာ ယာယီနိုင်ငံကူးလက်မှတ်များနှင့် လုပ်ခငွေများကို ပေးမည်ဟု ပြောသဖြင့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အလုပ်သမား ၅၀၀ ကျော် စက်ရုံမှ ထွက်ခွာကာ Khong Kean မြို့ရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် တည နေခဲ့ကြကြောင်း သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဘဏ်ကတ်မှတဆင့် အလုပ်ရှင်က အလုပ်သမားများသို့ ငွေလွှဲပေးသော်လည်း အပြည့်အဝ မရရှိကြောင်း အလုပ်သမားအရေးတွင် ကူညီဆောင်ရွက်ပေးနေသူ MAP ဖောင်ဒေးရှင်းမှ မမိုင်က ပြောသည်။

“အစက သူဌေးက လစာငွေတွေကို တဦးချင်းစီ စာအိတ်နဲ့ ဝေပေးမယ်လို့ ပြောလို့ စောင့်ကြတယ်။ နောက်တော့ စာအိတ်နဲ့ မဝေတော့ဘူး။ ဘဏ်ကတ်ထဲကိုပဲ လွှဲပေးမယ်လို့ ဖြစ်ပြန်ရော။ ဘဏ်ကတ်ကို စစ်ကြည့်တော့ တချို့မှာ ၁ ထောင်လောက် ကွာနေတယ်။ တချို့ မှာ ၅၀၀ လောက် ကွာနေတာကို တွေ့ရတယ်။ အလုပ်သမားတွေ အနေနဲ့လည်း ဒီမှာဆက်နေရင် ပိုပြီး အခက်အခဲတွေနဲ့ တိုးမှာကိုမြင်လို့  မဲဆောက်ကို ဆင်းခဲ့ကြတယ်။ တချို့လည်း ကိုယ့်အဆက်အသွယ်နဲ့ကိုယ် မဟာချိုင်တို့ ဘာတို့ကို သွားကြတာရှိတယ်” ဟု ဆိုသည်။

ဆန္ဒပြ အလုပ်သမားများအနက် တချို့က အဆက်အသွယ်ရှာ၍ အလုပ်ပြောင်းသွားကြကြောင်း၊ ယခု အလုပ်သမားများ မဲဆောက်သို့ ပြန်လာနိုင်ရန် MAP ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးကြောင်းဟု သိရသည်။

ယခု အလုပ်သမားများ ဆန္ဒပြတောင်းဆိုရာတွင် NGO များ ပါဝင်လာသဖြင့် ပိုမိုရှုပ်ထွေးလာခြင်းဖြစ်သည်ဟု အလုပ်ရှင်က စွပ်စွဲကြောင်း၊ ထို့ကြောင့် အောက်တိုဘာ ၁၃ ရက်နေ့က အလုပ်သမားများနှင့် အလုပ်ရှင်တို့ ညှိနှိုင်းဖြေရှင်းရန် ကြိုးစားသောအခါ အလုပ်ရှင်က မည်သည့် NGO အဖွဲ့ဝင်ကိုမှ စက်ရုံတွင်းသို့ ၀င်ခွင့်မပေးနိုင်ဟု ပြောကြောင်း သိရသည်။

အလုပ်သမားများသည် စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြသဖြင့် ၀င်ငွေမရှိခြင်းကြောင့် စားဝတ်နေရေး ခက်ခဲလာခြင်း၊ အလုပ်ရှင်က ထုတ်ပစ်လိုက်ပြီဖြစ်သဖြင့် ရဲက ဖမ်းကာ အန္တရာယ်ပေးနိုင်ခြင်းအပြင် သူဌေးလူယုံများဖြစ်သော မြန်မာလုံခြုံရေးများ၏ ရန်ကိုပါ စိုးရိမ်သဖြင့် မဲဆောက်ကို ဆင်းလာကြခြင်းဖြစ်သည်ဟု သိရသည်။

အလုပ်သမား ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းဦးက “ဒီမှာ မြန်မာပြည်သားအချင်းချင်း နှိပ်ကွပ်ဖို့ခန့်ထားတဲ့ လုံခြုံရေးတွေ ရှိတယ်။ သူတို့က ကိုယ့်နိုင်ငံသားအချင်းချင်း ခဏခဏ ဒုက္ခပေးတယ်။ သူတို့ အရိုက်ခံရလို့ ခေါင်းကွဲတာ၊ ကျိုးတာပဲ့တာ မနည်းတော့ဘူး။ သတ်ပစ်ဖို့ဆိုပြီး အလုပ်ခံရတဲ့ လူတယောက် ရှိဖူးတယ်။ သူ့နာမည်က စိုးပိုင်။ သူက မသေဘဲ လွတ်သွားတယ်” ဟု ပြောသည်။

အလုပ်ရှင်သူဌေး၏ လူယုံ လုံခြုံရေးအဖွဲ့ ခေါင်းဆောင်သည် မွန်ပြည်နယ် သထုံသားဟု ကိုထွန်းဦးက ဆိုသည်။

ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများကို ယာယီ နိုင်ငံသားလက်မှတ် ပြုလုပ်ရန် စီစဉ်ပေးပြီးနောက် ထိုင်းအလုပ်ရှင်နှင့် မြန်မာ အလုပ်သမားများအကြား ယခု ပြဿနာမှာ အကြီးဆုံး ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသား အလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်း အထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့ များ၏ အဆိုအရ သိရသည်။
အပြည့်အစုံသို့ >>

Saturday, 9 October 2010

ယာယီပတ်စပို့လုပ်ပြီး ပြန်လာသူများ ကားမှောက် ဒဏ်ရာရ

.မြတ်ခိုင်ဦး / ၀၇ အောက်တိုဘာ ၂၀၁၀

ယနေ့နံနက်(၈) နာရီ၌ ရနောင်းမှ ယာယီနိုင်ငံကူးလက်မှတ် လုပ်၍ပြန်လာသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တင်ဆောင်လာသည့် မှန်လုံကား (၁) စီး တိမ်းမှောက်ခဲ့ရာ အလုပ်သမားများ ထိခိုက်ဒဏ်ရာ ရရှိသွားကြသည်။

ယမန်နေ့ည (၁၀) နာရီခန့်က အလုပ်သမားများအား တင်ဆောင်၍ ရနောင်းမြို့မှ ထွက်ခွာလာသော အဆိုပါ မှန်လုံကားသည် မဟာချိုင်အနီးရှိ မဲ့ဂလောင်ဒေသတွင် ကားဘီးပေါက်၍ တိမ်းမှောက်သွားခြင်းဖြစ်သည်။

ကားပေါ်ပါလာသူ အလုပ်သမား (၄၀) ခန့်မှ လူ (၁၃) ဦးခန့်သည် ယခုအခါတွင် မဲ့ဂလောင်ရှိ မူဆမ်ခမ် ဆေးရုံတွင် ဆေးဝါးကုသနေရကြောင်း ဒဏ်ရာရရှိသူ မဟာချိုင် အနုဆောင် အအေးခန်းလုပ်သား ကိုအောင်နိုင်ဝင်း (၂၇) နှစ်၏ အစ်ကိုဖြစ်သူ ကိုအောင်လှိုင်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။
.၎င်းက “ကျနော့်ညီက ကားဘယ်ဘက်အခြမ်းမှာ ထိုင်လာတာ၊ ကားက ဒုန်းခနဲဆို ဘီးပေါက်ပြီး မှောက်တာတဲ့၊ သူ့ညာဘက်လက်က သွေးကြောတွေ ထိသွားလို့ (၁၀) ချက် ချုပ်လိုက်ရတယ်။ ပြီးတော့ မျက်နှာတွေ၊ ခေါင်းတွေ ဟိုနည်းနည်း ဒီနည်းနည်း ထိသွားတယ်။ ကျနော်က မဟာချိုင်ကနေ လာပြီး သူ့ကို ဆေးရုံပြောင်းတင်မယ် ပြောတော့ ဆရာမတွေက ပြောတယ်။ ဒဏ်ရာပြင်းသေးတယ် မခေါ်နဲ့ဦး၊ ဟိုကြရင် ကိုယ်ပဲပိုက်ဆံ ပေးရမယ်။ အခုက ကားသမားဆီက ပိုက်ဆံတောင်းမယ်လို့ ပြောတော့ မခေါ်ဖြစ်တော့ဘူး” ဟု ဆိုသည်။

ကိုအောင်နိုင်ဝင်းကဲ့သို့ ဒဏ်ရာပြင်းထန်သူ (၁၃) ဦးခန့် ရှိကြောင်းလည်း ဆရာမများက ပြောဆိုသည်ဟု ၎င်းက ပြောသည်။

ကားပေါ်တွင်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ မဟာချိုင်ဒေသရှိ လုပ်ငန်းမျိုးစုံတွင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး ရနောင်းမြို့တွင် ရုံးခန်းဖွင့်လှစ်ထားကာ ယာယီပတ်စပို့တာဝန်ယူ လုပ်ကိုင်သော (NITIPON) နိတိပွန်ကုမ္ပဏီ၏ ကြားခံပွဲစားများအစီအစဉ်ဖြင့် ယာယီပတ်စပို့ သွားရောက် လုပ်ကိုင်လာသူများ ဖြစ်ကြသည်။

ရနောင်းမြို့ရှိ နိတိပွန်ကုမ္ပဏီမှ တာဝန်ခံတဦးဖြစ်သူ ဖိကေ့စ်က “မဟာချိုင်နား မရောက်ခင် စမုတ်စွန်ကရာန်မှာ ဖြစ်တာပါ။ ဒဏ်ရာရတဲ့ သူကတော့ ဆေးရုံမေးကြည့်မှ ရပါမယ်။ ကျနော်တို့ အသေးစိတ် မသိလို့ပါ။ ကားမှာက ပကန် (အာမခံ) ရှိတဲ့ အတွက် သူတို့ အားလုံးတာဝန်ယူပါမယ်” ဟု ခေတ်ပြိုင်သို့ ပြောဆိုသည်။
အပြည့်အစုံသို့ >>

.မြတ်ခိုင်ဦး / ၀၁ အောက်တိုဘာ ၂၀၁၀

ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက တရားဝင် ထပ်မံမှတ်ပုံတင်ခွင့်ပြုမည့် အစီအစဉ်ကို အလုပ်သမားရေး လုပ်ဆောင်နေသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများက ကြိုဆိုလိုက်သည်။

ယင်းသို့ကြိုဆိုလိုက်သည့်အပြင် အလုပ်သမားများအား မှီခိုနေထိုင်သူများ၏ အခွင့်အရေးများကိုလည်း အကာအကွယ်ပေးရန် တောင်းဆိုလိုက်သည်။

ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသော စုပေါင်းအဖွဲ့အစည်းများ၊ ထိုင်းအလုပ်သမားသမဂ္ဂများ၊ ကျန်းမာရေးပညာရေး လုပ်ဆောင်နေသော လူမှုအဖွဲ့အစည်းများက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်ကာ ထိုင်းအစိုးရအား တောင်းဆိုချက်များကို တောင်းဆိုခဲ့သည်။
.ကြေညာချက်တွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် စီမံခန့်ခွဲရေး ထိုင်းအစိုးရက ရေရှည်မူဝါဒတခု ချမှတ်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးမှုတွင် ဥပဒေအရ အမှန်ဖြစ်စေမည့် ဆောင်ရွက်မှုကို အကောင်အထည်ဖော်စေလိုကြောင်း၊ မူဝါဒဆိုင်ရာတိုးတက်မှု လုပ်ငန်းစဉ်တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလုပ်သမားရေးရာ အဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအလုပ်သမားများ စသည့်သူများ ပါဝင်သော ကျယ်ပြန့်စွာဆောင်ရွက်နိုင်မှု ရှိရန်လိုအပ်ကြောင်း တောင်းဆိုထားသည့်အပြင် ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခွင့်ပြုခြင်းကို အသစ်ပြန်လည် ဖွင့်လှစ်ပေးသည့်အတွက် ထောက်ခံကြိုဆိုကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့်ပတ်သက်၍ တိတိကျကျ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် ဗဟိုအဖွဲ့အစည်းတခုကို ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း သို့မှသာ ဥပဒေ အသက်ဝင်လာနိုင်ပြီး ဖြစ်ပေါ်နေသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး ချိုးဖောက်နေမှုများအား ကိုင်တွယ်သွားနိုင်မည်ဖြစ်ကြောင်း ထောက်ပြထားသည်။ ထိုသို့လုပ်ဆောင်ရာတွင် အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုလည်းလိုကြောင်း ပါရှိသည်။

ယခင်အစဉ်အဆက် ပြုလုပ်လာခဲ့သော မှတ်ပုံတင်ခြင်းအစီအစဉ်များ၏ အားနည်းချက်များကို ထောက်ပြထားပြီး ယခုဖွင့်လှစ်မည့် အစီအစဉ်ကို (၆) လကြာ လုပ်ဆောင်ပေးရန်နှင့် အလုပ်သမားများအား အလုပ်ရှင် ရှိရှိ မရှိရှိ မှတ်ပုံတင်ခွင့်ပြုစေပြီး ထိုလုပ်သားများအား (၃) လအတွင်း အလုပ်ရှင် ရှာဖွေခွင့်ပြုရန်လည်း တိုက်တွန်းထားသည်။ ထိုင်းအစိုးရက ထိုင်းနိုင်ငံတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်မှတ်ပုံတင်ခွင့် ပြုခဲ့သည်မှာ ၂၀၀၄ ခုနှစ်မှစ၍ ယမန်နှစ် သြဂုတ်လ အပါအ၀င် (၇) ကြိမ် ခွင့်ပြုခဲ့ပြီးဖြစ်သည်။

လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ အတိုင်ပင်ခံအရာရှိ အန်ဒီဟောလ်က ထိုင်းအစိုးရသည် လက်မှတ်အသစ်ဖွင့်ပေးသည့် အစီအစဉ်ကောင်းကို မလွဲမသွေပြုလုပ်လိမ့်မည်ဟု ယူဆကြောင်း၊ သို့သော် ယခုအစီအစဉ်တွင် ယခင်က စနစ်မကျမှုများကြောင့် ဖြစ်ပေါ်ခဲ့ကာ တိုးပွားလာနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှောင်လွဲနိုင်မည့် ရေရှည်စီမံကိန်းတခုကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြောကြားသည်။

၎င်းက “တကယ်လို့ တုံ့ပြန်မှုမရခဲ့ရင်တော့ ထိုင်းစီးပွားရေး အကျိုးအမြတ်အတွက် ရွှေ့ပြောင်းအလုပ်သမားတွေက ဘယ်လိုပေးဆပ်နေတယ်ဆိုတာကို ပိုမိုအသိအမှတ်ပြုလာအောင် ဆောင်ရွက်ရပါမယ်။ ကုလသမဂ္ဂနဲ့ ILO တို့ရဲ့ နည်းစနစ်တွေကို အသုံးပြုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖွင့်ချရပါလိမ့်မယ်။ ဒီချိုးဖောက်မှုတွေကို တုံ့ပြန်ဖို့အတွက် အလုပ်သမားတွေဟာ စုစည်းပြီး သူတို့စွမ်းအားကို အသုံးချရပါလိမ့်မယ်။ ကျနော်တို့ ခွန်ခန်းမှာ မြင်တွေ့ခဲ့ရသလိုပေါ့” ဟု ပြောကြားသည်။

ပြီးခဲ့သည့်လအတွင်း၌ ခွန်ခန်းရှိ ငါးဖမ်းပိုက်စက်ရုံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီပတ်စပို့စ်နှင့် အလုပ်သမားကတ်များအား စက်ရုံတာဝန်ရှိသူများက အလွဲသုံးစားပြုခဲ့မှုအတွက် အလုပ်သမားများက တပတ်ကြာဆန္ဒပြခဲ့ရာ နောက်ဆုံးတွင် လုပ်ငန်းရှင်က အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောခဲ့ရသည်။

လက်မှတ်အသစ်ဖွင့်ပေးခြင်းကို ယခုနှစ်မကုန်ခင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မြန်မာအာဏာပိုင်များကလည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအစီအစဉ်အတွက် ကျန်ရှိသော မြဝတီနှင့် တာချီလိတ်တို့မှ ရုံးများကို ထိုင်းဘက်အခြမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ပေးရန် ဆန္ဒရှိကြောင်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန ဒါရိုက်တာ ခွန်ဂျီရာဆက်က စက်တင်ဘာ (၂၈) ရက်၌ တရားဝင်ပြောဆိုခဲ့သည်။
အပြည့်အစုံသို့ >>

မှတ်ပုံတင်အသစ် ဖွင့်ပေးမှုကို အလုပ်သမားရေးအဖွဲ့များ ကြိုဆို

.မြတ်ခိုင်ဦး / ၀၁ အောက်တိုဘာ ၂၀၁၀

ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက တရားဝင် ထပ်မံမှတ်ပုံတင်ခွင့်ပြုမည့် အစီအစဉ်ကို အလုပ်သမားရေး လုပ်ဆောင်နေသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများက ကြိုဆိုလိုက်သည်။

ယင်းသို့ကြိုဆိုလိုက်သည့်အပြင် အလုပ်သမားများအား မှီခိုနေထိုင်သူများ၏ အခွင့်အရေးများကိုလည်း အကာအကွယ်ပေးရန် တောင်းဆိုလိုက်သည်။

ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသော စုပေါင်းအဖွဲ့အစည်းများ၊ ထိုင်းအလုပ်သမားသမဂ္ဂများ၊ ကျန်းမာရေးပညာရေး လုပ်ဆောင်နေသော လူမှုအဖွဲ့အစည်းများက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်ကာ ထိုင်းအစိုးရအား တောင်းဆိုချက်များကို တောင်းဆိုခဲ့သည်။
.ကြေညာချက်တွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် စီမံခန့်ခွဲရေး ထိုင်းအစိုးရက ရေရှည်မူဝါဒတခု ချမှတ်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးမှုတွင် ဥပဒေအရ အမှန်ဖြစ်စေမည့် ဆောင်ရွက်မှုကို အကောင်အထည်ဖော်စေလိုကြောင်း၊ မူဝါဒဆိုင်ရာတိုးတက်မှု လုပ်ငန်းစဉ်တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလုပ်သမားရေးရာ အဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအလုပ်သမားများ စသည့်သူများ ပါဝင်သော ကျယ်ပြန့်စွာဆောင်ရွက်နိုင်မှု ရှိရန်လိုအပ်ကြောင်း တောင်းဆိုထားသည့်အပြင် ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခွင့်ပြုခြင်းကို အသစ်ပြန်လည် ဖွင့်လှစ်ပေးသည့်အတွက် ထောက်ခံကြိုဆိုကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့်ပတ်သက်၍ တိတိကျကျ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် ဗဟိုအဖွဲ့အစည်းတခုကို ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း သို့မှသာ ဥပဒေ အသက်ဝင်လာနိုင်ပြီး ဖြစ်ပေါ်နေသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး ချိုးဖောက်နေမှုများအား ကိုင်တွယ်သွားနိုင်မည်ဖြစ်ကြောင်း ထောက်ပြထားသည်။ ထိုသို့လုပ်ဆောင်ရာတွင် အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုလည်းလိုကြောင်း ပါရှိသည်။

ယခင်အစဉ်အဆက် ပြုလုပ်လာခဲ့သော မှတ်ပုံတင်ခြင်းအစီအစဉ်များ၏ အားနည်းချက်များကို ထောက်ပြထားပြီး ယခုဖွင့်လှစ်မည့် အစီအစဉ်ကို (၆) လကြာ လုပ်ဆောင်ပေးရန်နှင့် အလုပ်သမားများအား အလုပ်ရှင် ရှိရှိ မရှိရှိ မှတ်ပုံတင်ခွင့်ပြုစေပြီး ထိုလုပ်သားများအား (၃) လအတွင်း အလုပ်ရှင် ရှာဖွေခွင့်ပြုရန်လည်း တိုက်တွန်းထားသည်။ ထိုင်းအစိုးရက ထိုင်းနိုင်ငံတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်မှတ်ပုံတင်ခွင့် ပြုခဲ့သည်မှာ ၂၀၀၄ ခုနှစ်မှစ၍ ယမန်နှစ် သြဂုတ်လ အပါအ၀င် (၇) ကြိမ် ခွင့်ပြုခဲ့ပြီးဖြစ်သည်။

လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ အတိုင်ပင်ခံအရာရှိ အန်ဒီဟောလ်က ထိုင်းအစိုးရသည် လက်မှတ်အသစ်ဖွင့်ပေးသည့် အစီအစဉ်ကောင်းကို မလွဲမသွေပြုလုပ်လိမ့်မည်ဟု ယူဆကြောင်း၊ သို့သော် ယခုအစီအစဉ်တွင် ယခင်က စနစ်မကျမှုများကြောင့် ဖြစ်ပေါ်ခဲ့ကာ တိုးပွားလာနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှောင်လွဲနိုင်မည့် ရေရှည်စီမံကိန်းတခုကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြောကြားသည်။

၎င်းက “တကယ်လို့ တုံ့ပြန်မှုမရခဲ့ရင်တော့ ထိုင်းစီးပွားရေး အကျိုးအမြတ်အတွက် ရွှေ့ပြောင်းအလုပ်သမားတွေက ဘယ်လိုပေးဆပ်နေတယ်ဆိုတာကို ပိုမိုအသိအမှတ်ပြုလာအောင် ဆောင်ရွက်ရပါမယ်။ ကုလသမဂ္ဂနဲ့ ILO တို့ရဲ့ နည်းစနစ်တွေကို အသုံးပြုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖွင့်ချရပါလိမ့်မယ်။ ဒီချိုးဖောက်မှုတွေကို တုံ့ပြန်ဖို့အတွက် အလုပ်သမားတွေဟာ စုစည်းပြီး သူတို့စွမ်းအားကို အသုံးချရပါလိမ့်မယ်။ ကျနော်တို့ ခွန်ခန်းမှာ မြင်တွေ့ခဲ့ရသလိုပေါ့” ဟု ပြောကြားသည်။

ပြီးခဲ့သည့်လအတွင်း၌ ခွန်ခန်းရှိ ငါးဖမ်းပိုက်စက်ရုံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီပတ်စပို့စ်နှင့် အလုပ်သမားကတ်များအား စက်ရုံတာဝန်ရှိသူများက အလွဲသုံးစားပြုခဲ့မှုအတွက် အလုပ်သမားများက တပတ်ကြာဆန္ဒပြခဲ့ရာ နောက်ဆုံးတွင် လုပ်ငန်းရှင်က အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောခဲ့ရသည်။

လက်မှတ်အသစ်ဖွင့်ပေးခြင်းကို ယခုနှစ်မကုန်ခင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မြန်မာအာဏာပိုင်များကလည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအစီအစဉ်အတွက် ကျန်ရှိသော မြဝတီနှင့် တာချီလိတ်တို့မှ ရုံးများကို ထိုင်းဘက်အခြမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ပေးရန် ဆန္ဒရှိကြောင်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန ဒါရိုက်တာ ခွန်ဂျီရာဆက်က စက်တင်ဘာ (၂၈) ရက်၌ တရားဝင်ပြောဆိုခဲ့သည်။
အပြည့်အစုံသို့ >>

လက်မှတ်အသစ် လုပ်ပေးမည်ဟု ဝန်ကြီးပြောဆို

.မြတ်ခိုင်ဦး / ၂၇ စက်တင်ဘာ ၂၀၁၀

အလုပ်သမားမှတ်ပုံတင် လက်မှတ်မရှိသေးသည့် ရွှေ့ပြောင်းအလုပ်သမားများအား မှတ်ပုံတင်လုပ်ပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက စက်တင်ဘာ (၂၃) ရက်တွင် ပြုလုပ်သည့် ထိုင်းအလုပ်သမားဝန်ကြီးဌာန အစည်းအဝေး၌ ပြောကြားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြပါရှိသည်။

အဆိုပါ ပြောကြားချက်နှင့်ပတ်သက်၍ ရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသော နိုင်ငံတကာအဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက “လုပ်မယ်ဆိုရင် နိုဝင်ဘာလ ကက်ဘိနက် အစည်းအဝေးမှာ တင်ပြရမှာပါ။ ဒီမတိုင်ခင်တော့ အလုပ်သမားဝန်ကြီးဌာန အထက်မှာရှိတဲ့ အလုပ်သမားစီမံခန့်ခွဲရေး ကော်မတီကို တင်ပြရပါမယ်။ ကော်မတီက သဘောတူခွင့်ပြုရင် ကက်ဘိနက်ကလည်း သဘောတူမှာပါ” ဟု ပြောဆိုသည်။
.အလုပ်သမားမှတ်ပုံတင် လက်မှတ်အသစ် ပြုလုပ်ပေးမည်ဆိုလျှင် ယခင်ဘတ်လက်မှတ်ကို သက်တမ်းဆက်ထားပြီး ယာယီနိုင်ငံကူးလက်မှတ် ရရှိရန် စောင့်ဆိုင်းနေရသူများကိုလည်း လာမည့်ဖေဖော်ဝါရီတွင် အလုပ်လုပ်ခွင့် ဘတ်လက်မှတ် သက်တမ်း ထပ်မံတိုးပေးရမည် ဖြစ်ကြောင်းလည်း အဆိုပါအရာရှိမှ ပြောကြားသည်။

ထိုင်းနိုင်ငံတွင်းတွင် ရွှေ့ပြောင်းအလုပ်သမားဦးရေ (၂) သန်းခန့်ရှိမည်ဟု အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့များက ခန့်မှန်းထားကြသည်။ သို့သော် ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် အလုပ်သမားလက်မှတ် သက်တမ်းဆက်ထားသော ဦးရေမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား (၃) နိုင်ငံလုံးမှ (၁,၀၄၂,၂၄၂) ဦးသာ ရှိပြီး ထိုအထဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၈၃၃,၀၁၃) ဦး ပါဝင်သည်။

ထို (၃) နိုင်ငံလုံးမှ ဘတ်လက်မှတ် သက်တမ်းမဆက်သူပေါင်းမှာ (၂၇၃,၆၉၀) ဦးရှိသည့်အတွက် ထိုသူများအား ဇွန်လ (၂) ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ထိုင်းဝန်ကြီးချုပ်အမိန့်ဖြင့် လိုက်လံဖမ်းဆီးနေမှုများလည်း နိုင်ငံတဝှမ်းလုံးတွင် ဖြစ်ပေါ်နေသည်။

စက်တင်ဘာ (၂၂) ရက်စွဲဖြင့် ထုတ်ပြန်သော ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) ၏ သတင်းထုတ် ပြန်ချက်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ယာယီပတ်စပို့ ထုတ်ပေးပြီးသည်မှာ ဇူလိုင်လ (၂၅) ရက်နေ့အထိ (၁၄၂,၃၃၈) ဦးသာရှိသေးကြောင်း သိရှိရသည်။ သို့အတွက် ဆက်လက်၍ စောင့်ဆိုင်းနေသူပေါင်းမှာ (၆၉၀,၆၇၅) ဦးရှိနေသေးသည်ဟု ပါရှိသည်။

နှစ်နိုင်ငံအစိုးရများမှ ယာယီပတ်စပို့ ထုတ်ပေးမှု လုပ်ငန်းစဉ်ကို၂၀၁၂ ခုနှစ်တွင် အပြီးသတ်စေရမည်ဟု မကြာသေးမီက တရားဝင် ပြောကြားခဲ့သေးသော်လည်း သတ်မှတ်ချိန်အတွင်း ပြီးစီးရန်မဖြစ်နိုင်ဟု အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့များမှ ယူဆနေကြသည်။

နှစ်နိုင်ငံ သဘောထူစာချွန်လွှာအရ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို နယ်စပ်ဒေသများမှသာ ယာယီပတ်စပို့ဖြင့် တရားဝင်ခေါ်ယူမည်ဟုဆိုကာ ယမန်နှစ်မှစ၍ နိုင်ငံသားစိစစ်မှုလုပ်ငန်းကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်းမြို့တို့တွင် ပတ်စပို့ထုတ်ပေးရေးရုံးများ ဖွင့်လှစ်ကာ ပြုလုပ်လာခဲ့သည်။ ထို့အပြင် မိုးရာသီတွင် သွားလာရေးအဆင်ပြေရန်ဟု ဆိုကာ မြန်မာဘက်ခြမ်းရှိ ရုံးကို ထိုင်းနိုင်ငံဘက်အခြမ်းရှိ ရနောင်းမြို့သို့ ယခုနှစ် ဇူလိုင်လဆန်းမှစ၍ ပြောင်းရွှေ့ဖွင့်လှစ် လုပ်ကိုင်ပေးခဲ့သည်။

ဤအတောအတွင်း အဆိုပါ ရနောင်းမြို့ရှိ ယာယီပတ်စပို့စ် ထုတ်ပေးရေးရုံးကိုလည်း စက်တင်ဘာလကုန်တွင် ပိတ်သိမ်းကာ အောက်တိုဘာလဆန်းမှစတင်၍ မြန်မာနိုင်ငံဘက်အခြမ်း၊ ကော့သောင်မြို့သို့ ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်မည် ဆိုသည့် အတည်မပြုနိုင်သော ကောလာဟလများ ထွက်ပေါ်နေသည်။

ယာယီပတ်စပို့လုပ်ငန်း လုပ်ဆောင်နေသူ နေလကမ္ဘာ (SUN MOON WORLD) ကုမ္ပဏီမှ တာဝန်ခံတဦးကမူ “သူတို့သက်တမ်း ဆက်တိုးပေးထားတယ်လို့ စနေနေ့က ကျနော်တို့သွားတော့ ပြောတယ်” ဟု ဆိုသည်။

၎င်းက “ကျနော်တို့ (၃) လပိုင်းကတည်းက စလုပ်လာတာ (၄၀၀) ကျော် ပြီးစီးခဲ့ပါပြီ။ ဒီဘက်မှာ လုပ်တာ တနေ့ လူ (၈၀၀-၉၀၀) လောက်ပြီးတယ်။ ဟိုဘက်ရွှေ့သွားရင် တနေ့ကို (၃၀၀) လောက်ပဲ ပြီးမယ်ထင်တယ်” ဟု ဆိုသည်။

သို့သော် ရနောင်းပတ်စပို့ရုံးတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းတဦးက အတည်ပြု ပြောကြားရာတွင် “မပိတ်သေးဘူး၊ (၁၀) လပိုင်းကုန်လောက်မှ ပိတ်မယ်လို့ပြောတယ်။ ကျနော်တောင် (၂၈) ရက်နေ့ ထပ်သွားရမယ်။ ဒီအပတ်ဆို လုပ်ပေးတာ (၄,၀၀၀) ပြည့်တော့မယ်” ဟု ဆိုသည်။
အပြည့်အစုံသို့ >>

ထိုင်း ငါးဖမ်းပိုက်ကွန် စက်ရုံ အလုပ်သမားများ ဆန္ဒပြ


.ဘစောတင် Friday, October 08, 2010
မြောက်ပိုင်း လာအိုနယ်စပ် Khong Kean မြို့ရှိ Dechapanich ငါးဖမ်း ပိုက်ကွန် စက်ရုံတွင် မြန်မာ အလုပ် သမား ၉၀၀ ကျော်နှင့် အလုပ်ရှင်အကြား လုပ်ခလစာ အပါအ၀င် ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး ပြဿနာ ဖြစ်၍ အလုပ်သမား ဆန္ဒပြမှု ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
.အဆိုပါစက်ရုံမှ တာဝန်ရှိသူများက အလုပ်သမား ၆ ဦး၏ အလုပ်လုပ်ခွင့် ကတ်ပြား(Work Parmit)ရှိ ဓာတ်ပုံ များကို ပြောင်းလဲပစ်ခြင်း၊ ယာယီနိုင်ငံကူး လက်မှတ်၌ ပါရှိသော ဗီဇာ စာရွက်တွင် CANCEL ဟူသော စာကို ရေးသား ထား ခြင်းကြောင့် မကျေမနပ်ဖြစ်မှုမှ စတင်ကာ အလုပ်သမားများက စက်တင်ဘာလ ၇ ရက်နေ့မှ ၁၄ ရက်နေ့ အထိ တောင်းဆို ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း အလုပ်သမား ကိုယ်စားလှယ် တဦးက ပြောပြသည်။

တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးပြီးနောက် အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောရန် အလုပ်ရှင် က ကတိပြုခဲ့သော်လည်း လုပ်ခလစာနှင့် စာရွက်စာတမ်းများကို စက်ရုံတွင် ထုတ်ပေးခြင်းမရှိဘဲ ထိုင်း လူဝင်မှု ကြီး ကြပ်ရေးရုံးတွင် ထုတ်ယူရန် အောက်တိုဘာလ ၆ ရက်နေ့က ကြေညာချက် ထုတ်ရာမှ ဆန္ဒပြမှု ပြန်လည်ဖြစ်ပွားခဲ့ ကြောင်း အလုပ်သမားများ အရေး ဆောင်ရွက်ပေးနေသော MAP Foundation မှ မမိုင်က ပြောသည်။

“အလုပ်ရှင်က အလုပ်သမား ၅၆၉ ယောက်ကို အလုပ်ထွက်ခိုင်းနေတယ်။ ဒါပေမယ့် အလုပ်သမားတွေရမယ့် လုပ်ခ ကိုလည်း မရှင်းပေးတော့ အလုပ်သမားတွေက ထွက်လို့မဖြစ်ဘူး။ နောက်တခုက လုပ်ခကို လ၀က ရုံးမှာ သွားယူ ရမယ် လို့ စာကပ်တယ်။ ဒါကတော့ ထိုင်း အလုပ်သမား ဥပဒေနဲ့ မညီဘူးလေ။ ဥပဒေ အရက လုပ်ခလစာကို ကိုယ် လုပ်တဲ့ အလုပ်ရုံမှာ ထုတ်ရမှာ။ ဒါကြောင့် အခြေအနေက တင်းမာနေတယ်”ဟု ပြောသည်။

ထို့အပြင် အလုပ်ရှင်ဘက်မှ လုပ်ခလစာများ ထုတ်ပေးခြင်းမရှိဘဲ အလုပ်မသားများကို အောက်တိုဘာလ ၇ ရက်နေ့ နောက်ဆုံးထားပြီး စက်ရုံမှ ထွက်ခွာရန်၊ မထွက်ခွာလျှင် ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း နှစ်ကြိမ် စာကပ် သည် ဟုလည်း သိရသည်။

“စက်ရုံက ကျနော်တို့ကို အမျိုးမျိုး ခြိမ်းခြောက်တာပဲ။ ဒါပေမယ့် ကျနော်တို့လစာတွေ ကျနော်တို့ ယာယီပတ်စ်ပို့ အပါ အ၀င် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရပိုင်ခွင့်တွေကို မရသရွေ့ ကျနော်တို့ အားလုံး ဒီစက်ရုံက မခွာဖို့ ဆုံးဖြတ်ထား ပါတယ်”ဟု အလုပ်သမား ကိုယ်စားလှယ် ကိုမြင့်မောင်က ပြောသည်။

“လ၀က ရုံးမှာ ကျနော်တို့ စာရွက်စာတမ်းတွေ လခတွေကို သွားထုတ်ပါဆိုတာက ကျနော်တို့ကို တပတ်လှည့်နဲ့ လုပ်တာလို့ ကျနော်တို့ ယူဆတယ်။ ရုံးကိုရောက်တာနဲ့  လ၀ကက ကျနော်တို့ကို အဆင့်သင့်ဖမ်းမယ်ဆိုရင် ဖမ်းနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

အလုပ်ရှင်ဘက်မှ ယာယီနိုင်ငံကူးလက်မှတ်များကို လူစေ့မထုတ်ပေးခြင်း။ လုပ်ခများကို ပြည့်ပြည့်၀၀ မပေးခြင်းတို့ ကြောင့် ယာယီ နိုင်ငံကူး လက်မှတ် ပြန်လည်ရရှိထားသူ အလုပ်သမား ၅၆၉ ဦးက စက်တင်ဘာလ ၂၅ ရက်နေ့တွင် အလုပ် ထွက်စာတင်ခဲ့ကြသည်ဟုလည် ကိုမြင့်မောင်က ဆိုသည်။

ယင်းစက်ရုံတွင် ယာယီ နိုင်ငံကူးလက်မှတ်ရှိသူ မြန်မာအလုပ်သမား ၉၃၈ ဦးရှိပြီး ၃၆၉ ဦးမှာ ယာယီ နိုင်ငံကူး လက် မှတ် ပြန်ရခြင်း မရှိသေးကြောင်း သိရသည်။

အလုပ်သမားများမှာ စက်တင်ဘာလဆန်းက ဆန္ဒမပြမီအထိ နေ့စဉ် နံနက် ရှစ်နာရီမှ ည ရှစ်နာရီအထိ အလုပ်ဆင်းရ ကာ တရက် လုပ်အားခ ၁၇၀ ဘတ်ရရှိခဲ့ကြောင်း၊ ဆန္ဒပြပြီးနောက် နံနက် ၈နာရီမှ အလုပ်စ၀င်ကာ ညနေ ၅ နာရီတွင် အလုပ်ပြီးဆုံးပြီး တရက် လျှင် ၁၅၇ ဘတ်ရရှိကြောင်း၊ ယခု ဆန္ဒပြ အလုပ်သမားများသည် အလုပ်ရှင်ထံမှ ပျမ်းမျှ တဦး လျှင် ဘတ် ၄၀၀၀ ခန့်ရရှိရန် ကျန်နေသေးကြောင်း ကိုမြင့်မောင်က ပြောဆိုသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက“အခု လက်ရှိအနေအထားကတော့ အလုပ်ရှင်က ပတ်စ်ပို့ စာအုပ် ပြန်ထုတ်ပေးတာမှာ အိမ်ထောင်ရှင်တွေ ပါတယ် လေ။ တချို့ မိသားစုမှာ ယောက်ျားတွေက ရပြီ။ မိန်းမက မရဘူး။ မိန်းမက ရတယ်။ ယောက်ျားက မရသေးဘူး ဆိုတာ မျိုး ဖြစ်နေတယ်။ ဒါကြောင့် ပတ်စ်ပို့ အကုန်လုံးကို ထုတ်ပေးဖို့နဲ့ လစာကို ပြည့်ပြည့်၀၀ ဒီစက်ရုံထဲမှာပဲ ထုတ်ပေးဖို့ တောင်းဆိုနေကြတယ်။ စိုးရိမ်စရာ တချက်ရှိတာက တော့ အလုပ်ရှင်က အလုပ်သမားရုံးမှာ ဒီ အလုပ်သမားတွေကို အလုပ်ထုတ်ထားပြီးပြီဆိုတာ ကြိုတင်တိုင်ထားပြီး ၇ ရက် မြောက်သွားရင် အလုပ်ရှင်မဲ့ အလုပ်သမားတွေအဖြစ် ဖမ်းလို့ ရတဲ့ ဥပဒေ တခုရှိတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသား အလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်း အထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့ များ၏ အဆိုအရ သိရသည်။

အပြည့်အစုံသို့ >>

Monday, 30 August 2010

နိုင်ငံသားစိစစ်မှု အစီအစဉ်သစ် ဖွင့်လှစ်ရန် တောင်းဆို

.မြတ်ခိုင်ဦး / ၂၇ သြဂုတ် ၂၀၁၀(ခေတ်ပြိုင်)

ထိုင်းအစိုးရ ပြုလုပ်နေသော နိုင်ငံတွင်းရှိ ရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အား အချိန်ကာလတိုးမြှင့် သတ်မှတ်ပေးရန် ထိုင်းနိုင်ငံရှိ အလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။
.မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံသားစိစစ်မှုပြုရေး လုပ်ငန်းစဉ်အတွက် လျှောက်လွှာတင်သွင်းရမည့်ရက်ကို ထိုင်းအစိုးရက ယခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်နေ့ နောက်ဆုံးထား သတ်မှတ်ခဲ့သည်။

သို့သော် အခက်အခဲအမျိုးမျိုးကြောင့် လျှောက်လွှာတင်သွင်းမှု မလုပ်နိုင်သေးသည့် ရွှေ့ပြောင်း အလုပ်သမားဦးရေ (၁) သန်းကျော် ရှိနေသေးသည့်အတွက် ထိုသူများလည်း နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်အတွင်း ပါဝင်လာနိုင်ရေး အချိန်တိုးမြှင့်ပေးရန် ဘန်ကောက်မြို့ အစိုးရဌာနရုံးတွင် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့၌ ကျင်းပသောအစည်းအဝေးတွင် တင်ပြတောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မတီ၊ ထိုင်းအစိုးရ အလုပ်သမားရေးရာ ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ထိုင်းနိုင်ငံအတွင်း အလုပ်သမားအရေး လုပ်ဆောင်နေသော NGOs အဖွဲ့အစည်းများ၊ အလုပ်သမား သမဂ္ဂများအပါအဝင် လူပေါင်း (၁၀၀) ကျော်တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးမှ သတင်းထုတ်ပြန်ချက်တွင် ပထမအချက်အနေဖြင့် နိုင်ငံသားစိစစ်မှု ပြုလုပ်ရေး (ဘတ်လက်မှတ်အသစ် ဖွင့်လှစ်ပေးရေး) အချိန်ကာလကို ပိုမိုတိုးမြှင့်သတ်မှတ်ပေးရန်၊ ထို့အတွက် ရွှေ့ပြောင်းအလုပ်သမားများသည် မိမိနိုင်ငံအတွင်း ပြန်၍ နိုင်ငံသားစိစစ်မှု ခံယူခြင်း မပြုလုပ်ရန်၊ အဘယ်ကြောင့်ဆိုသော် ထိုအလုပ်သမားများ၏ ဘဝလုံခြုံရေးနှင့် ၎င်းတို့၏ လုပ်အားကို အားကိုးအားထား ပြုနေရသော စီးပွားရေးလုပ်ငန်းများ ကမောက်ကမ မဖြစ်စေရေးတို့အတွက်ဖြစ်ကြောင်း တောင်းဆိုထားသည်။

ဒုတိယအချက်တွင် နိုင်ငံသားစိစစ်ရေးလုပ်ငန်း လုပ်ဆောင်နေသော ပွဲစားကုမ္ပဏီများအား ထိန်းချုပ်ပေးသွားရန် တောင်းဆိုထားသည်။ ထို့အတွက် ရွှေ့ပြောင်း အလုပ်သမားများထံမှ အကျိုးအမြတ် ရယူနေသူများကို တားမြစ်ပေးသွားရန်၊ သတ်မှတ်နှုန်းထားထက် ပိုမိုယူ၍ လုပ်ဆောင်နေသော ပွဲစားကုမ္ပဏီများအား တရားဝင်အရေးယူရန်၊ ရွှေ့ပြောင်းအလုပ်သမားများ တိုင်တန်းနိုင်မည့် နေရာသတ်မှတ်ပေးရန်နှင့် စာရင်းမှတ်တမ်းများကို အလုပ်သမားဝန်ကြီးဌာန လက်အောက်တွင်သာ ထားရှိရန် ပါဝင်သည်။

တတိယအချက်တွင် ထိုင်းအစိုးရအနေဖြင့် မြန်မာအစိုးရနှင့် ပိုမိုထိရောက်သည့် ဆက်ဆံရေး အကောင်အထည်ဖော်ဆောင်ရန် တောင်းဆိုထားသည်။ ထို့အတွက် လွယ်ကူသော နိုင်ငံသားစိစစ်မှု လုပ်ငန်းဖြစ်လာစေရေးအတွက် အချိန်နှင့် ငွေကုန်ကြေးကျ သက်သာပြီး ဘေးကင်းလုံခြုံမှုရှိလာမည် ဖြစ်သည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပိုမိုပါဝင် လုပ်ဆောင်လာမည်ဟု တင်ပြထားသည်။

စတုတ္ထအချက်တွင် အစိုးရ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများ စုပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမားများ နားလည်လွယ်သော ဘာသာစကားဖြင့် သတင်းအချက်အလက်များကို အလုပ်သမားထုအတွင်း ဖြန့်ဝေပေးသွားရန် ပါဝင်သည်။

ပဉ္စမအချက်တွင် အစိုးရအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဤနိုင်ငံသားစိစစ်မှုပြုရေး လုပ်ငန်းစဉ်တွင် သက်ဆိုင်သူ အားလုံးပါဝင်ကာ ငြိမ်းချမ်းသောနည်းဖြင့် ပြဿနာအားလုံးကို ဖြေရှင်းသွားရန်လိုကြောင်း တောင်းဆိုထားသည်။

ထို့အပြင် တရားဝင် ခွင့်ပြုချက်ရရှိထားသော ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်ရှင်အပြောင်းအလဲ အပါအဝင် မသမာသူတို့၏ ခေါင်းပုံဖြတ်မှုမှ အကာအကွယ်ရရှိစေရန် တရားဥပဒေ၏ ပံ့ပိုးကူညီမှုအတိုင်း ဘေးကင်းလုံခြုံမှုရှိရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား (၃) နိုင်ငံမှ ယနေ့အထိ နိုင်ငံသားစိစစ်မှု ပြုလုပ်၍ တရားဝင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော ရွှေ့ပြောင်းအလုပ်သမား အရေအတွက်သည် (၂) သိန်းခွဲရှိပြီး ၎င်းတို့အနက် မြန်မာနိုင်ငံသား (၁၄၀,၀၀၀) ကျော် ပါဝင်သည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂) သန်းခန့် ရှိမည်ဟု အလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများစာရင်းများအရ သိရပြီး ယခုနှစ် ဖေဖော်ဝါရီ (၂၈) ရက် နောက်ဆုံးထား၍ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းဆက်ရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃) သိန်းခန့်က တရားမဝင် အလုပ်သမားများအဖြစ်သို့ ကူးပြောင်းသွားခဲ့သည့်အတွက် (၈) သိန်းခန့်သာ ပြန်လည်မှတ်ပုံတင်ကြသည်။ ထို့အပြင် တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ခြင်းမရှိသူ အရေအတွက်မှာ (၁) သန်းခန့် ရှိနေသေးသည့်အတွက် ဤသို့တောင်းဆိုရခြင်းဖြစ်ကြောင်း အလုပ်သမားရေး လုပ်ဆောင်နေသူတဦးက ပြောကြားသည်။

အပြည့်အစုံသို့ >>

Tuesday, 13 July 2010

မြန်မာအလုပ်သမား (၈) သောင်းကျော်သာ ယာယီပတ်စပို့စ် ရရှိသေး

မြတ်ခိုင်ဦး / ၀၈ ဇူလိုင် ၂၀၁၀

ယာယီနိုင်ငံကူးလက်မှတ် ရရှိထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ မေလ(၁၂)ရက်နေ့အထိ(၈၀,၄၃၅)ဦးသာ ရှိသေးပြီး လျှောက်ထားဆဲ အရေအတွက်မှာ(၇၅၂,၅၇၂)ဦးရှိကာ(၂၄၆,၉၇၈)ဦးမှာ တရားမဝင်အလုပ်သမားများဘဝသို့ ကူးပြောင်းသွားခဲ့ပြီဖြစ်ကြောင်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့(IOM)က ထုတ်ပြန်ပြောဆိုသည်။

ဇူလိုင်(၆)ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည့် အဆိုပါထုတ်ပြန်ချက်တွင် အချက်(၈)ချက်ပါရှိပြီး အဓိကအချက်များမှာ ထိုင်းဝန်ကြီးချုပ်မှ တရားမဝင်အလုပ်သမားများကို ဖမ်းဆီးခွင့်ပြုသည့်အမိန့်ကို ဇွန်လ(၂)ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့်အတွက် ဒု-ဝန်ကြီးချုပ်မှ ဦးစီးကာ ထိုင်းနိုင်ငံအတွင်း ဒေသ(၅)ခုခွဲ၍ နှိမ်နင်းမှု ပြုလုပ်မည်ဖြစ်ကြောင်း ပထမဦးစွာ ဖော်ပြထားသည်။

ထို့နောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ယာယီပတ်စပို့စ်ထုတ်ယူရေးရုံးကို မြန်မာနိုင်ငံ ကော့သောင်းမှ ထိုင်းဘက်ခြမ်း ရနောင်းမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ပေးရာတွင် တရက်လျှင် အုပ်ရေ (၈၀၀) ထုတ်ပေးသွားမည်ဖြစ်ပြီး စဖန်ဖလားတွင် ဖွင့်လှစ်ထားသော ရုံးခန်းအား ဇူလိုင်လမှ အောက်တိုဘာလအထိ ထားရှိမည်ဟုဆိုသည်။

နိုင်ငံသားစိစစ်ရေးပြုပြီး၍ ယာယီပတ်စပို့စ်ကိုင်ဆောင်ထားသော ရွှေ့ပြောင်းအလုပ်သမားများအား အိမ်ထောင်စုစာရင်းအဖြစ် (ထော်ရော် ၁၃) ကိုလည်းကောင်း၊ ထိုသူတို့မှမွေးသော ကလေးများအတွက် မွေးစာရင်းလက်မှတ် (ထော်ရော် ၃) ကိုလည်းကောင်း၊ သေဆုံးစာရင်း(ထော်ရော် ၅)ကိုလည်းကောင်း ခရိုင်ရုံးများမှထုတ်ပေးရန် မေ(၁၀)ရက်၌ ညွှန်ကြားထားကြောင်း ပါရှိသည်။

ထို့အပြင် နှစ်နိုင်ငံသဘောတူညီချက်အရ အလုပ်လုပ်ခွင့်ရှိနေသော ရွှေ့ပြောင်းအလုပ်သမားများသည် ကာယလုပ်သားနှင့် အိမ်အကူအလုပ်များတွင် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရ တိုင်းရင်းသားများသည် အစိုးရမှ သတ်မှတ်ပေးမည်ဖြစ်သော ကာယအလုပ်နှင့် အခြားအလုပ်များအား လုပ်ကိုင်ခွင်ြ့ပုမည်ဟု မေ (၁၁) ရက်နေ့ ဝန်ကြီးများအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြောင်းလည်း ပါရှိသည်။

နောက်ဆုံးဖြစ်သော အဓိကကျသည့်အချက်တခုမှာ လူကုန်ကူးမှုခံထားရသည့် သူများအား စစ်ဆေးမေးမြန်းစဉ် ကာလ၊ ဆေးဝါးကုသမှုပေးစဉ် ကာလနှင့် ပြန်လည်ပြုစုပျိုးထောင်ရေး ကာလများအတွင်း တရားဝင်နေထိုင်ခွင့်ပေးကာ အလုပ်လုပ်ခွင့်ပြုမည်ဟု ထိုင်းအစိုးရမှ မေ (၄) ရက်နေ့က ဆုံးဖြတ်ထားကြောင်း ဖော်ပြပါရှိသည်။
အပြည့်အစုံသို့ >>

Sunday, 11 July 2010

အလုပ်သမားများအား ပွဲစားကုမ္ပဏီ လိမ်ညာ

မြတ်ခိုင်ဦး / ၀၇ ဇူလိုင် ၂၀၁၀

မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ၎င်းတို့အတွက် မရှိမဖြစ်လိုအပ်သော အလုပ်လုပ်ကိုင်ခွင့်ဘတ်နှင့် ယာယီနိုင်ငံကူးလက်မှတ် ရအောင်ပြုလုပ်ပေးမည်၊ အလုပ်လုပ်ရမည်ဟုဆိုကာ ကုမ္ပဏီအချို့က လိမ်ညာမှုများ ပြုလုပ်နေသည်။

ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်အတွင်းရှိ နဝါနခွန်တွင် ဖွင့်လှစ်ခဲ့သော နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီက အလုပ်သမားများအား နိုင်ငံသားစိစစ်ရေးပြုပြီး၊ ယာယီနိုင်ငံကူးလက်မှတ် ရရှိသည်အထိ မိမိတို့မှ တာဝန်ယူ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ ထိုင်းစကား၊ စာတတ်သော အလုပ်သမားများသည်လည်း မိမိတို့ကုမ္ပဏီတွင် ဘာသာပြန်အဖြစ် အလုပ်လုပ်ကိုင်နိုင်မည်၊ တလလျှင် လခ ဘတ် (၇,၀၀၀) ပေးမည်၊ နေရေးစားရေး တာဝန်ယူမည်ဟု ဆိုသော်လည်း ယနေ့အထိ ဘာမှ မလုပ်ပေးသဖြင့် သွားရောက်လုပ်ကိုင်ခဲ့သော အလုပ်သမားများ ဒုက္ခရောက်နေကြသည်။
ထိုသို့ပြုလုပ်သော ကုမ္ပဏီသည် ထိုင်း-မြန်မာချစ်ကြည်ရေးစင်တာ (ထိုင်းဖမလိုဝါဖတ်တနာ) ကုမ္ပဏီဖြစ်ပြီး အဆိုပါ နဝါနခွန်ရုံးအပြင် မတ်လအတွင်းက ချင်းမိုင်မြို့၊ တလဖီဒေသ၊ ဝင်ကွန်ကမ် (မြေအောက်နန်းတော်) အရပ်တွင် ဖွင့်လှစ်ခဲ့သော ရုံးကိုလည်း ယခုအခါ ပိတ်ထားလိုက်ပြီဖြစ်သည်။

ထိုသို့လိမ်ညာ ခိုင်းစေမှု ခံခဲ့ရသူတဦးဖြစ်သည့် ကိုဖိုးဇော်က “ကျနော် ဖေဖော်ဝါရီလ (၁၀) ရက်နေ့က အလုပ်စဝင်တယ်။ သူငယ်ချင်းက အလုပ်ကောင်းတယ်၊ လခ (၇,၀၀၀) ရမယ်၊ နေရေးစားရေး အပါအဝင် ပတ်စပို့စ်လည်း လုပ်ပေးမယ်လို့ ပြောလို့သွားလုပ်တာပါ။ တလပဲ လခ ဘတ် (၅,၀၀၀) ရဖူးတယ် (၂) လပိုင်းအတွက်ပါ။ မတ်လ (၃) ရက်နေ့ကျတော့ ချင်းမိုင်ရုံးအသစ် ဖွင့်တာကိုသွားရတယ် မိန်းကလေး (၂) ယောက်နဲ့။ ဟိုရုံးမှာလည်း (၁,၀၀၀) ပေး၊ (၂,၀၀၀) ပေးနဲ့ပဲ” ဟု လုပ်အားခ ခေါင်ပုံဖြတ်ခံခဲ့ရမှုကို ပြောပြသည်။

ထို့အပြင် “စောစောကတည်းက ကျနော်တို့ ဘတ်သက်တမ်းအတွက် ဘတ်ငွေ (၃,၈၀၀) နဲ့ (လုပ်ငန်းရှင်မှ အရေအတွက် မည်မျှ အလုပ်သမားခေါ်ခွင့်ရှိကြောင်း အစိုးရ ခွင့်ပြုမိန့် ဖြစ်တဲ့) ကိုတာကြေး (၂,၅၀၀) ကို သူတို့ကိုပေးခဲ့ရတယ်။ မေးတော့ ဟိုနေ့ ရမယ် ဒီနေ့ရမယ်နဲ့ ရွှေ့လာခဲ့တာ တော်တော်ကြာပြီ။ သူတို့ကိုယုံလို့ ကျနော့်ဘတ်လည်း သက်တမ်းမဆက်ခဲ့ရဘူး။ ကျနော်က သူဌေးအပြောင်းအလဲရှိတော့ အခက်အခဲရှိမယ်ဆိုပြီး လာလုပ်မိတာ အခုတော့ဒုက္ခရောက်ပြီ” ဟု ယာယီပတ်စပို့စ်လုပ်ရန် ငွေပေးချေခဲ့ရမှုကို ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါ ကုမ္ပဏီ၏ ကိုယ်စားလှယ်ဖြစ်သူထံ ကိုဖိုးဇော်က မေးမြန်းရာတွင် လာမည့်သောကြာနေ့တွင် ရရှိမည်ဟု ပြောဆိုကြောင်း သိရသည်။

ထိုသို့လိမ်ညာနေမှုကို မခံစားနိုင်တော့သည့်အဆုံး ကိုဖိုးဇော်နှင့် လုပ်ဖော်ကိုင်ဖက် မမျိုးမျိုးတို့သည် ချင်းမိုင်မှဘန်ကောက်သို့ အရဲစွန့်ပြန်လာကြပြီး လမ်းတွင်စစ်ဆေးရေးဂိတ်အား ပတ်စပို့စ်သွားလုပ်မည်ဟု အကြောင်းပြသဖြင့် အဆင်ပြေခဲ့ကြောင်း၊ ယခုအခါတွင် အဆိုပါကုမ္ပဏီကို ယုံကြည်မိ၍ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပါဆုံးကာ မိမိတို့ကဲ့သို့ အတိဒုက္ခရောက်နေသည့် အခြားအလုပ်သမားများလည်းရှိကြောင်း ကိုဖိုးဇော်က ပြောသည်။

ထိုင်းအစိုးရမှ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသားစိစစ်မှုပြု၍ ယာယီပတ်စပို့စ် ကိုင်ဆောင်မှသာ မိမိနိုင်ငံအတွင်း အလုပ်လုပ်ခွင့်ပြုတော့မည်ဟု ယခင်နှစ်ကတည်းက တရားဝင်ကြေညာ၍ ကြားခံကုမ္ပဏီ (၁၂) ခုကို ကြားဝင်ဆောင်ရွက်ခွင့် ပြုထားခဲ့သည်။

အဆိုပါကုမ္ပဏီများသည် အစောပိုင်းကာလများတွင် လူဖြန့်စည်းရုံး၍ လုပ်ဆောင်ကြပြီး အလုပ်သမားအများစုမှာ ဘတ်ငွေ (၁၀,၀၀၀) ခန့်အထိ ပေးခဲ့ကြရသည်။

လုပ်ငန်းစဉ်အဆုံး၌ အလုပ်သမားတဦး အမှန်တကယ် ရရှိပိုင်ဆိုင်သည့်အရာမှာ ဘတ်ငွေ (၁၀၀) ခန့်ရှိ ယာယီပတ်စပို့စ်၊ ဗီဇာကြေးအဖြစ် ပေးသွင်းရသော ဘတ် (၅၀၀) တန် တံဆိပ်တုံးနှင့် (၂) နှစ်နေထိုင်ခွင့်သာဖြစ်ပြီး၊ ထိုသို့ ပတ်စပို့စ် ပိုင်ဆိုင်ပြီးသည့် နောက်ပိုင်းတွင်လည်း အလုပ်လုပ်ခွင့်ပြုမိန့် (work permit) ကို ထပ်မံ၍ (၂) နှစ်စာ ဘတ်ငွေ (၃,၈၀၀) ကို ထပ်မံပေးသွင်းမှသာ အလုပ်လုပ်ခွင့် ရရှိမည်ဖြစ်သည်။

သို့ရာတွင် အဆိုပါကုမ္ပဏီများသည် လမ်းခရီးစရိတ်အပါအဝင် ဝန်ဆောင်မှုအတွက် အလုပ်သမားတဦးလျှင် အနည်းဆုံး ဘတ်ငွေ (၅,၅၀၀) ခန့် ကောက်ယူနေသည်။

လူ့အခွင့်အရေးနှင့် အလုပ်သမားရေးအဖွဲ့များ၏ ကန့်ကွက်မှုများကြောင့် ဘတ်ငွေ (၅,၀၀၀) ထက် ပိုမကောက်ရန် ထိုင်းအစိုးရမှ ပြောဆိုထားသော်လည်း လိုက်နာခြင်းမရှိကြပေ။

ထို့အပြင် ပတ်စပို့စ်လုပ်ပေးမည်ဟုဆိုကာ အလားတူ လိမ်ညာမှုမျိုးကို လွန်ခဲ့သည့် မတ်လ (၂၇) ကလည်း ရနောင်းတွင် Aphai Phanok ကုမ္ပဏီမှ ဝန်ထမ်းတဦးက ပြုလုပ်ခဲ့၍ ဖွင့်ထားသည့် တိုက်ခန်းကို အစိုးရက ဝင်ရောက်စစ်ဆေးမှု ပြုခဲ့သည်။

“ကျနော်ကတော့ ကျနော့်ဘတ်လေးပဲ ပြန်လိုချင်ပါတော့တယ်၊ လခမရလည်း ကိစ္စမရှိတော့ပါဘူး” ဟု ကိုဖိုးဇော်က ပြောကြားသည်။
အပြည့်အစုံသို့ >>

ရနောင်းမြို့တွင် ယာယီနိုင်ငံကူး လက်မှတ် ရုံးသစ် ဖွင့်



ဘစောတင် Saturday, July 03, 2010(ဧရာဝတီ)
ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများ အတွက် ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ပေးရန် ရုံး တရုံးကို ဇူလိုင်လ ၁ ရက် နေ့မှ စတင်ကာ မြန်မာ အာဏာပိုင်များက ရနောင်းမြို့တွင် ဖွင့်လှစ် လိုက်ကြောင်း သတင်းရရှိသည်။

ထိုင်း နိုင်ငံ ရနောင်းမြို့တွင် ဖွင့်လှစ်လိုက်သော ယာယီနိုင်ငံကူးလက်မှတ် ရုံး ဆိုင်းဘုတ်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)ပြီးခဲ့သည့် ဇွန်လဆန်းက ရနောင်းမြို့ တွင် ထိုင်းနှင့် မြန်မာ ၂ နိုင်ငံမှ တာဝန်ရှိသူများ တွေ့ ဆုံကာ ထိုင်းနိုင်ငံ အတွင်း ယာယီနိုင်ငံကူး လက်မှတ်ရုံး ဖွင့်လှစ်ရန် အသေးစိပ် ဆွေးနွေးခဲ့ ကြကြောင်း၊ ထို့နောက် သဘောတူညီမှု ရရှိခဲ့ပြီး ယခု ကဲ့သို့ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အခြေခံ အလုပ်သမား အခွင့်အရေး ပညာပေးဌာန (GHRE) မှ ရွှေ့ပြောင်း အလုပ်သမား အရေး တာဝန်ယူ ဆောင်ရွက် နေသူ တဦးက ပြောသည်။

“ပြီးခဲ့တဲ့လက အစည်း အဝေးကို ထိုင်းက အလုပ်သမား ဒု ၀န်ကြီး လာတယ်။ မြန်မာသံရုံးက သံမှူးလာတယ်။ ရနောင်း မြို့ နယ် မှူးတွေ တက်ရောက်ပြီး ဇူလိုင်လ ၁ ရက်နေ့မှာ ဖွင့်ဖို့ သဘောတူခဲ့ ကြတယ်။ ဒါပေမယ့် ပတ်စ်ပို့စ်တော့ စ မလုပ် ပေးနိုင် သေးဘူးတဲ့။ ဘာလို့လဲ ဆိုတော့ သူတို့မှာ ကွန်ပျူတာတွေ လူတွေ မစုံသေး ဘူးလို့ သိရတယ်” ဟု GHRE မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက ဧရာဝတီသို့ပြောသည်။

ရနောင်းတွင် ဖွင့်လှစ်သောရုံးသည် ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၃ လသာ တည်ရှိမည်ဟု လည်း သိရသည်။

ဤရုံးကို ဖွင့်လှစ်ရခြင်းမှာ ရနောင်းနှင့် ကော့သောင်းကြား၌ ပင်လယ်ခံနေသောကြောင့် မိုးရာသီတွင် ယာယီနိုင်ငံကူး လက်မှတ် လုပ်သူများအတွက် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့်ဟု သိရကြောင်း ရနောင်းမြို့ မှ မြန်မာကျောင်း ဆရာ တဦးက ဆိုသည်။

“မိုးတွင်းဆိုတော့ လှိုင်းလေကြီးတယ်။ ဟိုဘက်ကမ်းကိုသွားရတာက အန္တရာယ်လည်းများတယ်လေ။ ဒါကြောင့် ၂ နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးတော့ ထိုင်းဘက်မှာ လာဖွင့်တာလို့ ကျနော်တို့ ကြားသိရတယ်”ဟု ကျောင်းဆရာ ဆရာဌေးက ပြောသည်။

၂၀၀၉ ခုနှစ်မှ စတင်ကာ ယာယီနိုင်ငံကူးလက်မှတ်ကို ထုတ်ပေးနေခဲ့ရာ ယခင်က မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်း မြို့ ၊ မြ၀တီမြို့ နှင့် တာချီလိတ်မြို့ များတွင် ရုံးများဖွင့်လှစ်ပြီး ဆောင်ရွက်ပေးခဲ့သည်။ ယခုရုံးသည် ကော့သောင်းမြို့ မှ ရနောင်းဘက်ခြမ်းသို့ ရွှေ့ ပြောင်းဖွင့်လှစ်ပေးသည့် ရုံးဖြစ်သည်။

မြန်မာနိုင်ငံသား ရွှေ့ ပြောင်းအလုပ်သမား ၁ သန်းကျော်သည် ထိုင်းအလုပ်သမား ၀န်ကြီးဌာနတွင် မှတ်ပုံတင်ထား ကြောင်း၊ ယင်းတို့ အထဲမှ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့အထိ အလုပ်သမား ၉၀၉၁၈ ဦး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးစီးကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထိုင်း နိုင်ငံအတွင်း ယာယီနိုင်ငံကူး လက်မှတ်ရုံးကို ဖွင့်လှစ်ပေးခြင်းအတွက် အလုပ်သမားများက သဘောကျကြောင်း ဘန်ကောက်မြို့အနီးရှိ မဟာချိုင်မှ အလုပ်သမားတဦးက ဆိုသည်။
အပြည့်အစုံသို့ >>

Friday, 25 June 2010

မြန်မာနိုင်ငံသား စိစစ်ရေးကဒ်မရှိလည်း ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန်လွယ်ကူ

Thursday, 24 June 2010 08:11 သျှမ်းသံတော်ဆင့်

ရွှေ့ပြောင်းအလုပ်သမားများ နအဖ ထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသော်လည်း မြန်မာ နှင့် ထိုင်းအစိုးရ ပူးပေါင်းအကောင်အထည်ဖေါ်သည့် ယာယီနိုင်ငံကူးလက်မှတ် လုပ်ရန်အခက်အခဲမရှိကြောင်း သျှမ်းရွှေ့ပြောင်းအလုပ် သမားတဦးက ပြောပါသည်။

“မနေ့က တာချီလိတ်မှာ ကျနော်တို့ ယာယီနိုင်ငံကူးလက်မှတ်သွားလုပ်ကြတယ်၊ မှတ်ပုံတင်မရှိလဲ ရတယ်၊ အကုန် အကျ တော့များတယ်၊ အားလုံးအပြီးအစီး ၆၅၃၅ ဘတ်။ ကျနော်တို့လို ကျဘမ်းအလုပ်သမားအတွက် မနည်းဘူးလေဗျာ။ ” - ယမန်နေ့က တာချီလိတ်သို့ ယာယီနိုင်ငံကူးလက်မှတ်ပြန်လုပ်သူတဦးက ပြောပါသည်။
ယာယီနိုင်ငံကူးလက်မှတ်စီမံကိန်းတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသူများ၏ အနာဂတ်အတွက် စိုးရိမ်ရသော်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မှ နေ့ချင်းပြန် သွားလုပ်နိုင်ကြောင်း ပြောပြပါသည်။

“ကျနော်တို့ကို ထိုင်းကပွဲစားတွေကခေါ်သွားတာလေ။ သူတို့အကျိုးဆောင်မလုပ်ပေးရင်ဘယ်လွယ်မလဲ။ ဗမာ ဘက်ခြမ်းက ပွဲစားတွေနဲ့ ထိုင်းဘက်ခြမ်းက ပွဲစားတွေ ပူးပေါင်းပြီးလုပ်တာ။ ကုန်ကျစရိတ်တော့များတယ်။ ယာ ယီနိုင်ငံကူးလက်မှတ်လုပ်ပြီးခြင်း ၂၄ နာရီအတွင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးကိုအကြောင်းကြားရတယ်။ ထိုင်း အလုပ်သမားဌာနကိုတော့ အလုပ်ရှင်နဲ့အတူသွားရင် ပိုလွယ်တယ်။” - ဟု ဆက်ပြော၏။

ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် မှတ်ပုံတင်မရှိသူများအတွက် မိဘဘိုးဘွားနာမည် ခုနှစ်ဆက်ပြောပြရကြောင်း၊ ဘီ၊ ဘင်တို့၏ နာမည်မသိသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်မိကြောင်း၊ သို့သော်တရက်တည်းဖြင့် အပြီး လုပ်နိုင်သဖြင့် ထင်သလောက်ပင်ပန်းခြင်းမရှိကြောင်းပြောပါသည်။
တရားဝင်အလုပ်သမားဖြစ်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းသည့်စီမံကိန်းတွင် (လက်ရှိပေါက်ဈေးအရ) ယာယီနိုင်ငံကူးလက်မှတ် (ထိုင်းအကျိုးဆောင်ကုမ္ပဏီထံပေးရသည့်ငွေ) ဘတ်ငွေ ၄၆၅၀၊ ထိုင်းအလုပ်သမား ရေးရာဌန ဘတ်ငွေ ၁၄၅၀၊ မှတ်ပုံတင်ကြေး (မြန်မာမှတ်ပုံတင်မရှိသည့်သူ) ဘတ် ၃၇၀၊ စာအုပ် (ယာယီနိုင်ငံ ကူးလက်မှတ်) ကြေး ၆၅ ဘတ်၊ စုစုပေါင်း ၆၅၃၅ ဘတ် ကုန်ကျ ကြောင်းသိရပါသည်။


“အနာဂတ် ဘယ်လိုဖြစ်လာမလဲတော့မသိဘူး၊ မြန်မာဘက်က အလုပ်သမားတွေရဲ့ ၀င်ငွေခွန် ထပ်ကောက်ဦး မလား မသိဘူး၊ ဒါပေမယ့် ယာဉ်မောင်းလိုင်စင်တွေ၊ မော်တော်ယာဉ်ပိုင်ဆိုင်တဲ့အခွင့်အရေးတွေရတယ်ဆိုတော့ မဆိုးဘူးပေါ့၊”- ဟု ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ ဆောက်လုပ်ရေးအလုပ်သမား ကျိုင်းတုံသား စိုင်းလုံကျောက် ကပြောပါသည်။

“အရင်က ကျနော်တို့ ထိုင်းထဲကို ခိုးဝင်အလုပ်လုပ်တဲ့သူခိုးတွေ၊ အခုတော့ကိုယ်ပိုင်နံပါတ်တွေနဲ့ တရားဝင်နယ် စပ်ဂိတ်ကို ခေါင်းမော့ရင်ကော့ပြီးဖြတ်သန်းတယ်။ ထိုင်းထဲမှာလည်း ဘယ်သူကိုကြောက်စရာမလိုတော့ဘူး၊ ဥပဒေနဲ့ လွတ်ကင်းရင်ပြောတာနော်” - ဟု သျှမ်းပြည်သား ကရင်အမျိုးသားတဦးကလည်း သျှမ်းသံတော်ဆင့် သို့ပြောပြပါသည်။ ထိုင်း - မြန်မာပူးပေါင်းအကောင်အထည်ဖေါ်သည့် စီမံကိန်း၌ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတိုင်း ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်သုံးနှစ်ဆက်တိုက်ရရှိမည်ဖြစ်ပြီး၊ သတ်မှတ်ချိန်ပြည့်လွန်ပါက မိမိနေရပ်/ တိုင်းပြည် သို့ သုံးနှစ်ပြန်နေရမည်ဖြစ်သည်။

ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန်အတွက် နအဖက တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းမြို့တို့တွင် ရုံးဖွင့်လှစ် ပေးထားပြီး တရက်လျှင် အလုပ်သမား ၂၀၀ ခန့် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးလျက်ရှိသည်။ ထိုင်းနိုင်ငံ အတွင်း မြန်မာအလုပ် သမား ၁.၁ သန်း တရားဝင်အလုပ်လုပ်နိုင်ရေးအတွက် - ၂၀၁၂ ခုနှစ်အထိ စီမံကိန်းချလုပ်ဆောင်ပေးသွားမည် ဟု သိရသည်။
အပြည့်အစုံသို့ >>

Wednesday, 16 June 2010

မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံသား စီစစ်ရေးဌာန ဖွင့်လှစ်

ဥဆာ ဖိချိုင်း|သောကြာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၀ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများသည် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် နိုင်ငံသား စီစစ်ရေးဌာနတခု ထားရှိပေးမည့် ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ကြသည်။

သို့သော် ထိုအစီအစဉ်သည် ပြဿနာ ဇစ်မြစ်ကို ဖြေရှင်းပေးနိုင်ခြင်းမျိုး မဟုတ်သေးကြောင်း သတိပေးပြောကြားခဲ့သည်။

မြို့တော်ဘန်ကောက်တောင်ဘက် ပင်လယ်ကမ်းခြေတခုဖြစ်သော စမတ်ဆခွန်ဒေသတွင် အလုပ်လုပ်သည့် မွန်လူမျိုး ဝမ်ချိုင်းက ထိုင်းနှင့် မြန်မာ အစိုးရတို့ ပူးပေါင်း၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ပထမဆုံးသော နိုင်ငံသားစီစစ်ရေးဌာနအား ရနောင်းတွင် ထားရှိမည့် အစီအစဉ်ကြောင့် ဝမ်းသာကျေနပ်မိကြောင်း မဇ္ဈိမကို ပြောခဲ့သည်။

သူသည် နိုင်ငံသား စီစစ်ရေး လုပ်ငန်းစဉ်အတွက် ရနောင်းမြို့သို့ လာမည့်လတွင် သွားရောက်ရန် စီစဉ်ထားသော်လည်း ခရီးစဉ်အတွက် ကုန်ကျစရိတ်နှင့် ခရီးစဉ်တလျှောက် ကြုံတွေ့နိုင်သည့် အခက်အခဲများအတွက် စိုးရိမ်ပူပန်မှု ရှိကြောင်း ပြောသည်။

“မြစ်ကိုဖြတ်ပြီး ကော့သောင်းအထိ သွားစရာတော့ မလိုတော့ဘူး” ဟု ဝမ်ချိုင်းက လှေဖြင့် ကျန်းမြစ် (Kyan River) ကို ဖြတ်၍ ရနောင်းမြို့မှ မြန်မာနိုင်ငံဘက် ကော့သောင်းမြို့ကို သွားရမည့် ခရီးစဉ်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

သူက “ဒါပေမဲ့ ရနောင်းကို သွားဖို့အတွက်က ကုန်ကျစရိတ်တွေ ရှိမယ်။ နောက်ပြီး လမ်းမှာ ထိုင်းအရာရှိတွေရဲ့ ဖမ်းဆီးမှု ခံရနိုင်တာတွေ ရှိတယ်။ အဲလို အဖမ်းခံရရင်လည်း ပိုက်ဆံကုန်ဦးမှာဆိုတော့ ပိုက်ဆံကုန်မှာချင်းအတူတူ လမ်းမှာ အဖမ်းမခံရအောင် လုပ်ပေးမယ့် ပွဲစားတွေကို ပိုက်ဆံပေးပြီးတော့ပဲ သွားတော့မယ်” ဟု ပြောသည်။

စမတ်ဆခွန်တွင် အခြေစိုက်သည့် အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ယက်မှ ဒါရိုက်တာ Sampong Sakaew ကမူ ထိုပြဿနာများ ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ ရွှေ့ပြောင်းလုပ်သား အများအပြားနေထိုင်သော ဘန်ကောက်၊ စမတ်ဆခွန်၊ ချင်းမိုင်နှင့် မဲဆောက်မြို့များ၌ပါ နိုင်ငံသားစီစစ်ရေးဌာနများ ထားရှိခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ပြောသည်။

“ရနောင်းမှာ စီစစ်ရေးဌာန ထားပေးမယ့် အစီအစဉ်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေဟာ ရနောင်းကို ပို့ဆောင်ပေးမယ့် ပွဲစားတွေရဲ့ လိမ်လည်လှည့်ဖျားမှုကို ခံရနိုင်တာမျိုးတွေ ရှိနေသေးတယ်။ တကယ်လို့ စီစစ်ရေးဌာနတွေကို သူတို့နေတဲ့ နေရာနဲ့ အနီးတဝိုက်မှာ ထားပေးနိုင်မယ် ဆိုရင်တော့ ပွဲစားမပါဘဲ သူတို့ကိုယ်တိုင် သွားရောက်လုပ်ဆောင်နိုင်မှာပါ။ ပြီးတော့ လုပ်ရကိုင်ရတာ ပိုအဆင်ပြေပါလိမ့်မယ်” ဟု သူက ပြောသည်။

ထိုင်းနှင့် မြန်မာက မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ထိုင်းတွင် ပထမဆုံးသော နိုင်ငံသားစီစစ်ရေးဌာနကို ရနောင်းဆိပ်ကမ်းမြို့ရှိ စပန်ပလာရွာတွင် ထားရှိရန် ဆုံးဖြတ်ခဲ့ပြီးနောက် ရွှေ့ပြောင်းလုပ်သားများနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများက ထိုကဲ့သို့ ထင်မြင်ချက်များ ပေးခဲ့ကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ အလုပ်သမားရေးရာဌာနမှ လက်ထောက် ဒါရိုက်တာ စူဖတ်ကူခွန်က ထိုင်းအစိုးရသည် လက်ရှိ မုတ်သုန်ရာသီအတွင်း နိုင်ငံသားစီစစ်ရေးအတွက် မြစ်ကိုဖြတ်၍ မြန်မာနိုင်ငံသို့ သွားရောက်ကာ ပြုလုပ်ကြရမည့် အလုပ်သမားများ၏ လုံခြုံမှုကို စိုးရိမ်သဖြင့် ရနောင်းမြို့တွင် ယခုကဲ့သို့ စီစစ်ရေးဌာန ဖွင့်လှစ်ပေးရန် မြန်မာအစိုးရနှင့် ပူးပေါင်း၍ စီစဉ်ခဲ့ကြောင်း ပြောခဲ့သည်။

“မြန်မာအစိုးရဘက်ကလည်း ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို တရားဝင် သဘောတူလိုက်တဲ့အတွက် ဒီနှစ် ဇူလိုင်လကနေ အောက်တိုဘာလအတွင်း စီစစ်ရေးအရာရှိ အယောက် ၂ဝ ကို ထိုင်းနိုင်ငံကို စေလွှတ်ပေးပါလိမ့်မယ်။ အဲဒီအရာရှိတွေဟာ တနေ့ကို အလုပ်သမား ၈ဝဝ အတွက် နိုင်ငံသားစီစစ်ရေး ကိစ္စတွေ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု စူဖတ်ကူခွန်က ပြောကြားခဲ့ပြီး နိုင်ငံသားစီစစ်ရေးကိစ္စ ဆောက်ရွက်ရမည့်သက်တမ်း တိုးပေးရန်လည်း ဆွေးနွေးကြဖွယ်ရာ ရှိသည်ဟု ပြောကြားခဲ့သည်။

ရနောင်းတွင် ထားရှိပေးမည့် စီစစ်ရေးဌာနသည် အနာဂတ်ကာလတွင် အခြား နယ်စပ်ဒေသများအတွက် စံနမူနာ ဖြစ်လာဖွယ်ရှိသည်ဟု စူဖတ်ကူခွန်က ပြောခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ဆက်ဆံရေးဌာန၏ ဝဘ်ဆိုဒ်ရှိ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ရနောင်းပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး နီရီဝပ် ဖွန်နဂန် က ထိုစီစစ်ရေးဌာနသည် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေမည်ဖြစ်ပြီး ထိုစီစဉ်ဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေး ချောမွေ့အဆင်ပြေမှု၏ ရောင်ပြန်ထင်ဟပ်မှုပင်ဖြစ်ကြောင်း ပြောသည်။

ထိုင်းနိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးဌာန၏ မကြာခင်က စာရင်းဇယားအရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ခန့်မှန်းခြေ ၂ သန်းခန့် ရှိသည့်အနက် ယခုနှစ် အစောပိုင်း နိုင်ငံသားစီစစ်ရေး အစီအစဉ်များ စတင်သည့်အချိန်မှစ၍ ၈၂၇၆၇ ဦးသည် စီစစ်ရေးလုပ်ငန်း ကိစ္စများအတွက် ခရီးသွားခဲ့ကြပြီး ယာယီ ပတ်စ်ပို့ လက်မှတ်များ ထုတ်ယူခဲ့ကြသည်။

အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ အလုပ်သမား ခန့်ထားရေးဌာနက ထုတ်ပြန်ရာတွင် နိုင်ငံသား စီစစ်ရေး လုပ်ငန်းစဉ်အတွက် ပြင်ဆင်မှုများသည် အတော်အသင့် ခရီးရောက်နေပြီး တရားမဝင် အလုပ်လုပ်ကိုင်မှုများ အဆုံးသတ်စေရန်အတွက် ကော်မတီတရပ် ဖွဲ့စည်းကာ ယခုနှစ်ကုန်တွင် ပြဋ္ဌာန်းဖွယ်ရှိသည့် ဥပဒေနှင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားမဝင် အလုပ်သမားများအား အသစ်ရောက်ရှိလာမည့် တရားဝင် အလုပ်သမားများနှင့် အစားထိုးတော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က တရားမဝင် အလုပ်သမား ၁၁၄၃၆ ဦး အကျဉ်းကျခံခဲ့ရပြီး တရားမဝင် အလုပ်ခန့်ထားသူ အလုပ်ရှင်ပေါင်း ၁၅၁၈ ဦး ဖမ်းဆီးခံခဲ့ရသည်။

သို့ရာတွင် လေ့လာသုံးသပ်သူများက ထိုကိန်းဂဏန်းသည် အမှန်တကယ် အဖမ်းခံခဲ့ရသည့် တရားမဝင် အလုပ်သမား အရေအတွက်ထက် များစွာ လျော့နည်းနေသည်ဟု သုံးသပ်ပြောဆိုခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) နှင့် ထိုင်းနိုင်ငံ လူ့အခွင့်အရေး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) တို့ ယခုလ အစောပိုင်းက ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်ထဲတွင်လည်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအရေးကို ဖော်ပြထားသည်။

ထိုကြေညာချက်ကို ကုလသမဂ္ဂက ၁၄ ပိုင်းခွဲကာ ကျင်းပခဲ့သည့် လူ့အခွင့်အရေး အစည်းအဝေး၏ ရွှေ့ပြောင်းနေထိုင်သူများ၏ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အစီရင်ခံစာ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် HRW နှင့် HRDF တို့က ပူးတွဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကုလသမ္မဂ္ဂမှ ရွှေ့ပြောင်းနေထိုင်သူများ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးသတင်းထုတ်ပြန်ရေးဌာနက ထိုင်းအစိုးရထံသို့ ယမန်နှစ်နှင့် ယခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ အရေးတကြီး အသိပေးစာ ၄ စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၄ စောင်မှာ (၁) လာအိုများကို နှင်ထုတ်ခြင်းနှင့် ပတ်သက်၍ (၂) ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံသား စီစစ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ (၃) ရိုဟင်ဂျာများအပေါ် ဆိုးရွားစွာ ဆက်ဆံမှုနှင့် ပတ်သက်၍ (၄) ရွှေ့ပြောင်းအလုပ်သမားများ လုပ်ငန်းခွင်တွင် ဒဏ်ရာ ရရှိသည့်အခါ ရည်ရွယ်ချက်ရှိရှိဖြင့် ခွဲခြားဆက်ဆံမှုနှင့် ပတ်သက်၍ သတိပေးခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ သတိပေးချက်များအပေါ် ဘန်ကောက်အစိုးရက ပထမကိစ္စနှင့် တတိယကိစ္စ အပေါ်တွင်သာ ပြန်ကြားခဲ့သည်။

၂ဝဝ၃ ခုနှစ်ကတည်းက ထိုင်းနှင့် မြန်မာ သဘောတူညီခဲ့ပြီး ပြီးခဲ့သည့်နှစ်မှ စတင်အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံသား စီစစ်ရေး မူဝါဒသည် တရားမဝင်သော ရွှေ့ပြောင်းနေထိုင်မှုများကို ကိုင်တွယ်ရန်အတွက်ဆိုသည့် ရည်မှန်းချက်ဖြင့် လုပ်ဆောင်သော်လည်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားထားခြင်း မရှိဟု HRW နှင့် HRDF ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

“လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရမည့်အစား အစုလိုက်အပြုံလိုက် နှင်ထုတ်မည့် အရိပ်အယောင်များမှာ သိသာစွာ ပေါ်လွင်နေပြီး မှတ်ပုံတင်နိုင်မည့် အလုပ်သမားများအတွက်သာ အစီအစဉ်များက အဆင်ပြေပေလိမ့်မည်။ တရားဥပဒေနှင့် မညီညွတ်သော ပွဲစားများအတွက်လည်း ပွဲခ မတန်တဆရမည့် အခွင့်အလမ်းများ ဖြစ်ပေါ်လာနိုင်သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့သည် လူ့အခွင့်အရေးဆိုင်ရာ အထူးသတင်းထုတ်ပြန်ရေး ကိုယ်စားလှယ်၏ ဆောင်ရွက်ချက်များကို ထောက်ခံပြီး ထိုင်းနိုင်ငံမှ နိုင်ငံသားစီစစ်ရေးမူဝါဒ အကောင်အထည် ဖော်နေခြင်းအပေါ် ဆက်လက်စောင့်ကြည့်ရန် တောင်းဆိုပါသည်” ဟု ပူးတွဲကြေညာချက်တွင် ပါရှိသည်။

HRW က ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးကို မြှင့်တင်ကာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့်ညီသော ကတိကဝတ်များကို လိုက်နာစောင့်ထိန်းလာစေရန် အပြုသဘောဆောင်သော အကူအညီများ ပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာ အကူအညီပေးမှုကို လေးနက်စွာ ထောက်ခံပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆောင်ရွက်မှုကိုလည်း ထောက်ခံထားသည်။
အပြည့်အစုံသို့ >>

Saturday, 12 June 2010

ယာယီနိုင်ငံကူးလက်မှတ်ရုံး ဖွင့်လှစ်ရေး ထိုင်းနှင့် မြန်မာဆွေးနွေး

မြတ်ခိုင်ဦး/၁၀ ဇွန် ၂၀၁၀ ခေတ်ပြိုင်

မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းဘက်ခြမ်းတွင် ရုံးခန်းဖွင့်၍ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအတွက် ထိုင်း-မြန်မာအာဏာပိုင်များ ယနေ့တွေ့ဆုံဆွေးနွေးသည်။

ထိုင်းအစိုးရဘက်မှ တောင်းဆိုထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်ကို ထိုင်းဘက်ခြမ်းတွင် ရုံးခန်းဖွင့်လှစ်ဆောင်ရွက်ရေးအတွက် ထိုင်းနှင့်မြန်မာ အာဏာပိုင်တို့ ယနေ့နေ့လယ် (၁၁) နာရီက ရနောင်းခရိုင်၊ ရနောင်းမြို့၊ ရနောင်းဌာနီရပ်ကွက်ရှိ ထိနိဒီးဟိုတယ်တွင် ပြုလုပ်သည်။


အစည်းအဝေးသို့ ထိုင်းအလုပ်အကိုင် ခန့်ထားရေးဌာနညွှန်ချုပ် ဂျီယာဆတ်ဆူကွန်သာချတ်၊ ဒုညွှန်ချုပ် ဆူပတ်ဂူအမ်၊ ရနောင်းခရိုင်ဒုခရိုင်မှူး ခွန်နီရီဝတ်ဖွန်နာခန်၊ ရနောင်းမြို့တော်ဝန်တို့မှ ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်သိန်း၊ အထူးရဲတပ်ဖွဲ့လက်ထောက်ဒါရိုက်တာ ဦးမြင့်သိန်းနှင့် ကော့သောင်းခရိုင်မှူး ဦးအံ့မောင်တို့မှ ဦးဆောင်သည်။

ဆွေးနွေးပွဲတွင် ယာယီပတ်စပို့စ် ထုတ်ပေးရေးရုံးနေရာကိစ္စ၊ ဝန်ထမ်းများ၏လုံခြုံရေး တာဝန်ယူပေးနိုင်မှု အနေအထားများကို အဓိကထားဆွေးနွေးသွားကြပြီး ယာယီရွေးချယ်ထားသော နေရာ (၃) နေရာကို ဆက်လက် ကြည့်ရှုသုံးသပ်ကြသည်ဟု သိရသည်။ မနက်ဖြန်တွင် ဖန်ငမြို့၌ အစည်းအဝေးပွဲကို ဆက်လက်ကျင်းပမည်ဖြစ်သည်။

ယာယီရွေးချယ်ထားသော နေရာများမှာ နိပွန်မော်တာ ကုမ္ပဏီလီမိတက်၊ ကိုမော့ အဆောက်အဦ၊ ရနောင်း ငါးဖမ်းဆိပ်ကမ်းအနီး ဖယ်ပလာတို့ဖြစ်ကြသည်။

ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်ကို ထိုင်းဘက်ခြမ်းတွင် ရုံးခန်းဖွင့်လှစ်ဆောင်ရွက်ရန် ပြီးခဲ့သည့်လ (၂၇) ရက်က မြန်မာနိုင်ငံ နေပြည်တော်တွင် အာဏာပိုင်များက အစည်းအဝေးပြုလုပ်ကာ တရားဝင်ထုတ်ဖော် ပြောကြားပြီးဖြစ်သည်။

ထိုင်းအစိုးရ ရနောင်းခရိုင်ဝန်ကလည်း သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် မိမိတို့၏ တိုက်တွန်းချက်အရ ထိုင်းဘက်အခြမ်းတွင် ရုံးခန်းများဖွင့်လှစ်ရန် အခွင့်အလန်းများ လမ်းပွင့်လာပြီဟု ဆိုသည်။

မြန်မာအာဏာပိုင်များက ပြောင်းရွှေ့ဖွင့်လှစ်မည့် အကြောင်းရင်းကို ဖော်ထုတ်ပြောကြားရာ၌ မြန်မာနိုင်ငံသားများ မိုးတွင်းကာလ ရေကြောင်းမှဖြတ်သန်းသွားလာရေး အခက်အခဲကို ဖြေရှင်းရန်ဟု ဆိုသည်။

သို့သော် မြန်မာရွှေ့ပြောင်း အလုပ်သမားများက ဤသို့ ရုံးပြောင်းရွှေ့ဖွင့်လှစ်ခြင်းအားဖြင့် ကြားခံပွဲစား ကုမ္ပဏီများ၏ မတန်တဆတောင်းခံနေမှုများ လျှော့ပါးကာ မိမိတို့အတွက် အချိန်ကုန်သက်သာပြီး အလုပ်ပျက်ရက် သက်သာမည်ဟု မျှော်လင့်ကြသည်။
အပြည့်အစုံသို့ >>

Monday, 31 May 2010

ယာယီပတ်စပို့များ ထိုင်းဘက်တွင် ထုတ်ပေးရန် ညှိနှိုင်း


.မြတ်ခိုင်ဦး / ၃၁ မေ ၂၀၁၀၊ခေတ်ပြိုင်


ယာယီပတ်စပို့ ထုတ်ပေးရေးရုံးများကို ထိုင်းနိုင်ငံဘက်ခြမ်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် အလားအလာကောင်းများ ရှိနေပြီဟု ရနောင်းခရိုင်ဝန်က ပြောကြားလိုက်သည်။

နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်များ၏ ရှိခဲ့သော အခက်အခဲနှင့် နောင်လာမည့်ကာလအတွင်း ဖြစ်ပေါ်တိုးတက်လာနိုင်မှု အခြေအနေများအား ရနောင်းခရိုင်ဝန် မစ္စတာ ဝမ်ချတ်ဝေါင်ချိုင်းချနာက သတင်းမီဒီယာများအား ရှင်းလင်းတင်ပြရာတွင် ပြောကြားခဲ့ကြောင်း ပြီးခဲ့သည့် မေ (၂၈) Nation Channel တွင် သတင်းဖော်ပြပါရှိသည်။

နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်သည် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြား အပြန်အလှန် ဆောင်ရွက်ရသည့် အဆင့်ပေါင်း (၂၅) ဆင့်ရှိပြီး ရှုပ်ထွေးပွေလီသည့်အပြင် မြန်မာအာဏာပိုင်များဘက်မှလည်း လုပ်ဆောင်မှု နှေးကွေးခဲ့ကြောင်း၊ ထို့အတွက် ကြိမ်ဖန်များစွာ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ထိုင်းနိုင်ငံဘက်တွင် ရုံးဖွင့်လှစ်နိုင်မည့် အနေအထားများ ရှိလာခြင်းဖြစ်ကြောင်း၊ ယင်းသို့ဖွင့်လှစ်နိုင်ပါက စိစစ်ရေးလုပ်ငန်း ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း မစ္စတာ ဝမ်ချတ်ဝေါင်ချိုင်းချနာက သတင်းမီဒီယာများနှင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
.၎င်းက “ယခင်ကာလက အဓိကအခက်အခဲကတော့ ထိုင်း၊ မြန်မာ နှစ်နိုင်ငံစလုံးမှာ လုပ်ဆောင်ရတဲ့ ရှုပ်ထွေးပွေလီပြီး အဆင့်များစွာပါဝင်တဲ့ နိုင်ငံသားစိစစ်ရေးပြုမှု စနစ်ကြောင့်ပါ။ ဒါပေမယ့်လို့ အဓိကကျတဲ့အချက်က မြန်မာအာဏာပိုင်တွေသာ ထိုင်းနိုင်ငံဘက်အခြမ်းမှာ အခြေစိုက်ရုံးတွေ ဖွင့်လှစ်နိုင်မယ်ဆိုရင် ဒီအခက်အခဲတွေ အများကြီး လျှော့ဆင်းသွားမှာပါ။ နောက်ထပ်အဓိက ကျတာတခုကတော့ ဒီဟာကို ဆုံးဖြတ်လုပ်ကိုင်ပိုင်ခွင့်ကို ဗဟိုအစိုးရတွေကနေ တိုက်ရိုက်မချုပ်ကိုင်ဘဲ ခရိုင်ဒေသ အာဏာပိုင်တွေကို လုပ်ပိုင်ခွင့်ပေးရင် ပိုကောင်းလာမှာပါ။ အရင်တုန်းကဆိုရင် ဒီလုပ်ငန်းစဉ်ဟာ ဗဟိုအာဏာ ပိုင်တွေကို တင်ပြရတာဖြစ်တဲ့အတွက် အလွန်ကိုနှေးကွေးစေပြီး တနေ့မှ (၄၀၀) ခန့်သာ ပြီးစီးနိုင်ပါတယ်။ ဒါကြောင့် (၁.၅) သန်းရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ စောင့်ဆိုင်းနေရဆဲရှိပါတယ်” ဟုဆိုသည်။

ပြီးခဲ့သည့်မေ (၂၇) ရက်တွင် မြန်မာပြည်တွင်း၌ပြုလုပ်သော ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အခြေအနေ ရှင်းလင်းပွဲ၌လည်း မေ (၂၆) ရက်နေ့အထိ စင်တာ (၃) ခုမှ ယာယီနိုင်ငံကူးလက်မှတ် (၉၀,၉၁၈) ဦးသာ ထုတ်ပေးရသေးကြောင်း သိရပြီး မကြာခင်ကာလအတွင်း ထိုင်းနိုင်ငံတဘက်ကမ်း ရနောင်းမြို့တွင် ယာယီပတ်စပို့ ထုတ်ပေးရေးစင်တာကို ပြောင်းရွှေ့ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မြင့်က အစီရင်ခံသည်။

ရနောင်းမြို့၌ ယာယီပတ်စပို့ ထုတ်ပေးရေးရုံးကို လာမည့်ဇွန် (၆) ရက်တွင် စတင်ဖွင့်လှစ်မည်ဟု သိရှိရပြီး ရုံးအဆောက်အဦကို ဘန်ကလင်းဘက်တွင် တည်ဆောက်နေသည်မှာ ပြီးစီးသွားပြီဖြစ်ကြောင်း ရနောင်းမြို့ခံတဦးက ပြောသည်။

ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) ၏ ဧပြီ (၂၇) ရက် အစီရင်ခံစာအရ နိုင်ငံသားစိစစ်ရေးလျှောက်လွှာ တင်သွင်းထားသူပေါင်း (၈၂၂,၀၉၃) ဦးရှိပြီး ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့် ရရှိထားသူ အရေအတွက်မှာ (၇၁,၃၉၀) ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။


ယမန်နှစ်က နောက်ဆုံးအကြိမ် ဖွင့်လှစ်ပေးသော ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခွင့် စာရင်းတွင် မြန်မာနိုင်ငံသား အလုပ်သမားဦးရေမှာ (၁.၁) သန်းရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ လက်မှတ်သက်တမ်း ပြန်လည် တိုးခွင့်ပြုခဲ့ရာတွင် မြန်မာအလုပ်သမား (၈) သိန်းကျော်သာ သက်တမ်းဆက်ခဲ့ပြီး (၃) သိန်းခန့်မှာ တရားမဝင် အလုပ်သမားများအဖြစ်သို့ ထပ်မံကူးပြောင်းသွားခဲ့ပြီးဖြစ်သည်။

ထိုသို့ တရားမဝင် အလုပ်သမားများအား ဖမ်းဆီးပြန်ပို့မည်ဟု ထိုင်းအစိုးရက တရားဝင်ကြေညာထားသော်လည်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ စုစုပေါင်း (၂) သန်းခန့်ရှိမည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများမှ ခန့်မှန်းထားကြသည်။
အပြည့်အစုံသို့ >>

Saturday, 29 May 2010

သက်တမ်းတိုးရန် ဆေးမစစ်ရသေးသည့် မြန်မာအလုပ်သမားများ စိုးရိမ်

မြတ်ခိုင်ဦး / ၂၈ မေ ၂၀၁၀

အလုပ်သမားလက်မှတ် သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်အား ထိုင်းအစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၈) ရက် နောက်ဆုံးထား သတ်မှတ်ခဲ့သော်လည်း အချို့အလုပ်ရုံများရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ဆေးစစ်မှတ်တမ်းပင် မပြုလုပ်ရသေး၍ စိုးရိမ်ပူပန်နေကြောင်း သိရသည်။
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စသော အိမ်နီးချင်း (၃) နိုင်ငံမှ ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏ အလုပ်သမားလက်မှတ်ကို တနှစ်တခါ သက်တမ်းတိုးကြရသည်။ ထိုသို့ သက်တမ်းတိုးခြင်းကို ၂၀၁၂ အထိ ခွင့်ပြုမည်ဟု ပြီးခဲ့သည့် ဇန်နဝါရီ (၁၉) ရက်တွင် တရားဝင်ကြေညာခဲ့သည်။

သို့သော် ယခုအချိန်အထိ အလယ်အဆင့်ဖြစ်သော ဆေးမှတ်တမ်းလက်မှတ်အတွက် ဆေးစစ်ခြင်းအဆင့် မပြုလုပ်ရသေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား ကျန်ရှိနေကြသေးသည်။

နခွန်ပသွန်ခရိုင်၊ စံဖန်မြို့နယ်အတွင်းရှိ၊ ရပ်ကွက်အမှတ် (၉)၊ လမ်းအမှတ် (၅) တွင် တည်ရှိသော leam Thong Co.Ltd ကြက်သားစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမား (၁,၀၀၀) ကျော်အနက် အတော်များများသည် ဆေးစစ်ခြင်းအဆင့်ကိုပင် မပြုလုပ်ရသေးကြောင်း၊ သို့သော် အလုပ်သမားလက်မှတ်လုပ်ရန် ကျသင့်ငွေ (၃,၈၅၀) ဘတ်ကို ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်းကပင် လုပ်အားခထဲမှ ဖြတ်ယူထားပြီးဖြစ်ကြောင်း အလုပ်သမားတဦးက ပြောသည်။

စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ကိုမိုးဦးက “ကျနော်မနှစ်က ဇွန်၊ ဇူလိုင် အလုပ်သမား လက်မှတ်အသစ် စလုပ်ပေးကတည်းက ဒီမှာ လုပ်နေတာပါ။ အရင် ဘတ်ပန်းရောင် အဟောင်းကတော့ အခုထိရှိပါတယ်။ ကျနော်တို့ တနေ့ကို (၂၀၅) ဘတ် ရပါတယ်။ အိုဗာတိုင်ကတော့ ဆင်းရရင် တနာရီ (၃၈) ဘတ်ပေးပါတယ်။ ဒီနှစ် ဘတ်သော် (သက်တမ်းဆက်ခြင်း) ဖို့အတွက် (၂) လပိုင်းကုန်ကတည်းက အကုန်ပေးပြီးပါပြီ။ အခုက ကျနော်တို့ကို ငွေသွင်းပြေစာနဲ့ ထော်ရော် ၃၈ (ယာယီနေထိုင်ခွင့် ထော်ရော် ၃၈/၁) ပဲ ပေးထားပါတယ်။ သွေးစစ်ဖို့မေးတော့ (၆) လပိုင်း (၂၀) ရက်နေ့မှ စစ်ရမယ်လို့ပြောပါတယ်။ အဲဒါနဲ့ ကျနော်တို့က ဒါဆို ဘတ် (၁,၈၀၀) သွင်းထားတဲ့ ချလန်ပေးပါဆိုတော့ မပေးနိုင်ဘူးလို့ ပြောတယ်။ တကယ်လို့ ကျနော်တို့က သူတို့ သွင်းမထားပေးရင် နောက်ထပ် (၁,၈၀၀) ထပ်သွင်းရမယ်ဆိုရင် အရမ်းနစ်နာပါတယ်။ အလုပ်ကထွက်ရင် သွေးပေးမစစ်တော့ဘူးလို့ပြောတယ်” ဟု ဆိုသည်။

ယမန်နှစ် သြဂုတ်လမှစ၍ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်လက်မှတ် မရှိသေးသော တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများအား တရားဝင်စေရန် မှတ်ပုံတင်ခွင့်ကို ထိုင်းအစိုးရက အသစ်တဖန် ခွင့်ပြုခဲ့ပြီးဖြစ်သည်။

ထိုသို့ အလုပ်သမားများ မှတ်ပုံတင်ရာတွင် ယာယီနေထိုင်ခွင့် လျှောက်ထားခြင်း၊ ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးစစ်မှတ်တမ်းယူခြင်း၊ ထို့နောက် ယာယီအလုပ်လုပ်ခွင့် လျှောက်ထားခြင်း စသော အဓိကအဆင့်များကို ပြုလုပ်ရပြီးနောက် ထိုင်းနိုင်ငံရှိ မှတ်ပုံတင်ထားရာ ခရိုင်အတွင်း နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။

သို့သော် အချို့လုပ်ငန်းရှင်များသည် ဘတ်ငွေ (၁၀၀) ခန့်သာကုန်ကျသော ယာယီနေထိုင်ခွင့်ကိုသာ လျှောက်ထားပေးကြပြီး အလုပ်လုပ်ကိုင်ခွင့် လျှောက်သည့်အဆင့်ကို မလုပ်ပေးကြပေ။ သို့အတွက် အာဏာပိုင်များက ဝင်ရောက်စစ်ဆေးလျှင် ယာယီနေထိုင်ခွင့်သာရှိပြီး ယာယီအလုပ်လုပ်ကိုင်ခွင့် မရှိသဖြင့် ဖမ်းဆီးအရေးယူခြင်းခံရမည်ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသော နိုင်ငံတကာအဖွဲ့အစည်းတခုမှ တာဝန်ခံတဦးက “ကျနော်တို့ သိရသလောက် ဒီအဆင့်တွေက အခုဆိုပြီးနေရမှာ။ ဘာလို့ အဲဒီလို ဖြစ်သလဲဆိုတာ တနင်္လာနေ့ရုံးဖွင့်ရင် အဲဒီဒေသက အလုပ်သမားရုံးကို လှမ်းမေးရမယ်” ဟု ဆိုသည်။

အချို့သော လုပ်ငန်းများရှိ မန်နေဂျာ (ဖူးချွေကမ်း) နှင့် အလုပ်သမားခေါင်းများသည် အလုပ်သမား လက်မှတ်လုပ်ရန်ဟုဆိုကာ ကြိုတင်ငွေ ကောက်ခံလေ့ရှိပြီး အမှန်တကယ် မလုပ်ပေးချင်၍ အလုပ်သမားများအား အလုပ်မှစိတ်ပျက်ကာ ထွက်ခွာသွားစေရန် ပြုမူလေ့ရှိကြသည်။

သို့အတွက် အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်မှ ထွက်ခွာပြီးနောက်ပိုင်း မိမိတို့အခွင့်အရေး တောင်းဆိုရန် ကြိုးပမ်းသောအခါ မအောင်မြင်မှုများ ကြုံတွေ့ရသည့်အတွက် အလုပ်သမားတိုင်း မိမိလုပ်ဆောင်ရမည့် လက်ဝယ်ကိုင်ဆောင် ထားရှိရမည့် အချက်အလက်များ အထောက်အထားများကို နားလည်အောင် ကြိုးပမ်းရန်လိုကြောင်း အလုပ်သမားရေး လုပ်ဆောင်နေသူများမှ တိုက်တွန်းထားသည်။
အပြည့်အစုံသို့ >>

Wednesday, 7 April 2010

ယာယီ နိုင်ငံကူးလက်မှတ် သိမ်း၍ အလုပ်သမားများ ဆန္ဒပြ

ဘစောတင် Tuesday, April 06, 2010 


 ယာယီနိုင်ငံကူး လက်မှတ်များကို အလုပ်ရှင်က သိမ်းယူထားပြီး ငွေတောင်း သောကြောင့် ယမန်နေ့က မြန်မာ အလုပ်သမားများ ဆန္ဒပြ တောင်းဆို ကြကြောင်း သိရသည်။ ဘန်ကောက်မြို့၊ ဖလန်ဆောင် အရပ်ရှိ Chamlisure Furniture ကုလားထိုင် စက်ရုံမှ အလုပ်သမား ၂၀၀ ခန့်၏ ယာယီ နိုင်ငံကူးလက်မှတ်များကို ပြန်လိုချင်လျှင် ဘတ် ၂၀၀၀ ပေးရမည်ဟု အလုပ်ရှင်က တောင်း သဖြင့် ဧပြီလ ၅ ရက်နေ့ နံနက်မှစ၍ အလုပ်မဆင်းဘဲ တောင်းဆို ဆန္ဒပြကြခြင်း ဖြစ်သည်။

“ကျနော်တို့က ပတ်စ်ပို့ လုပ်ထားပြီးမှ မိတ္တူပဲ ကိုင်ထားရတော့ မကျေနပ်ကြဘူး၊ ဒါကြောင့် စုပြီးတော့ စာအုပ် ထုတ်မပေးရင် အလုပ် မဆင်းဘူး ဆိုပြီး တောင်းဆို ကြတယ်၊ တခြား စက်ရုံတွေမှာ ဒီလို သိမ်းမထားဘူး”ဟု  ယာယီ နိုင်ငံကူး လက်မှတ် ပြန်ရရန် တောင်းဆိုသူ ကိုသန်းဇော်လင်းက ဧရာဝတီသို့ ပြောသည်။

အဆိုပါစက်ရုံတွင် မြန်မာအလုပ်သမား ၄၀၀ နီးပါးအနက် ၂၀၀ ခန့်က ယာယီ နိုင်ငံကူးလက်မှတ်ကို ကော့သောင်းတွင် သွားရောက် ပြုလုပ်ခဲ့ကြသည်။ ယင်းလက်မှတ် ကုန်ကျစရိတ်ကို အလုပ်သမားများက ကိုယ်တိုင် အကုန်အကျခံထားခြင်း ဖြစ်သည်။

အလုပ်သမားများက ထိုသို့ တောင်းဆိုရာ အလုပ်ရှင်က ငွေပေးရမည်ဟု မြန်မာဘာသာဖြင့် စာကပ်ကြေညာ ကြောင်း၊ အလုပ်သမား ၂၀ ခန့်ကသာ ငွေပေး ရွေးယူကြကြောင်း သိရသည်။

လက်မှတ် အသိမ်းခံထားရသူ အလုပ်သမား ကိုမျိုးက“ပတ်စ်ပို့ စာအုပ် လုပ်ပြီးကတည်းက သူဌေးမ တွေပဲ သိမ်းထားတယ်၊ ကျနော်တို့က လူစုပြီးတောင်းတော့ အစက ဟိုနေ့ ပေးမလိုလို ဒီနေ့ ပေးမလိုလိုနဲ့ နောက် ဆုံးတော့ စက်ရုံထဲမှာ စာကပ်တယ်ဗျာ၊ အရေးတကြီး ရွာပြန်မယ့်လူ တချို့တော့ ပိုက်ဆံပေး ယူသွား ကြ တယ်၊ ကျနော်တို့တော့ မပေးနိုင်ဘူး”ဟု ပြောသည်။

ယာယီ နိုင်ငံကူးလက်မှတ် ပြန်ရရန် တောင်းဆိုသူများက မြန်မာအလုပ်သမားများ အရေး ဆောင်ရွက်နေ သည့် ဘန်ကောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားရေးအဖွဲ့သို့လည်း ဆက်သွယ် အကူအညီ တောင်း ကြောင်း သိရသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ တာဝန်ခံ ကိုစောဂျက်က“အလုပ်သမား ဥပဒေအရဆိုရင် ဒီစာအုပ်ဟာ အလုပ်သမားနဲ့ပဲ ရှိနေရမယ်၊ သူဌေးက သိမ်းထားရမယ့်ဟာ မဟုတ်ဘူး၊ အခုလို သိမ်းထားတယ်ဆိုတာ မဖြစ်သင့်ဘူး၊ ပုလိပ်စစ်ရင် ဘာနဲ့ ဖြေရှင်းမလဲ”ဟု ဆိုသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (Thai Action Committee for Democracy in Burma – TACDB) မှ ထိုင်းလူမျိုး ရှေ့နေ မစ္စတာ ဖိနိန်ကလည်း“ယာယီ ပတ်စ်ပို့က အလုပ်သမားတွေ အတွက် လုပ်တာ၊ သူဌေးတွေ ကိုင်ထားဖို့ လုပ်တာ မဟုတ်ဘူး”ဟု ပြောသည်။

ယင်းသို့ အလုပ်သမားများ ဆန္ဒပြတောင်းဆိုကြသောကြောင့် အလုပ်ရှင်၏ သမီးရောက်လာကာ သင်္ကြန် မတိုင်မီ ၂ ရက်အလိုတွင် ယာယီနိုင်ငံကူးလက်မှတ်များ ပြန်ထုတ်ပေးမည်ဟု ပြောဆိုသဖြင့် တချို့က အလုပ်ပြန်ဝင်သော်လည်း အများစုမှာ အလုပ် ပြန်မဆင်းကြသေးကြောင်း သိရသည်။

အကယ်၍ ကတိအတိုင်း ယင်းလက်မှတ်များ ပြန်ထုတ်မပေးပါက အလုပ်သမား ဝန်ကြီင်္းဌာနအထိ တိုင်တန်း ရန် ရည်ရွယ်ထားသည် ဟု အလုပ်သမားများက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိသည်ဟု အလုပ်သမား ရေးရာ အဖွဲ့များက ခန့်မှန်းကြသည်။

နယ်စပ်ဖြတ်ကျော် သွားရောက် အလုပ်လုပ်ကိုင်ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ အာဏာပိုင်တို့က ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်ကို ၂၀၀၉ ခု ဇူလိုင်လအတွင်းက စတင်ခဲ့ခြင်း ဖြစ်သည်။
အပြည့်အစုံသို့ >>

Saturday, 6 March 2010

နိုင်ငံကူးလက်မှတ် သက်တမ်းတိုး တလ ဆိုင်းငံ့မည်

Friday, 05 March 2010 17:17 ဧရာဝတီ 
မြန်မာနိုင်ငံကူး လက်မှတ် သက်တမ်း တိုးခြင်း၊ အသစ် လဲလှယ်ခြင်း ကိစ္စများကို ကမ္ဘာတဝန်းရှိ မြန်မာသံရုံး များတွင် ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တလ ဆိုင်းငံ့ထားရန် ပြည်ထဲရေး ဝန်ကြီးဌာနမှ ညွှန်ကြား ထားကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးက ဧရာဝတီသို့ ပြောသည်။
“ပတ်စ်ပို့ သက်တမ်း တိုးတဲ့ ကိစ္စတွေကို ယာယီ ရပ်ဆိုင်းထားဖို့ ပြည်ထဲရေး ဝန်ကြီးဌာနက ညွှန်ကြား ထားပါတယ်၊ ဧပြီလ အတွင်းမှာ သက်တမ်း ကုန်မယ့် ပတ်စ်ပို့တွေဟာ ဧပြီ မတိုင်ခင်မှာ သက်တမ်း တိုးကြရပါမယ်၊ ဘားကုဒ် စနစ်သုံး ပတ်စ်ပို့နဲ့ ပတ်သက်လို့ ဝန်ကြီး ဌာနက ဘာမှ ရှင်းမပြ သေးပါဘူး”ဟု မြန်မာသံရုံး ဝန်ထမ်းတဦးက ပြောသည်။
မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူ တဦးကလည်း “မနေ့က ကျမ သံရုံးကို အခွန်ဆောင်ဖို့ သွားပါတယ်၊ ကျမ ပတ်စ်ပို့က ၂၀၁၀ ဧပြီလ ထဲမှာ သက်တမ်း ကုန်မှာပါ၊ ဒါကြောင့် တခါတည်း ပတ်စ်ပို့ကို သက်တမ်း တိုးဖို့ပါ သူတို့ ပြောပါတယ်” ဟု ဆိုသည်။

ယင်းသို့ တလ ရပ်ဆိုင်းခြင်းကိစ္စကို ဘန်ကောက် မြန်မာသံရုံးတွင် ကြေညာချက်ကပ်ထားသည်မှတပါး ကျယ်ကျယ်ပြန့်ပြန့် သိရှိရန် ကြေညာခြင်းမရှိဟု မကြာသေးမီက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် သံရုံးသို့ ရောက်ရှိခဲ့သော အမျိုးသမီးတဦး က ဆိုသည်။

“သံရုံးနဲ့ လှမ်းတဲ့ နေရာက လူတွေ ဧပြီ မတိုင်ခင် သက်တမ်းလာပြီး တိုးရမယ်ဆိုတာ သိမှာ မဟုတ်ပါဘူး”ဟု သူက ဆိုသည်။

မိမိနိုင်ငံသားများအား လက်ရေးစနစ်သုံး နိုင်ငံကူးလက်မှတ်အစား နိုင်ငံတကာ ဘားကုဒ် စနစ်သုံး နိုင်ငံကူးလက်မှတ် များဖြင့် စတင် အစားထိုး လဲလှယ်ပေးရန် နိုင်ငံတကာ မြို့ပြလေကြောင်းပျံသန်းမှုဆိုင်ရာ အဖွဲ့အစည်း (International Civil Aviation Organization) က မြန်မာစစ်အစိုးရကို တောင်းဆိုထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၃၀ တွင် သံရုံးများ ဖွင့်လှစ်ထား ကြောင်း သိရသည်။
အပြည့်အစုံသို့ >>

Friday, 5 March 2010

မဲဆောက်ဒေသမှ မြန်မာအလုပ်သမားများ နိုင်ငံသားစိစစ်မှုခံယူရန် စိတ်မ၀င်စား

ရဲရင့်/ ၂ မတ် ၂ဝ၁ဝ ခေတ်ပြိုင်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန်အတွက် နိုင်ငံသားစိစစ်မှုကို ထိုင်းဘက်မှ အချိန် (၁) လ တိုးမြှင့်ပေးသော်လည်း ဒေသတွင်း သိန်းချီရှိသည့် မြန်မာအလုပ်သမားများက စိတ်ဝင်စားမှု အလွန်နည်းပါးကြသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

တာ့ခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၄) သိန်းခန့် ရှိသည့်အနက် နိုင်ငံသားစိစစ်မှုခံယူရန် လျှောက်လွှာတင်ထားသူ (၂) သောင်းကျော်သာ ရှိသည်ဟု မဲဆောက်အခြေစိုက် အလုပ်သမားအကျိုးဆောင် ကုမ္ပဏီများနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့များက သုံးသပ်ပြောဆိုခြင်းဖြစ်သည်။
မဲဆောက်မြို့ရှိ အလုပ်သမားရုံးမှ ၀န်ထမ်းတဦးက “မဲဆောက်မှာ နိုင်ငံသားစိစစ်ဖို့ လျှောက်တဲ့လူ (၁) သောင်းခွဲ လောက်ပဲ ရှိတယ်။ ဒီအချိုးက တာ့ခ်ခရိုင်အနေနဲ့ဆို နည်းပါတယ်။ ဒါက အလုပ်ရှင်နဲ့ အလုပ်သမားရဲ့အပိုင်းပါ။ သူတို့မလုပ်ရင်တော့ အကျိုးဆက်က သူတို့နဲ့ပဲ သက်ဆိုင်မှာပါ” ဟု ပြောသည်။
ထိုင်းနိုင်ငံအစိုးရ အလုပ်သမား ရှာဖွေရေးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ နိုင်ငံသားစိစစ်ရေး လျှောက်လွှာတင်ရန် နောက်ဆုံးသတ်မှတ်ရက်ကို ယခင်လကုန်မှ ယခုလကုန်သို့ တလထပ်မံ တိုးမြှင့်လိုက်သော်လည်း ယခုလကုန်ထက် နောက်ကျ၍ လာရောက်လျှောက်ထားသူများကို သက်တမ်းတိုးပေးတော့မည်မဟုတ်ကြောင်း တရားဝင်ကြေညာထားသည်။
မဲဆောက်အခြေစိုက် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် (JACBA) အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက “အလုပ်သမားတွေမှာ စာရွက်စာတမ်းမပြည့်စုံဘူး၊ လိုအပ်တဲ့ငွေကြေးမရှိဘူး။ ဒါလုပ်ရင် ဘယ်လို အကျိုးကျေးဇူးရှိမှာလဲ ဆိုတဲ့ သတင်းအချက်အလက် တွေကို မရရှိတဲ့အတွက် ငွေကုန်ပြီး ဘာကာကွယ်မှုမှလည်း မပေးဘူးဆိုပြီး အများစုက အစိုးရကို အယုံအကြည်မရှိတာ ဖြစ်တယ်” ဟု ပြောသည်။
မြန်မာကျောင်းဆရာတဦးက “ကျနော်ဆိုရင် (၈၈) က လူပါ။ ထိုင်းအလုပ်သမား လက်မှတ်နဲ့နေတာပါ။ ကျနော်တို့လိုလူတွေ အများကြီးပဲ။ ဒီလမကုန်ခင် နိုင်ငံသားစိစစ်မှု လျှောက်လွှာ တင်ထားတဲ့အတွက် အခုကိုင်နေတဲ့ အလုပ်သမားလက်မှတ် နောက်ထပ် (၁) နှစ် သက်တမ်းတိုးလို့ရတယ်။ ဒါကြောင့် လျှောက်လိုက်တာပါ။ အဓိက နောက်တနှစ် ထိုင်းမှာ နေလို့ရဖို့အတွက် ဖြစ်တယ်။ ဒီလက်မှတ်က ထိုင်းတွေလိုပဲ တစုံတရာ အခွင့်အရေးတွေရှိလို့ လာလုပ်ကြတာပါ။ ဒီကြားထဲ ထိုင်းအစိုးရ မူဝါဒပြောင်းရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ထိုင်းအလုပ်သမားရုံးမှာက နိုင်ငံသားစိစစ်မှုမလျှောက်ရင် လက်မှတ်သက်တမ်းတိုးခွင့် မရှိပါဘူး” ဟု ပြောသည်။
မဲဆောက်တွင် နိုင်ငံသားစိစစ်မှု လျှောက်လွှာတင်သူ အများစုမှာ နောက်ထပ် (၁) နှစ်သက်တမ်း ရရှိရန်အတွက် လာရောက် လျှောက်ထားခြင်းသာဖြစ်သည်ဟု ကာယကံရှင်များက ပြောကြားသည်။
အပြည့်အစုံသို့ >>

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမား ယာယီနိုင်ငံကူး လက်မှတ် လျှောက်လွှာတင်ရက် ပိတ်

02 March 2010 VOA

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် သက်တမ်းတိုးရမယ့်ရက် ဒီကနေ့ အဆုံးသတ်သွားခဲ့ပေမဲ့ မျှော်လင့်ထားသလောက်တော့ အလုပ်သမားတွေ မှတ်ပုံတင်တာမျိုး မရှိခဲ့ပါဘူး။ တရားဝင် မှတ်ပုံတင်ဖို့ ပျက်ကွက်သူတွေကိုတော့ ထိုင်းအစိုးရက နိုင်ငံကနေ မောင်းထုတ်မယ် ဆိုပြီး သတိပေးထားတာမို့ မြန်မာနိုင်ငံသားတွေ အပါအ၀င် သန်းချီရှိနေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေတွေ ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတာတွေကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင် အလုပ်လုပ်ကိုင်ဖို့ နိုင်ငံသားစိစစ်တဲ့ လုပ်ငန်းတွေကို ထိုင်းအာဏာပိုင်တွေက လက်ခံဆောင်ရွက်ပေးဖို့ သတ်မှတ်ရက် ကုန်ဆုံးသွားပေမဲ့ လျှောက်ထားခွင့်ရှိသူ အရေအတွက်ထက် အများကြီး လျော့နည်းပြီး မှတ်ပုံတင်ခဲ့ကြတာပါ။ အရင်က မှတ်ပုံတင်ခဲ့ဖူးသူတွေသာ အလုပ်လုပ်ကိုင်ခွင့် ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့် ရကြတာဖြစ်ပြီး ဒီအထဲကမှ တ၀က်လောက်ကသာ သတ်မှတ်ရက် ကုန်ဆုံးချိန်အထိ လျှောက်ထားခဲ့တာလို့ ရွှေ့ပြောင်း အလုပ်သမားများ တရားမျှတမှု ရရှိရေး အစီအစဉ် (Migrant Justice Program) က ညွှန်ကြားရေးမှူး အန်ဒီ ဟောလ် (Andy Hall) က ပြောပါတယ်။

“ကျနော်တို့ နားလည်ထားသလောက်ကတော့ ၆၀၀,၀၀၀၊ ၇၀၀,၀၀၀ လောက် ရှိနိုင်ပါတယ်။ မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေသာ အခု နိုင်ငံသား စိစစ်တဲ့ အစီအစဉ်မှာ လျှောက်ထားခွင့် ရှိတာပါ။ ဒီလို လျှောက်ထားခွင့်ရှိတဲ့ သူတွေကတော့ ၁,၄၀၀,၀၀၀ လောက် ရှိပါတယ်။”

သတ်မှတ်ရက် ကုန်ဆုံးချိန်အထိ လျှောက်လွှာ တင်ခဲ့သူတွေထဲက လိုအပ်တဲ့ စာရွက်စာတမ်း၊ အချက်အလက် မပြည့်စုံသူတွေ အနေနဲ့တော့ ဒီလကုန် နောက်ဆုံးထားပြီး ကျန်တဲ့ အချက်အလက်တွေကို ပေးသွားဖို့လည်း ရက်ထပ်တိုး သတ်မှတ်ခဲ့တာပါ။ တကယ်တော့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အပါအ၀င် အလုပ် လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားပေါင်း သန်းချီ ရှိနေတဲ့အထဲက ထိုင်းအစိုးရရဲ့ အစီအစဉ်အရ အရင်နှစ်တွေမှာ မှတ်ပုံတင်ပြီးသား လူဟောင်းတွေသာ အခု နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရှိပေမဲ့ ဒီအထဲကလည်း မျှော်လင့်ထားသလောက် အပြည့်အ၀ ပါမလာကြတာပါ။ ထိုင်းအစိုးရကတော့ မှတ်ပုံတင်မထားတဲ့ ကျန် သန်းချီရှိတဲ့ အလုပ်သမားတွေကို နေရပ်ရင်း ပြန်ပို့မှာ ဖြစ်တယ်လို့ ကြေညာထားတာပါ။

ဒါပေမဲ့လို့ ဒီလို ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ လက်တွေ့မကျလှသလို လိုအပ်ချက်တွေ ရှိနေတဲ့ ထိုင်းနိုင်ငံ စီးပွားရေးအတွက် အထောက်အကူလည်း မဖြစ်ဘူးလို့ ရွှေ့ပြောင်း အလုပ်သမားများ တရားမျှတမှု ရရှိရေး အစီအစဉ် ညွှန်ကြားရေးမှူး အန်ဒီ ဟောလ်က ပြောပါတယ်။

“သိတဲ့အတိုင်းပါပဲ၊ ဒီလောက်များတဲ့ လူတွေ၊ ထောင်သောင်းချီ ရှိနေတဲ့ လူတွေကို နေရပ်ရင်း ပြန်ပို့ဖို့ဆိုတာ အင်မတန် ခက်ခဲလှတဲ့ ကိစ္စပါ။ လက်တွေ့လည်း မကျပါဘူး။ ဒီလိုပဲ စီးပွားရေးစနစ်မှာလည်း အလုပ်သမားတွေ လိုပါတယ်။ ထိုင်းလူမှုအသိုင်းအ၀န်းနဲ့ လုပ်ငန်းရှင်တွေလည်း အလုပ်သမားတွေ လိုအပ်နေတာပါ။ ဒါကြောင့် ပြန်ပို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုဟာ လက်တွေ့မကျပါဘူး။ ဒီလို ခြိမ်းခြောက်ရတဲ့ ရည်ရွယ်ချက်ဟာလည်း အလုပ်သမားတွေ ဒီလုပ်ငန်းစဉ်မှာ ပါလာအောင် တွန်းအားပေးတာသာ ဖြစ်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်။”

ဒါ့အပြင် ထိုင်းနိုင်ငံမှာ လက်တလော ကြုံနေရတဲ့ နိုင်ငံရေး တင်းမာမှု ပြဿနာတွေဟာလည်း အလုပ်သမားတွေကို ပြန်ပို့ရေး အစီအစဉ်တွေ လုပ်ဆောင်ဖို့ ခက်ခဲနိုင်စရာ အကြောင်းတခု ဖြစ်နိုင်တယ်လို့လည်း ရွှေ့ပြောင်း အလုပ်သမားရေး လှုပ်ရှားနေတဲ့ အန်ဒီ ဟောလ်က ဆိုပါတယ်။

ထိုင်းအစိုးရက နိုင်ငံမှာ ရောက်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို တရားဝင် မှတ်ပုံတင် အလုပ်လုပ်ကိုင်ခွင့် ပေးပြီး တရားမ၀င် နေထိုင်သူတွေကိုတော့ ပြန်ပို့မယ်လို့ ကြေညာခဲ့တဲ့နောက် လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ စောင့်ကြည့်သူတွေရဲ့ ဝေဖန်မှုတွေလည်း နောက်ဆက်တွဲ ထွက်ပေါ်လာခဲ့တာပါ။ ဒါဟာ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တယ် ဆိုပြီး ပြောခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်းအစိုးရရဲ့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေအပေါ် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ဂျနီဗာမှာ ကျင်းပနေတဲ့ ၉၉ ကြိမ်မြောက် အစည်းအဝေးမှာလည်း ထိုင်းနိုင်ငံအနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးတာမျိုး မရှိဘူးဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ >>

Thursday, 25 February 2010

ထိုင်းရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံသား စိစစ်ရေးလျှောက်လွှာ ပိတ်ရက် တလတိုး

24 February 2010 VOA

ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်သမား မှတ်ပုံတင်ရမယ့် သတ်မှတ်ရက် ကုန်ဆုံးခါနီးတဲ့ အချိန်မှာ ဘယ်လို မှတ်ပုံတင်ကြရမယ် ဆိုတာတွေကို ထိုင်းအာဏာပိုင်တွေဘက်က အလုပ်သမားတွေ နားလည် သဘောပေါက်အောင် အချိန်မီ ရှင်းပြနိုင်ခြင်း မရှိတဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေ အကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ထိုင်းအစိုးရရဲ့ တရားဝင် သတ်မှတ်ထားတဲ့ရက် နီးကပ်လာတာနဲ့အမျှ လိုအပ်တဲ့ သတင်းအချက်အလက်တွေ မရနိုင်ဘဲ ဖြစ်နေတဲ့ အခြေအနေတွေကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အစောပိုင်းတုန်းကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ အလုပ်သမား မှတ်ပုံတင် သက်တမ်းတိုးရမယ့် ရက်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား ပြုလုပ်ကြရမယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီ အလုပ်သမား မှတ်ပုံတင်အပြင် မိမိ ဘယ်နိုင်ငံသားဖြစ်တယ် ဆိုတာကို ဖော်ပြမယ့် နိုင်ငံသား စိစစ်ရေးကတ်ပြား အတွက်လည်း မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံ တပါတည်း တင်ရမယ်ဆိုတဲ့ သတင်း ထွက်လာတာကြောင့် အလုပ်သမားတွေအကြား နားလည်မှုလွဲစရာ၊ နားရှုပ်စရာ ဖြစ်သွားစေခဲ့တာပါ။
နောက် တဘက်မှာလည်း ထိုင်းအစိုးရက ထိပ်ပိုင်းမှာ အခုလို ချမှတ်လုပ်ဆောင်နေတဲ့ ပေါ်လစီ အသစ်တွေကို အလုပ်သမားတွေကြား အချိန်မီရောက်အောင် မဖြန့်ပေးနိုင်တာတို့၊ ကန့်သတ်ရက်က အရမ်းကို တိုလွန်းနေတာ တို့ကြောင့်လည်း အလုပ်သမားတွေ အနေနဲ့ ဒါကို အချိန်မီ ဆောင်ရွက်နိုင်ဖို့ အခက်အခဲ တွေ့နေကြတာပါ။
အခုလို ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေတာကို အတတ်နိုင်ဆုံး သဘောပေါက်နိုင်အောင်လို့ အလုပ်သမားတွေအရေး ဆောင်ရွက်ပေးနေတဲ့ Migrant Justice Programme ရွှေ့ပြောင်းအလုပ်သမားများအတွက် တရားမျှတရေး စီမံကိန်းက စမွတ်စာခွန် နယ်မြေတာဝန်ခံ ကိုစိန်ဋ္ဌေးကို မေးကြည့်ခဲ့ပါတယ်။
“မှတ်ပုံတင် သက်တမ်းတိုးတဲ့ ကိစ္စကတော့ ၂၈ ရက်နေ့ နောက်ဆုံး၊ အဲဒါတော့ ဟုတ်တယ်။ ခုနပြောတဲ့ တလတိုးပေးတယ် ဆိုတာက မှတ်ပုံတင်တဲ့ အခါကျရင် နိုင်ငံသား စိစစ်ရေး လုပ်တဲ့ဖောင်၊ အဲဒီဖောင်ကိုလည်း တွဲပြီး ဖြည့်ရမယ်။ အဲဒါမှ မှတ်ပုံတင် ပေးမယ်။ ဆိုတော့ အခု တိုးပေးတယ်ဆိုတာ အဲဒီ ဖောင်ဖြည့်တဲ့ ကာလကိုပဲ တိုးပေးတာ။ မှတ်ပုံတင်တဲ့ ကာလကတော့ ၂၈ ရက်နေ့ နောက်ဆုံးပါပဲ။
“ဥပမာ အလုပ်သမားတယောက် မှတ်ပုံတင် သက်တမ်းသွားတိုးမယ် ဆိုရင် သူက နိုင်ငံသား စိစစ်ရေးဖောင်ပါ တခါတည်း တွဲပြီး တင်ရတယ်။ ဖောင်မပါရင် သူက သက်တမ်း တိုးမပေးဘူး။ အခု ဖောင်မပါလည်း တိုးလို့ရတယ်။ ဒါပေမဲ့ ၃ လပိုင်း ၃၁ ရက်နေ့ အတောအတွင်းမှာတော့ အဲဒီဖောင်ကို သွားပို့ပေးရမယ်။ တကယ်လို့ ဖောင် သွားမပို့ရင် ခုန သက်တမ်းတိုးထားတဲ့ဟာကို ပြန်ပြီး ပယ်ဖျက်မယ်၊ အဲဒီလိုပြောတာပါ။”
တကယ်တော့ ထိုင်းအစိုးရ ထိပ်တန်း အရာရှိတွေ ကြားမှာကိုက ဒီကိစ္စကို အမျိုးမျိုး ပြောဆိုနေကြတာ ဖြစ်ပါတယ်။
“ထိုင်းအလုပ်သမား ၀န်ကြီးက မီဒီယာတွေနဲ့ အင်တာဗျူးလုပ်တဲ့ အခါကျတော့ သူက ၂၈ ရက်နေ့ကို နောက်ဆုံးဆိုပြီး ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီနေ့ထပ်ပြီးရတဲ့ သတင်းအချက်အလက်က သူတို့က လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ကတည်းက ဌာနတွင်းဆိုင်ရာ ညွှန်ကြားချက် ပုံစံမျိုး ထုတ်ထားတာပေါ့။
“အဲဒီထဲမှာ ဘယ်လိုပါလဲဆိုတော့ နိုင်ငံသား စိစစ်တဲ့ ဖောင်တွေကို အလုပ်သမားတွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့ အပြီးတင်ရမယ် ဆိုတဲ့ဟာကို သူက ထပ်ပြီး တလ တိုးလိုက်တယ်။ မတ်လ ၃၁ ရက်နေ့ထိ တိုးလိုက်တယ် ဆိုပြီးတော့ ဌာနတွင်း ညွှန်ကြားလွှာ ထုတ်ထားတာ တွေ့ရတယ်။ အလုပ်သမား ၀န်ကြီးဌာနက အရာရှိတယောက်ကတော့ ၃၁ ရက်နေ့အထိ တိုးထားပေးတယ်ဆိုတာ ပြောသွားပါတယ်။”
အခု ထိုင်းအစိုးရက သတ်မှတ်လိုက်တဲ့ အလုပ်သမား မှတ်ပုံတင် သက်တမ်းဟာ အရမ်းကပ်လွန်းတာကြောင့် ထိုင်းအစိုးရ အနေနဲ့ ဒီကန့်သတ်ရက်ကို သက်တမ်း ထပ်တိုးပေးသင့်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားများအတွက် တရားမျှတရေး စီမံကိန်း ညွှန်ကြားရေးမှူး အန်ဒီ ဟောလ် (Andy Hall) က ပြောပါတယ်။
“ဒီကိစ္စကို သက်တမ်းတိုးပေးဖို့ လိုနေတယ် ဆိုတာကတော့ သေချာပါတယ်။ သက်တမ်းတိုးပေးဖို့က အရမ်း အရေးကြီးပါတယ်။ အလုပ်သမား ၀န်ကြီးဌာနက တလ သက်တမ်းတိုးပေးမယ်ဆိုလည်း ကျနော်တို့ ၀မ်းသာပါတယ်။ ဒါပေမဲ့ တလဆိုတာကတော့ အလုပ်သမားတွေ နားလည်လာအောင် လုပ်ပေးဖို့အတွက် အချိန်က တိုလွန်းပါသေးတယ်။ ဒါကြောင့် ထိုင်းအစိုးရ အနေနဲ့ တိကျပြတ်သားတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးဖို့ လိုပါတယ်။ အဲဒီ သတင်းအချက်အလက်တွေ အလုပ်သမားတွေထံ အချိန်မီရောက်အောင် လုပ်ပေးဖို့ လိုပါတယ်။”
ထိုင်းအစိုးရ အနေနဲ့ အလုပ်သမား မှတ်ပုံတင်ရက် သက်တမ်းတိုးပေးဖို့နဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်ပေးဖို့ နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က မနေ့ အင်္ဂါနေ့တုန်းကပဲ တောင်းဆိုထားပါသေးတယ်။
ထိုင်းအစိုးရက အခုချမှတ်ထားတဲ့ ပေါ်လစီအသစ် အရကတော့ အလုပ်သမားသက်တမ်း တိုးဖို့အတွက် ဖောင်တခုနဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားအတွက် ဖောင်တခု၊ စုစုပေါင်း ၂ ခု ဖြည့်ကြရမှာဖြစ်ပြီး ဖောင်တွေကို မြန်မာ၊ ထိုင်း၊ အင်္ဂလိပ် ဘာသာတွေနဲ့ ထုတ်ဝေထားတာ တွေ့ရပါတယ်။ ဒီဖောင်တွေဖြည့်ဖို့ အခက်အခဲ ရှိတယ်၊ အကူအညီ လိုအပ်တယ် ဆိုရင်တော့ မိမိတို့ သက်ဆိုင်ရာ ဒေသတွေမှာရှိတဲ့ NGO အဖွဲ့အစည်းတွေ၊ နီးစပ်ရာ ဘာသာစကား တတ်ကျွမ်းသူတွေထံ အကူအညီ တောင်းသင့်ကြတယ်လို့ ကူညီလုပ်ဆောင် ပေးနေသူတွေက ပြောပါတယ်။ ဒီဖောင်တွေ ဖြည့်ဖို့အတွက်တော့ ထိုင်းဘတ်ငွေ ၃,၈၀၀ ကုန်ကျမယ်လို့ ဆိုပါတယ်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP