Thursday 30 December 2010

You have 2 unanswered friend requests on hi5...

Hi Saw,

2 people have added you as friends on hi5. We need you to confirm that you know these people. Click the link below to respond to these friend requests:

http://www.hi5.com/friend/viewFriendRequests.do

Here are some of them:



Thanks for being a part of hi5!
The hi5 Team

If you do not wish to receive these emails, click the link below http://www.hi5.com/friend/account/optOutOfDigest.do

hi5 respects your privacy. If you have any concerns about your privacy, please view our privacy page. If you forget your password, you can reset it by clicking here.

------------------------------------------------------
Copyright 2002-2010 hi5 Networks, Inc. All rights reserved.
55 Second Street, Suite 400, San Francisco, CA 94105
Privacy Policy | Unsubscribe | Terms of Service
အပြည့်အစုံသို့ >>

Saturday 18 December 2010

Merry Christmas Saw!

hi5
 
 hi5   Merry Christmas Saw!   
     
 
 Prank Gift!  
New Snowball Fight Prank Gift in the hi5 Store!
For a limited time, the Snowball Fight Prank Gift will be available in the hi5 Store. What better way to celebrate the season by starting a virtual snowball fight with your friends?! Surprise your friends today by covering their profile in snow!

 
Start Snowball Fight!
     
 
New Levels and In-Game Items for the Holidays
Cast new Christmas Spells and bring your Kingdom to life with holiday style in Fantasy Kingdoms! Decorate your farm with new holiday items in the Barn Buddy Store! Enjoy playing the new Christmas-themed level in Faunasphere! Check out all the great new levels, items, and gifts available for a limited time during the holiday season.


Play Now!
   New Levels
     
 
   hi5 Games    hi5 Games    hi5 Games    hi5 Games    hi5 Games    hi5 Games      
                             
------------------------------------------------------
Copyright 2002-2010 hi5 Networks, Inc. All rights reserved.
55 Second Street, Suite 400, San Francisco, CA 94105
Privacy Policy | Unsubscribe | Terms of Service
အပြည့်အစုံသို့ >>

Friday 10 December 2010

People you know on hi5...

Hi Saw,

We have found some hi5 members you may know, click on the link below or on their pictures to view your friend suggestions:

http://www.hi5.com/friend/displayFriendSuggestions.do



Go to your hi5 page now!

Thanks for being a part of hi5!
The hi5 Team

If you do not wish to receive these emails, click the link below http://www.hi5.com/friend/account/optOutOfDigest.do

hi5 respects your privacy. If you have any concerns about your privacy, please view our privacy page. If you forget your password, you can reset it by clicking here.

------------------------------------------------------
Copyright 2002-2010 hi5 Networks, Inc. All rights reserved.
55 Second Street, Suite 400, San Francisco, CA 94105
Privacy Policy | Unsubscribe | Terms of Service
အပြည့်အစုံသို့ >>

Sunday 17 October 2010

စက်ရုံနှင့်အလုပ်သမားရုံးကို တရားစွဲဆိုမည်

.မြတ်ခိုင်ဦး / ၁၄ အောက်တိုဘာ ၂၀၁၀

ထိုင်းနိုင်ငံ အရှေ့မြောက်အရပ်ဒေသ ခွန်ခန်းခရိုင်ရှိ Dechapanich ငါးဖမ်းပိုက်ကွန်စက်ရုံမှ အလုပ်သမားအခွင့်အရေး တောင်းဆိုနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားခေါင်းဆောင်များက စက်ရုံနှင့် ဒေသဆိုင်ရာ အလုပ်သမားရုံးကို တရားစွဲဆိုမည်ဟု ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အဆိုပါစက်ရုံမှ အလုပ်ထွက်သည့် အလုပ်သမားအချို့၏ စာရွက်စာတမ်းများကို စက်ရုံတာဝန်ရှိသူများက မမှန်မကန်ပြုလုပ်မှုများရှိခဲ့၍ အလုပ်သမား (၉၄၈) ယောက်တို့က စက်တင်ဘာ(၇) ရက်နေ့မှ စတင်၍ တပတ်ကျော် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီး MAP ဖောင်ဒေးရှင်းနှင့် အလုပ်သမားအခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးဌာနတို့၏ ကြားဝင်ကူညီပေးမှုကြောင့် သဘောတူညီချက်အချို့ရရှိကာ အလုပ်သမားများက (၁၅) ရက်နေ့တွင် အလုပ်ပြန်ဆင်းခဲ့ကြသည်။
.သို့ရာတွင် လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုများ ရှိလာသည့်အတွက် စက်တင်ဘာလ (၂၅) ရက်နေ့မှ စတင်၍ ဆက်လက်မလုပ်ကိုင်တော့ဘဲ အလုပ်မှထွက်မည်ဟုဆိုကာ လူပေါင်း (၇၀၀) ခန့်က နုတ်ထွက်စာ တင်ခဲ့ကြသည်။ ထိုသူများအနက်မှ (၅၆၉) ဦးအား စက်ရုံမှူးက နုတ်ထွက်ခွင့်ပေးခဲ့သော်လည်း ၎င်းတို့၏ စက်တင်ဘာ လစာကို ထုတ်မပေးသည့်အပြင် အလုပ်သမား (၁၀၀) ကျော်၏ စာရွက်စာတမ်းများကို သိမ်းဆည်းထားခဲ့သဖြင့် အလုပ်သမားများက စက်ရုံဝင်းအတွင်း ဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ်သည်။

“ကျနော်တို့ ဦးဆောင်သူ (၅) ယောက်က အားလုံးကိုယ်စား အဓိကထားပြီး တရားစွဲဆိုမှာပါ” ဟု ကိုမြင့်ကြည်က ပြောသည်။ အဆိုပါ ဦးဆောင်သူ (၅) ဦးမှာ ကိုထွန်းထွန်းလွင်၊ ကိုမြင့်မောင်၊ ကိုမြင့်ကြည်၊ မနန်းအေးလွင်နှင့် ကိုဇော်မင်းနိုင်တို့ ဖြစ်ကြသည်။

ထိုင်းနိုင်ငံ၏ သတ်မှတ်ချက်ဖြစ်သော အနိမ့်ဆုံးလုပ်အားခ မပေးခြင်း၊ လုပ်ငန်းခွင်အတွင်း ညှဉ်းပန်းနှိပ်စက်ခဲ့မှုများ၊ ခြိမ်းခြောက် သေနတ်ဖောက် ခြောက်လှန့်ခဲ့မှုများအတွက် အဆိုပါစက်ရုံအား တရားစွဲဆိုမည်ဖြစ်ပြီး အလုပ်သမားများ၏ အလုပ်လုပ်ခွင့်အား ပယ်ဖျက်ခဲ့သော အလုပ်သမားရုံးကိုလည်း မိမိတို့အား အမည်ပျက်အလုပ်သမားစာရင်း ရောက်စေရန် လုပ်ခဲ့သည့်အတွက် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။

အကယ်၍ အဆိုပါအလုပ်သမားရုံးက အလုပ်သမားများ၏ အလုပ်လုပ်ခွင့်ကို ပယ်ဖျက်ခဲ့ခြင်းမရှိပါက အလုပ်သမားများသည် ထိုင်းနိုင်ငံ၏ အခြားအရပ်ဒေသများတွင် အလုပ်အကိုင်ရှာဖွေ ရပ်တည်ခွင့် ရနိုင်သေးသည်ဟု သိရသည်။

ယနေ့နံနက် ညှိနှိုင်းမှုအရ အလုပ်သမားများ စက်ရုံဝင်းအတွင်းမှ ထွက်ခွာပေးမှသာ လုပ်အားခငွေကို ပေးနိုင်မည်ဟု ပြောဆိုသောကြောင့် အလုပ်သမား (၇၀၀) ဦးခန့်မှာ စက်ရုံနှင့် မလှမ်းမကမ်းရှိ ကာနန်းဘုန်းတော်ကြီးကျောင်းတွင် ခွင့်တောင်း၍ ပြောင်းရွှေ့နေထိုင်ကြသည်။

ညနေ (၅) နာရီအချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများရှေ့မှောက်၌ လုပ်သားများ၏ လုပ်အားခများကို ပေးအပ်ပြီးနောက် အလုပ်ရှင်က အလုပ်သမားများအား ပြန်လည်အလုပ်လုပ်နိုင်ကြောင်း ပြောဆိုသော်လည်း အလုပ်သမားများက လက်မခံကြသဖြင့် စာရွက်စာတမ်း မရသေးသည့် ကျန်အလုပ်သမားများ၏ စာရွက်စာတမ်းများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း အလုပ်သမတဦးက ပြောသည်။

တရားစွဲဆိုရန်အတွက် လက်မှတ်ရေးထိုးထားသော စာရွက်စာတမ်းများကို ထိုင်းရှေ့နေများကောင်စီမှ ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားပေးမည်ဖြစ်ကြောင်း အဆိုပါအရေးအခင်းအတွက် သွားရောက်ကူညီနေသူ ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံသားများအသင်းမှ ဒေါ်သက်သက်ဦးက ပြောဆိုသည်။

အပြည့်အစုံသို့ >>

ဆန္ဒပြ မြန်မာအလုပ်သမား ၃၀၀ ကျော် မဲဆောက်သို့ ရောက်


.ဘစောတင် Saturday, October 16, 2010
ထိုင်း-လာအိုနယ်စပ် Khong Kean မြို့ရှိ Dechapanich ငါးဖမ်း ပိုက်ကွန် စက်ရုံတွင် အလုပ်ရှင်၏ မတရားမှုကို မကျေနပ်သဖြင့် ၁ လကျော် ဆန္ဒပြနေ ခဲ့ကြသော မြန်မာ အလုပ်သမားထဲမှ ၃၆၉ ဦးသည် ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့သို့ ရောက်ရှိလာကြကြောင်း သတင်းရရှိသည်။



မိမိတို့၏ လုပ်ခများနှင့် ယာယီနိုင်ငံကူးလက်မှတ် အပါအ၀င် စာရွက်စာတမ်းများ ပြန်လည်ရရှိရေးအတွက် စက်တင်ဘာလ ၇ ရက်နေ့မှ စတင်၍ အလုပ်သမား ၉၀၀ ကျော် ဆန္ဒပြခဲ့ကြသည်။
.ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက “သူတို့ကို အလုပ်ရှင်က ယာယီနိုင်ငံကူးလက်မှတ်တွေ၊ ဘာတွေတော့ ပြန်ထုတ်ပေးတယ်။ ဒါပေမယ့် အလုပ်ထွက်စာတို့ ဘာတို့တော့ မပေးဘူး။ ပြီးတော့ အလုပ်ရှင်က အလုပ်သမားရုံးမှာ ဒီအလုပ်သမားတွေကို အလုပ်ထုတ်ပစ်လိုက်ပြီဆိုပြီး ပြောလိုက်ပြီ။ ဒါကြောင့် ဒီအလုပ်သမားတွေမှာ အလုပ်ရှင်သူဌေးမရှိဘဲ ဖြစ်သွားပြီ။ ဒါကြောင့် အလုပ်သစ်ရှာဖို့ မဲဆောက်ကို ပြန်ဆင်းလာကြတယ်။ ဒီကနေ အလုပ်သစ် ပြန်ရှာကြမယ်ပေါ့” ဟု ပြောသည်။

အဆိုပါ အလုပ်သမားများသည် ယနေ့နံနက်ပိုင်းတွင် မဲဆောက်မြို့ မယ်တော်ရွာရှိ ဘုန်းကြီးကျောင်းတွင် ခေတ္တတည်းခိုကြပြီးနောက် ယခုအခါ ထိုင်းနယ်ခြားစောင့်တပ်များက ခေါ်ယူထားသည်ဟု သိရသည်။

အလုပ်သမား ကိုယ်စားလှယ် တဦးဖြစ်သူ ကိုအောင်တင့်က “ကျနော်တို့အားလုံး အခု မယ်တော်ဘုန်းကြီးကျောင်းထဲကနေ နယ်ခြားစောင့်တပ်ဝင်းထဲကို ပြောင်းသွားကြပြီ။ ဒီနေရာက ကျနော်တို့ အတွက် ပိုလုံခြုံမှု ရှိတယ်လို့ပြောပါတယ်။ အခုထိတော့ အေးဆေးပါပဲ” ဟု ဆိုသည်။

အလုပ်ရှင်က စက်ရုံမှ ထွက်ခွာကြမှသာ ယာယီနိုင်ငံကူးလက်မှတ်များနှင့် လုပ်ခငွေများကို ပေးမည်ဟု ပြောသဖြင့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အလုပ်သမား ၅၀၀ ကျော် စက်ရုံမှ ထွက်ခွာကာ Khong Kean မြို့ရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် တည နေခဲ့ကြကြောင်း သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဘဏ်ကတ်မှတဆင့် အလုပ်ရှင်က အလုပ်သမားများသို့ ငွေလွှဲပေးသော်လည်း အပြည့်အဝ မရရှိကြောင်း အလုပ်သမားအရေးတွင် ကူညီဆောင်ရွက်ပေးနေသူ MAP ဖောင်ဒေးရှင်းမှ မမိုင်က ပြောသည်။

“အစက သူဌေးက လစာငွေတွေကို တဦးချင်းစီ စာအိတ်နဲ့ ဝေပေးမယ်လို့ ပြောလို့ စောင့်ကြတယ်။ နောက်တော့ စာအိတ်နဲ့ မဝေတော့ဘူး။ ဘဏ်ကတ်ထဲကိုပဲ လွှဲပေးမယ်လို့ ဖြစ်ပြန်ရော။ ဘဏ်ကတ်ကို စစ်ကြည့်တော့ တချို့မှာ ၁ ထောင်လောက် ကွာနေတယ်။ တချို့ မှာ ၅၀၀ လောက် ကွာနေတာကို တွေ့ရတယ်။ အလုပ်သမားတွေ အနေနဲ့လည်း ဒီမှာဆက်နေရင် ပိုပြီး အခက်အခဲတွေနဲ့ တိုးမှာကိုမြင်လို့  မဲဆောက်ကို ဆင်းခဲ့ကြတယ်။ တချို့လည်း ကိုယ့်အဆက်အသွယ်နဲ့ကိုယ် မဟာချိုင်တို့ ဘာတို့ကို သွားကြတာရှိတယ်” ဟု ဆိုသည်။

ဆန္ဒပြ အလုပ်သမားများအနက် တချို့က အဆက်အသွယ်ရှာ၍ အလုပ်ပြောင်းသွားကြကြောင်း၊ ယခု အလုပ်သမားများ မဲဆောက်သို့ ပြန်လာနိုင်ရန် MAP ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးကြောင်းဟု သိရသည်။

ယခု အလုပ်သမားများ ဆန္ဒပြတောင်းဆိုရာတွင် NGO များ ပါဝင်လာသဖြင့် ပိုမိုရှုပ်ထွေးလာခြင်းဖြစ်သည်ဟု အလုပ်ရှင်က စွပ်စွဲကြောင်း၊ ထို့ကြောင့် အောက်တိုဘာ ၁၃ ရက်နေ့က အလုပ်သမားများနှင့် အလုပ်ရှင်တို့ ညှိနှိုင်းဖြေရှင်းရန် ကြိုးစားသောအခါ အလုပ်ရှင်က မည်သည့် NGO အဖွဲ့ဝင်ကိုမှ စက်ရုံတွင်းသို့ ၀င်ခွင့်မပေးနိုင်ဟု ပြောကြောင်း သိရသည်။

အလုပ်သမားများသည် စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြသဖြင့် ၀င်ငွေမရှိခြင်းကြောင့် စားဝတ်နေရေး ခက်ခဲလာခြင်း၊ အလုပ်ရှင်က ထုတ်ပစ်လိုက်ပြီဖြစ်သဖြင့် ရဲက ဖမ်းကာ အန္တရာယ်ပေးနိုင်ခြင်းအပြင် သူဌေးလူယုံများဖြစ်သော မြန်မာလုံခြုံရေးများ၏ ရန်ကိုပါ စိုးရိမ်သဖြင့် မဲဆောက်ကို ဆင်းလာကြခြင်းဖြစ်သည်ဟု သိရသည်။

အလုပ်သမား ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းဦးက “ဒီမှာ မြန်မာပြည်သားအချင်းချင်း နှိပ်ကွပ်ဖို့ခန့်ထားတဲ့ လုံခြုံရေးတွေ ရှိတယ်။ သူတို့က ကိုယ့်နိုင်ငံသားအချင်းချင်း ခဏခဏ ဒုက္ခပေးတယ်။ သူတို့ အရိုက်ခံရလို့ ခေါင်းကွဲတာ၊ ကျိုးတာပဲ့တာ မနည်းတော့ဘူး။ သတ်ပစ်ဖို့ဆိုပြီး အလုပ်ခံရတဲ့ လူတယောက် ရှိဖူးတယ်။ သူ့နာမည်က စိုးပိုင်။ သူက မသေဘဲ လွတ်သွားတယ်” ဟု ပြောသည်။

အလုပ်ရှင်သူဌေး၏ လူယုံ လုံခြုံရေးအဖွဲ့ ခေါင်းဆောင်သည် မွန်ပြည်နယ် သထုံသားဟု ကိုထွန်းဦးက ဆိုသည်။

ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများကို ယာယီ နိုင်ငံသားလက်မှတ် ပြုလုပ်ရန် စီစဉ်ပေးပြီးနောက် ထိုင်းအလုပ်ရှင်နှင့် မြန်မာ အလုပ်သမားများအကြား ယခု ပြဿနာမှာ အကြီးဆုံး ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသား အလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်း အထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့ များ၏ အဆိုအရ သိရသည်။
အပြည့်အစုံသို့ >>

Saturday 9 October 2010

ယာယီပတ်စပို့လုပ်ပြီး ပြန်လာသူများ ကားမှောက် ဒဏ်ရာရ

.မြတ်ခိုင်ဦး / ၀၇ အောက်တိုဘာ ၂၀၁၀

ယနေ့နံနက်(၈) နာရီ၌ ရနောင်းမှ ယာယီနိုင်ငံကူးလက်မှတ် လုပ်၍ပြန်လာသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တင်ဆောင်လာသည့် မှန်လုံကား (၁) စီး တိမ်းမှောက်ခဲ့ရာ အလုပ်သမားများ ထိခိုက်ဒဏ်ရာ ရရှိသွားကြသည်။

ယမန်နေ့ည (၁၀) နာရီခန့်က အလုပ်သမားများအား တင်ဆောင်၍ ရနောင်းမြို့မှ ထွက်ခွာလာသော အဆိုပါ မှန်လုံကားသည် မဟာချိုင်အနီးရှိ မဲ့ဂလောင်ဒေသတွင် ကားဘီးပေါက်၍ တိမ်းမှောက်သွားခြင်းဖြစ်သည်။

ကားပေါ်ပါလာသူ အလုပ်သမား (၄၀) ခန့်မှ လူ (၁၃) ဦးခန့်သည် ယခုအခါတွင် မဲ့ဂလောင်ရှိ မူဆမ်ခမ် ဆေးရုံတွင် ဆေးဝါးကုသနေရကြောင်း ဒဏ်ရာရရှိသူ မဟာချိုင် အနုဆောင် အအေးခန်းလုပ်သား ကိုအောင်နိုင်ဝင်း (၂၇) နှစ်၏ အစ်ကိုဖြစ်သူ ကိုအောင်လှိုင်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။
.၎င်းက “ကျနော့်ညီက ကားဘယ်ဘက်အခြမ်းမှာ ထိုင်လာတာ၊ ကားက ဒုန်းခနဲဆို ဘီးပေါက်ပြီး မှောက်တာတဲ့၊ သူ့ညာဘက်လက်က သွေးကြောတွေ ထိသွားလို့ (၁၀) ချက် ချုပ်လိုက်ရတယ်။ ပြီးတော့ မျက်နှာတွေ၊ ခေါင်းတွေ ဟိုနည်းနည်း ဒီနည်းနည်း ထိသွားတယ်။ ကျနော်က မဟာချိုင်ကနေ လာပြီး သူ့ကို ဆေးရုံပြောင်းတင်မယ် ပြောတော့ ဆရာမတွေက ပြောတယ်။ ဒဏ်ရာပြင်းသေးတယ် မခေါ်နဲ့ဦး၊ ဟိုကြရင် ကိုယ်ပဲပိုက်ဆံ ပေးရမယ်။ အခုက ကားသမားဆီက ပိုက်ဆံတောင်းမယ်လို့ ပြောတော့ မခေါ်ဖြစ်တော့ဘူး” ဟု ဆိုသည်။

ကိုအောင်နိုင်ဝင်းကဲ့သို့ ဒဏ်ရာပြင်းထန်သူ (၁၃) ဦးခန့် ရှိကြောင်းလည်း ဆရာမများက ပြောဆိုသည်ဟု ၎င်းက ပြောသည်။

ကားပေါ်တွင်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ မဟာချိုင်ဒေသရှိ လုပ်ငန်းမျိုးစုံတွင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး ရနောင်းမြို့တွင် ရုံးခန်းဖွင့်လှစ်ထားကာ ယာယီပတ်စပို့တာဝန်ယူ လုပ်ကိုင်သော (NITIPON) နိတိပွန်ကုမ္ပဏီ၏ ကြားခံပွဲစားများအစီအစဉ်ဖြင့် ယာယီပတ်စပို့ သွားရောက် လုပ်ကိုင်လာသူများ ဖြစ်ကြသည်။

ရနောင်းမြို့ရှိ နိတိပွန်ကုမ္ပဏီမှ တာဝန်ခံတဦးဖြစ်သူ ဖိကေ့စ်က “မဟာချိုင်နား မရောက်ခင် စမုတ်စွန်ကရာန်မှာ ဖြစ်တာပါ။ ဒဏ်ရာရတဲ့ သူကတော့ ဆေးရုံမေးကြည့်မှ ရပါမယ်။ ကျနော်တို့ အသေးစိတ် မသိလို့ပါ။ ကားမှာက ပကန် (အာမခံ) ရှိတဲ့ အတွက် သူတို့ အားလုံးတာဝန်ယူပါမယ်” ဟု ခေတ်ပြိုင်သို့ ပြောဆိုသည်။
အပြည့်အစုံသို့ >>

.မြတ်ခိုင်ဦး / ၀၁ အောက်တိုဘာ ၂၀၁၀

ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက တရားဝင် ထပ်မံမှတ်ပုံတင်ခွင့်ပြုမည့် အစီအစဉ်ကို အလုပ်သမားရေး လုပ်ဆောင်နေသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများက ကြိုဆိုလိုက်သည်။

ယင်းသို့ကြိုဆိုလိုက်သည့်အပြင် အလုပ်သမားများအား မှီခိုနေထိုင်သူများ၏ အခွင့်အရေးများကိုလည်း အကာအကွယ်ပေးရန် တောင်းဆိုလိုက်သည်။

ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသော စုပေါင်းအဖွဲ့အစည်းများ၊ ထိုင်းအလုပ်သမားသမဂ္ဂများ၊ ကျန်းမာရေးပညာရေး လုပ်ဆောင်နေသော လူမှုအဖွဲ့အစည်းများက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်ကာ ထိုင်းအစိုးရအား တောင်းဆိုချက်များကို တောင်းဆိုခဲ့သည်။
.ကြေညာချက်တွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် စီမံခန့်ခွဲရေး ထိုင်းအစိုးရက ရေရှည်မူဝါဒတခု ချမှတ်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးမှုတွင် ဥပဒေအရ အမှန်ဖြစ်စေမည့် ဆောင်ရွက်မှုကို အကောင်အထည်ဖော်စေလိုကြောင်း၊ မူဝါဒဆိုင်ရာတိုးတက်မှု လုပ်ငန်းစဉ်တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလုပ်သမားရေးရာ အဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအလုပ်သမားများ စသည့်သူများ ပါဝင်သော ကျယ်ပြန့်စွာဆောင်ရွက်နိုင်မှု ရှိရန်လိုအပ်ကြောင်း တောင်းဆိုထားသည့်အပြင် ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခွင့်ပြုခြင်းကို အသစ်ပြန်လည် ဖွင့်လှစ်ပေးသည့်အတွက် ထောက်ခံကြိုဆိုကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့်ပတ်သက်၍ တိတိကျကျ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် ဗဟိုအဖွဲ့အစည်းတခုကို ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း သို့မှသာ ဥပဒေ အသက်ဝင်လာနိုင်ပြီး ဖြစ်ပေါ်နေသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး ချိုးဖောက်နေမှုများအား ကိုင်တွယ်သွားနိုင်မည်ဖြစ်ကြောင်း ထောက်ပြထားသည်။ ထိုသို့လုပ်ဆောင်ရာတွင် အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုလည်းလိုကြောင်း ပါရှိသည်။

ယခင်အစဉ်အဆက် ပြုလုပ်လာခဲ့သော မှတ်ပုံတင်ခြင်းအစီအစဉ်များ၏ အားနည်းချက်များကို ထောက်ပြထားပြီး ယခုဖွင့်လှစ်မည့် အစီအစဉ်ကို (၆) လကြာ လုပ်ဆောင်ပေးရန်နှင့် အလုပ်သမားများအား အလုပ်ရှင် ရှိရှိ မရှိရှိ မှတ်ပုံတင်ခွင့်ပြုစေပြီး ထိုလုပ်သားများအား (၃) လအတွင်း အလုပ်ရှင် ရှာဖွေခွင့်ပြုရန်လည်း တိုက်တွန်းထားသည်။ ထိုင်းအစိုးရက ထိုင်းနိုင်ငံတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်မှတ်ပုံတင်ခွင့် ပြုခဲ့သည်မှာ ၂၀၀၄ ခုနှစ်မှစ၍ ယမန်နှစ် သြဂုတ်လ အပါအ၀င် (၇) ကြိမ် ခွင့်ပြုခဲ့ပြီးဖြစ်သည်။

လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ အတိုင်ပင်ခံအရာရှိ အန်ဒီဟောလ်က ထိုင်းအစိုးရသည် လက်မှတ်အသစ်ဖွင့်ပေးသည့် အစီအစဉ်ကောင်းကို မလွဲမသွေပြုလုပ်လိမ့်မည်ဟု ယူဆကြောင်း၊ သို့သော် ယခုအစီအစဉ်တွင် ယခင်က စနစ်မကျမှုများကြောင့် ဖြစ်ပေါ်ခဲ့ကာ တိုးပွားလာနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှောင်လွဲနိုင်မည့် ရေရှည်စီမံကိန်းတခုကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြောကြားသည်။

၎င်းက “တကယ်လို့ တုံ့ပြန်မှုမရခဲ့ရင်တော့ ထိုင်းစီးပွားရေး အကျိုးအမြတ်အတွက် ရွှေ့ပြောင်းအလုပ်သမားတွေက ဘယ်လိုပေးဆပ်နေတယ်ဆိုတာကို ပိုမိုအသိအမှတ်ပြုလာအောင် ဆောင်ရွက်ရပါမယ်။ ကုလသမဂ္ဂနဲ့ ILO တို့ရဲ့ နည်းစနစ်တွေကို အသုံးပြုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖွင့်ချရပါလိမ့်မယ်။ ဒီချိုးဖောက်မှုတွေကို တုံ့ပြန်ဖို့အတွက် အလုပ်သမားတွေဟာ စုစည်းပြီး သူတို့စွမ်းအားကို အသုံးချရပါလိမ့်မယ်။ ကျနော်တို့ ခွန်ခန်းမှာ မြင်တွေ့ခဲ့ရသလိုပေါ့” ဟု ပြောကြားသည်။

ပြီးခဲ့သည့်လအတွင်း၌ ခွန်ခန်းရှိ ငါးဖမ်းပိုက်စက်ရုံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီပတ်စပို့စ်နှင့် အလုပ်သမားကတ်များအား စက်ရုံတာဝန်ရှိသူများက အလွဲသုံးစားပြုခဲ့မှုအတွက် အလုပ်သမားများက တပတ်ကြာဆန္ဒပြခဲ့ရာ နောက်ဆုံးတွင် လုပ်ငန်းရှင်က အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောခဲ့ရသည်။

လက်မှတ်အသစ်ဖွင့်ပေးခြင်းကို ယခုနှစ်မကုန်ခင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မြန်မာအာဏာပိုင်များကလည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအစီအစဉ်အတွက် ကျန်ရှိသော မြဝတီနှင့် တာချီလိတ်တို့မှ ရုံးများကို ထိုင်းဘက်အခြမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ပေးရန် ဆန္ဒရှိကြောင်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန ဒါရိုက်တာ ခွန်ဂျီရာဆက်က စက်တင်ဘာ (၂၈) ရက်၌ တရားဝင်ပြောဆိုခဲ့သည်။
အပြည့်အစုံသို့ >>

မှတ်ပုံတင်အသစ် ဖွင့်ပေးမှုကို အလုပ်သမားရေးအဖွဲ့များ ကြိုဆို

.မြတ်ခိုင်ဦး / ၀၁ အောက်တိုဘာ ၂၀၁၀

ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက တရားဝင် ထပ်မံမှတ်ပုံတင်ခွင့်ပြုမည့် အစီအစဉ်ကို အလုပ်သမားရေး လုပ်ဆောင်နေသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများက ကြိုဆိုလိုက်သည်။

ယင်းသို့ကြိုဆိုလိုက်သည့်အပြင် အလုပ်သမားများအား မှီခိုနေထိုင်သူများ၏ အခွင့်အရေးများကိုလည်း အကာအကွယ်ပေးရန် တောင်းဆိုလိုက်သည်။

ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသော စုပေါင်းအဖွဲ့အစည်းများ၊ ထိုင်းအလုပ်သမားသမဂ္ဂများ၊ ကျန်းမာရေးပညာရေး လုပ်ဆောင်နေသော လူမှုအဖွဲ့အစည်းများက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်ကာ ထိုင်းအစိုးရအား တောင်းဆိုချက်များကို တောင်းဆိုခဲ့သည်။
.ကြေညာချက်တွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် စီမံခန့်ခွဲရေး ထိုင်းအစိုးရက ရေရှည်မူဝါဒတခု ချမှတ်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးမှုတွင် ဥပဒေအရ အမှန်ဖြစ်စေမည့် ဆောင်ရွက်မှုကို အကောင်အထည်ဖော်စေလိုကြောင်း၊ မူဝါဒဆိုင်ရာတိုးတက်မှု လုပ်ငန်းစဉ်တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလုပ်သမားရေးရာ အဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအလုပ်သမားများ စသည့်သူများ ပါဝင်သော ကျယ်ပြန့်စွာဆောင်ရွက်နိုင်မှု ရှိရန်လိုအပ်ကြောင်း တောင်းဆိုထားသည့်အပြင် ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခွင့်ပြုခြင်းကို အသစ်ပြန်လည် ဖွင့်လှစ်ပေးသည့်အတွက် ထောက်ခံကြိုဆိုကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့်ပတ်သက်၍ တိတိကျကျ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် ဗဟိုအဖွဲ့အစည်းတခုကို ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း သို့မှသာ ဥပဒေ အသက်ဝင်လာနိုင်ပြီး ဖြစ်ပေါ်နေသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး ချိုးဖောက်နေမှုများအား ကိုင်တွယ်သွားနိုင်မည်ဖြစ်ကြောင်း ထောက်ပြထားသည်။ ထိုသို့လုပ်ဆောင်ရာတွင် အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုလည်းလိုကြောင်း ပါရှိသည်။

ယခင်အစဉ်အဆက် ပြုလုပ်လာခဲ့သော မှတ်ပုံတင်ခြင်းအစီအစဉ်များ၏ အားနည်းချက်များကို ထောက်ပြထားပြီး ယခုဖွင့်လှစ်မည့် အစီအစဉ်ကို (၆) လကြာ လုပ်ဆောင်ပေးရန်နှင့် အလုပ်သမားများအား အလုပ်ရှင် ရှိရှိ မရှိရှိ မှတ်ပုံတင်ခွင့်ပြုစေပြီး ထိုလုပ်သားများအား (၃) လအတွင်း အလုပ်ရှင် ရှာဖွေခွင့်ပြုရန်လည်း တိုက်တွန်းထားသည်။ ထိုင်းအစိုးရက ထိုင်းနိုင်ငံတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်မှတ်ပုံတင်ခွင့် ပြုခဲ့သည်မှာ ၂၀၀၄ ခုနှစ်မှစ၍ ယမန်နှစ် သြဂုတ်လ အပါအ၀င် (၇) ကြိမ် ခွင့်ပြုခဲ့ပြီးဖြစ်သည်။

လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ အတိုင်ပင်ခံအရာရှိ အန်ဒီဟောလ်က ထိုင်းအစိုးရသည် လက်မှတ်အသစ်ဖွင့်ပေးသည့် အစီအစဉ်ကောင်းကို မလွဲမသွေပြုလုပ်လိမ့်မည်ဟု ယူဆကြောင်း၊ သို့သော် ယခုအစီအစဉ်တွင် ယခင်က စနစ်မကျမှုများကြောင့် ဖြစ်ပေါ်ခဲ့ကာ တိုးပွားလာနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှောင်လွဲနိုင်မည့် ရေရှည်စီမံကိန်းတခုကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြောကြားသည်။

၎င်းက “တကယ်လို့ တုံ့ပြန်မှုမရခဲ့ရင်တော့ ထိုင်းစီးပွားရေး အကျိုးအမြတ်အတွက် ရွှေ့ပြောင်းအလုပ်သမားတွေက ဘယ်လိုပေးဆပ်နေတယ်ဆိုတာကို ပိုမိုအသိအမှတ်ပြုလာအောင် ဆောင်ရွက်ရပါမယ်။ ကုလသမဂ္ဂနဲ့ ILO တို့ရဲ့ နည်းစနစ်တွေကို အသုံးပြုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖွင့်ချရပါလိမ့်မယ်။ ဒီချိုးဖောက်မှုတွေကို တုံ့ပြန်ဖို့အတွက် အလုပ်သမားတွေဟာ စုစည်းပြီး သူတို့စွမ်းအားကို အသုံးချရပါလိမ့်မယ်။ ကျနော်တို့ ခွန်ခန်းမှာ မြင်တွေ့ခဲ့ရသလိုပေါ့” ဟု ပြောကြားသည်။

ပြီးခဲ့သည့်လအတွင်း၌ ခွန်ခန်းရှိ ငါးဖမ်းပိုက်စက်ရုံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီပတ်စပို့စ်နှင့် အလုပ်သမားကတ်များအား စက်ရုံတာဝန်ရှိသူများက အလွဲသုံးစားပြုခဲ့မှုအတွက် အလုပ်သမားများက တပတ်ကြာဆန္ဒပြခဲ့ရာ နောက်ဆုံးတွင် လုပ်ငန်းရှင်က အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောခဲ့ရသည်။

လက်မှတ်အသစ်ဖွင့်ပေးခြင်းကို ယခုနှစ်မကုန်ခင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မြန်မာအာဏာပိုင်များကလည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအစီအစဉ်အတွက် ကျန်ရှိသော မြဝတီနှင့် တာချီလိတ်တို့မှ ရုံးများကို ထိုင်းဘက်အခြမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ပေးရန် ဆန္ဒရှိကြောင်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန ဒါရိုက်တာ ခွန်ဂျီရာဆက်က စက်တင်ဘာ (၂၈) ရက်၌ တရားဝင်ပြောဆိုခဲ့သည်။
အပြည့်အစုံသို့ >>

လက်မှတ်အသစ် လုပ်ပေးမည်ဟု ဝန်ကြီးပြောဆို

.မြတ်ခိုင်ဦး / ၂၇ စက်တင်ဘာ ၂၀၁၀

အလုပ်သမားမှတ်ပုံတင် လက်မှတ်မရှိသေးသည့် ရွှေ့ပြောင်းအလုပ်သမားများအား မှတ်ပုံတင်လုပ်ပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက စက်တင်ဘာ (၂၃) ရက်တွင် ပြုလုပ်သည့် ထိုင်းအလုပ်သမားဝန်ကြီးဌာန အစည်းအဝေး၌ ပြောကြားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြပါရှိသည်။

အဆိုပါ ပြောကြားချက်နှင့်ပတ်သက်၍ ရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသော နိုင်ငံတကာအဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက “လုပ်မယ်ဆိုရင် နိုဝင်ဘာလ ကက်ဘိနက် အစည်းအဝေးမှာ တင်ပြရမှာပါ။ ဒီမတိုင်ခင်တော့ အလုပ်သမားဝန်ကြီးဌာန အထက်မှာရှိတဲ့ အလုပ်သမားစီမံခန့်ခွဲရေး ကော်မတီကို တင်ပြရပါမယ်။ ကော်မတီက သဘောတူခွင့်ပြုရင် ကက်ဘိနက်ကလည်း သဘောတူမှာပါ” ဟု ပြောဆိုသည်။
.အလုပ်သမားမှတ်ပုံတင် လက်မှတ်အသစ် ပြုလုပ်ပေးမည်ဆိုလျှင် ယခင်ဘတ်လက်မှတ်ကို သက်တမ်းဆက်ထားပြီး ယာယီနိုင်ငံကူးလက်မှတ် ရရှိရန် စောင့်ဆိုင်းနေရသူများကိုလည်း လာမည့်ဖေဖော်ဝါရီတွင် အလုပ်လုပ်ခွင့် ဘတ်လက်မှတ် သက်တမ်း ထပ်မံတိုးပေးရမည် ဖြစ်ကြောင်းလည်း အဆိုပါအရာရှိမှ ပြောကြားသည်။

ထိုင်းနိုင်ငံတွင်းတွင် ရွှေ့ပြောင်းအလုပ်သမားဦးရေ (၂) သန်းခန့်ရှိမည်ဟု အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့များက ခန့်မှန်းထားကြသည်။ သို့သော် ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် အလုပ်သမားလက်မှတ် သက်တမ်းဆက်ထားသော ဦးရေမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား (၃) နိုင်ငံလုံးမှ (၁,၀၄၂,၂၄၂) ဦးသာ ရှိပြီး ထိုအထဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၈၃၃,၀၁၃) ဦး ပါဝင်သည်။

ထို (၃) နိုင်ငံလုံးမှ ဘတ်လက်မှတ် သက်တမ်းမဆက်သူပေါင်းမှာ (၂၇၃,၆၉၀) ဦးရှိသည့်အတွက် ထိုသူများအား ဇွန်လ (၂) ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ထိုင်းဝန်ကြီးချုပ်အမိန့်ဖြင့် လိုက်လံဖမ်းဆီးနေမှုများလည်း နိုင်ငံတဝှမ်းလုံးတွင် ဖြစ်ပေါ်နေသည်။

စက်တင်ဘာ (၂၂) ရက်စွဲဖြင့် ထုတ်ပြန်သော ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) ၏ သတင်းထုတ် ပြန်ချက်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ယာယီပတ်စပို့ ထုတ်ပေးပြီးသည်မှာ ဇူလိုင်လ (၂၅) ရက်နေ့အထိ (၁၄၂,၃၃၈) ဦးသာရှိသေးကြောင်း သိရှိရသည်။ သို့အတွက် ဆက်လက်၍ စောင့်ဆိုင်းနေသူပေါင်းမှာ (၆၉၀,၆၇၅) ဦးရှိနေသေးသည်ဟု ပါရှိသည်။

နှစ်နိုင်ငံအစိုးရများမှ ယာယီပတ်စပို့ ထုတ်ပေးမှု လုပ်ငန်းစဉ်ကို၂၀၁၂ ခုနှစ်တွင် အပြီးသတ်စေရမည်ဟု မကြာသေးမီက တရားဝင် ပြောကြားခဲ့သေးသော်လည်း သတ်မှတ်ချိန်အတွင်း ပြီးစီးရန်မဖြစ်နိုင်ဟု အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့များမှ ယူဆနေကြသည်။

နှစ်နိုင်ငံ သဘောထူစာချွန်လွှာအရ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို နယ်စပ်ဒေသများမှသာ ယာယီပတ်စပို့ဖြင့် တရားဝင်ခေါ်ယူမည်ဟုဆိုကာ ယမန်နှစ်မှစ၍ နိုင်ငံသားစိစစ်မှုလုပ်ငန်းကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်းမြို့တို့တွင် ပတ်စပို့ထုတ်ပေးရေးရုံးများ ဖွင့်လှစ်ကာ ပြုလုပ်လာခဲ့သည်။ ထို့အပြင် မိုးရာသီတွင် သွားလာရေးအဆင်ပြေရန်ဟု ဆိုကာ မြန်မာဘက်ခြမ်းရှိ ရုံးကို ထိုင်းနိုင်ငံဘက်အခြမ်းရှိ ရနောင်းမြို့သို့ ယခုနှစ် ဇူလိုင်လဆန်းမှစ၍ ပြောင်းရွှေ့ဖွင့်လှစ် လုပ်ကိုင်ပေးခဲ့သည်။

ဤအတောအတွင်း အဆိုပါ ရနောင်းမြို့ရှိ ယာယီပတ်စပို့စ် ထုတ်ပေးရေးရုံးကိုလည်း စက်တင်ဘာလကုန်တွင် ပိတ်သိမ်းကာ အောက်တိုဘာလဆန်းမှစတင်၍ မြန်မာနိုင်ငံဘက်အခြမ်း၊ ကော့သောင်မြို့သို့ ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်မည် ဆိုသည့် အတည်မပြုနိုင်သော ကောလာဟလများ ထွက်ပေါ်နေသည်။

ယာယီပတ်စပို့လုပ်ငန်း လုပ်ဆောင်နေသူ နေလကမ္ဘာ (SUN MOON WORLD) ကုမ္ပဏီမှ တာဝန်ခံတဦးကမူ “သူတို့သက်တမ်း ဆက်တိုးပေးထားတယ်လို့ စနေနေ့က ကျနော်တို့သွားတော့ ပြောတယ်” ဟု ဆိုသည်။

၎င်းက “ကျနော်တို့ (၃) လပိုင်းကတည်းက စလုပ်လာတာ (၄၀၀) ကျော် ပြီးစီးခဲ့ပါပြီ။ ဒီဘက်မှာ လုပ်တာ တနေ့ လူ (၈၀၀-၉၀၀) လောက်ပြီးတယ်။ ဟိုဘက်ရွှေ့သွားရင် တနေ့ကို (၃၀၀) လောက်ပဲ ပြီးမယ်ထင်တယ်” ဟု ဆိုသည်။

သို့သော် ရနောင်းပတ်စပို့ရုံးတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းတဦးက အတည်ပြု ပြောကြားရာတွင် “မပိတ်သေးဘူး၊ (၁၀) လပိုင်းကုန်လောက်မှ ပိတ်မယ်လို့ပြောတယ်။ ကျနော်တောင် (၂၈) ရက်နေ့ ထပ်သွားရမယ်။ ဒီအပတ်ဆို လုပ်ပေးတာ (၄,၀၀၀) ပြည့်တော့မယ်” ဟု ဆိုသည်။
အပြည့်အစုံသို့ >>

ထိုင်း ငါးဖမ်းပိုက်ကွန် စက်ရုံ အလုပ်သမားများ ဆန္ဒပြ


.ဘစောတင် Friday, October 08, 2010
မြောက်ပိုင်း လာအိုနယ်စပ် Khong Kean မြို့ရှိ Dechapanich ငါးဖမ်း ပိုက်ကွန် စက်ရုံတွင် မြန်မာ အလုပ် သမား ၉၀၀ ကျော်နှင့် အလုပ်ရှင်အကြား လုပ်ခလစာ အပါအ၀င် ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး ပြဿနာ ဖြစ်၍ အလုပ်သမား ဆန္ဒပြမှု ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
.အဆိုပါစက်ရုံမှ တာဝန်ရှိသူများက အလုပ်သမား ၆ ဦး၏ အလုပ်လုပ်ခွင့် ကတ်ပြား(Work Parmit)ရှိ ဓာတ်ပုံ များကို ပြောင်းလဲပစ်ခြင်း၊ ယာယီနိုင်ငံကူး လက်မှတ်၌ ပါရှိသော ဗီဇာ စာရွက်တွင် CANCEL ဟူသော စာကို ရေးသား ထား ခြင်းကြောင့် မကျေမနပ်ဖြစ်မှုမှ စတင်ကာ အလုပ်သမားများက စက်တင်ဘာလ ၇ ရက်နေ့မှ ၁၄ ရက်နေ့ အထိ တောင်းဆို ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း အလုပ်သမား ကိုယ်စားလှယ် တဦးက ပြောပြသည်။

တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးပြီးနောက် အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောရန် အလုပ်ရှင် က ကတိပြုခဲ့သော်လည်း လုပ်ခလစာနှင့် စာရွက်စာတမ်းများကို စက်ရုံတွင် ထုတ်ပေးခြင်းမရှိဘဲ ထိုင်း လူဝင်မှု ကြီး ကြပ်ရေးရုံးတွင် ထုတ်ယူရန် အောက်တိုဘာလ ၆ ရက်နေ့က ကြေညာချက် ထုတ်ရာမှ ဆန္ဒပြမှု ပြန်လည်ဖြစ်ပွားခဲ့ ကြောင်း အလုပ်သမားများ အရေး ဆောင်ရွက်ပေးနေသော MAP Foundation မှ မမိုင်က ပြောသည်။

“အလုပ်ရှင်က အလုပ်သမား ၅၆၉ ယောက်ကို အလုပ်ထွက်ခိုင်းနေတယ်။ ဒါပေမယ့် အလုပ်သမားတွေရမယ့် လုပ်ခ ကိုလည်း မရှင်းပေးတော့ အလုပ်သမားတွေက ထွက်လို့မဖြစ်ဘူး။ နောက်တခုက လုပ်ခကို လ၀က ရုံးမှာ သွားယူ ရမယ် လို့ စာကပ်တယ်။ ဒါကတော့ ထိုင်း အလုပ်သမား ဥပဒေနဲ့ မညီဘူးလေ။ ဥပဒေ အရက လုပ်ခလစာကို ကိုယ် လုပ်တဲ့ အလုပ်ရုံမှာ ထုတ်ရမှာ။ ဒါကြောင့် အခြေအနေက တင်းမာနေတယ်”ဟု ပြောသည်။

ထို့အပြင် အလုပ်ရှင်ဘက်မှ လုပ်ခလစာများ ထုတ်ပေးခြင်းမရှိဘဲ အလုပ်မသားများကို အောက်တိုဘာလ ၇ ရက်နေ့ နောက်ဆုံးထားပြီး စက်ရုံမှ ထွက်ခွာရန်၊ မထွက်ခွာလျှင် ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း နှစ်ကြိမ် စာကပ် သည် ဟုလည်း သိရသည်။

“စက်ရုံက ကျနော်တို့ကို အမျိုးမျိုး ခြိမ်းခြောက်တာပဲ။ ဒါပေမယ့် ကျနော်တို့လစာတွေ ကျနော်တို့ ယာယီပတ်စ်ပို့ အပါ အ၀င် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရပိုင်ခွင့်တွေကို မရသရွေ့ ကျနော်တို့ အားလုံး ဒီစက်ရုံက မခွာဖို့ ဆုံးဖြတ်ထား ပါတယ်”ဟု အလုပ်သမား ကိုယ်စားလှယ် ကိုမြင့်မောင်က ပြောသည်။

“လ၀က ရုံးမှာ ကျနော်တို့ စာရွက်စာတမ်းတွေ လခတွေကို သွားထုတ်ပါဆိုတာက ကျနော်တို့ကို တပတ်လှည့်နဲ့ လုပ်တာလို့ ကျနော်တို့ ယူဆတယ်။ ရုံးကိုရောက်တာနဲ့  လ၀ကက ကျနော်တို့ကို အဆင့်သင့်ဖမ်းမယ်ဆိုရင် ဖမ်းနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

အလုပ်ရှင်ဘက်မှ ယာယီနိုင်ငံကူးလက်မှတ်များကို လူစေ့မထုတ်ပေးခြင်း။ လုပ်ခများကို ပြည့်ပြည့်၀၀ မပေးခြင်းတို့ ကြောင့် ယာယီ နိုင်ငံကူး လက်မှတ် ပြန်လည်ရရှိထားသူ အလုပ်သမား ၅၆၉ ဦးက စက်တင်ဘာလ ၂၅ ရက်နေ့တွင် အလုပ် ထွက်စာတင်ခဲ့ကြသည်ဟုလည် ကိုမြင့်မောင်က ဆိုသည်။

ယင်းစက်ရုံတွင် ယာယီ နိုင်ငံကူးလက်မှတ်ရှိသူ မြန်မာအလုပ်သမား ၉၃၈ ဦးရှိပြီး ၃၆၉ ဦးမှာ ယာယီ နိုင်ငံကူး လက် မှတ် ပြန်ရခြင်း မရှိသေးကြောင်း သိရသည်။

အလုပ်သမားများမှာ စက်တင်ဘာလဆန်းက ဆန္ဒမပြမီအထိ နေ့စဉ် နံနက် ရှစ်နာရီမှ ည ရှစ်နာရီအထိ အလုပ်ဆင်းရ ကာ တရက် လုပ်အားခ ၁၇၀ ဘတ်ရရှိခဲ့ကြောင်း၊ ဆန္ဒပြပြီးနောက် နံနက် ၈နာရီမှ အလုပ်စ၀င်ကာ ညနေ ၅ နာရီတွင် အလုပ်ပြီးဆုံးပြီး တရက် လျှင် ၁၅၇ ဘတ်ရရှိကြောင်း၊ ယခု ဆန္ဒပြ အလုပ်သမားများသည် အလုပ်ရှင်ထံမှ ပျမ်းမျှ တဦး လျှင် ဘတ် ၄၀၀၀ ခန့်ရရှိရန် ကျန်နေသေးကြောင်း ကိုမြင့်မောင်က ပြောဆိုသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက“အခု လက်ရှိအနေအထားကတော့ အလုပ်ရှင်က ပတ်စ်ပို့ စာအုပ် ပြန်ထုတ်ပေးတာမှာ အိမ်ထောင်ရှင်တွေ ပါတယ် လေ။ တချို့ မိသားစုမှာ ယောက်ျားတွေက ရပြီ။ မိန်းမက မရဘူး။ မိန်းမက ရတယ်။ ယောက်ျားက မရသေးဘူး ဆိုတာ မျိုး ဖြစ်နေတယ်။ ဒါကြောင့် ပတ်စ်ပို့ အကုန်လုံးကို ထုတ်ပေးဖို့နဲ့ လစာကို ပြည့်ပြည့်၀၀ ဒီစက်ရုံထဲမှာပဲ ထုတ်ပေးဖို့ တောင်းဆိုနေကြတယ်။ စိုးရိမ်စရာ တချက်ရှိတာက တော့ အလုပ်ရှင်က အလုပ်သမားရုံးမှာ ဒီ အလုပ်သမားတွေကို အလုပ်ထုတ်ထားပြီးပြီဆိုတာ ကြိုတင်တိုင်ထားပြီး ၇ ရက် မြောက်သွားရင် အလုပ်ရှင်မဲ့ အလုပ်သမားတွေအဖြစ် ဖမ်းလို့ ရတဲ့ ဥပဒေ တခုရှိတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသား အလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်း အထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့ များ၏ အဆိုအရ သိရသည်။

အပြည့်အစုံသို့ >>

အလုပ်ရှင်က အလုပ်သမားများလခကို တောမောင်းရုံးတွင်ထုတ်ခိုင်းပြီး သေနတ်ပစ်ခတ်ခြိမ်းခြောက်မှုများ ပြုလုပ်နေ

.
သတင်း | |
ထိုင်း-လာအိုနယ်စပ်၊ ထိုင်းဘက်ကမ်း ခွန်ကယ်မြို့ရှိ DECHAPANIC (ဒီချာပဲန်နင်) ပိုက်စက်ရုံမှ အလုပ်ထွက်စာတင်ထားသည့် မြန်မာအလုပ်သမားများ လုပ်အားခနှင့် ပတ်စ်ပို့စ် စာရွက်စာတမ်းများကို တောမောင်းရုံးတွင် သွားထုတ်ယူရန် စက်ရုံမှူးက ကြေညာချက်ထုတ်ပြန်လိုက်ပြီး ခြိမ်းခြောက်မှုမျိုးစုံ ခံနေရသည်။

အလုပ်ထွက်စာတင်ထာသည့် မြန်မာအလုပ်သမား (၅၆၉) ဦးအား သေနတ်များဖြင့် ချိန်ရွယ်မှုများပြုလုပ်နေကြောင်း အလုပ်သမားတဦးက ပြောသည်။

“မနေ့ကတုန်းက စာကပ်ထားတယ်၊ အလုပ်ထွက်စာတင်ထားတဲ့ ၅၆၉ ယောက်ကို တောမောင်းရုံးမှာ လခ သွားထုတ်ရမယ်၊ ပြီးရင် စက်ရုံကနေထွက်သွားဖို့ စာထုတ်တာ ညသုံးနာရီလောက်မှာ သေနတ်နဲ့ ချိန်တယ်၊ မိုးပေါ်ပစ်ဖောက်တာ အဲဒါနဲ့ ကျနော်တို့က ဘုရားဆောင်မှာ တက်နေရတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ထိုင်းစက်ရုံ လုံခြုံရေးအဖွဲ့က ပြုလုပ်နေစဉ် မြန်မာအလုပ်သမား အုပ်ချုပ်ရေးအဖွဲ့မှ လူကြီး (၂) ဦး ရှိသော်လည်း တစုံတရာ တားမြစ်ခြင်းမရှိကြောင်း ၎င်းကဆက်ပြောသည်။
.“ကျနော်တို့ မထွက်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ စာရွက်စာတမ်းတွေ၊ လက်မှတ်တွေ၊ လုပ်အားခတွေ ကျနော်တို့ကို မပေးသေးဘူး၊ အဲဒါကြောင့် ကျနော်တို့မသွားတာပါ၊ အဲဒါတွေမရှိဘဲ ဘယ်မှသွားအလုပ်လုပ်လို့လဲ မရဘူး၊ သူဌေးကိုယ်စားလှယ်က တော်တော်ကောက်ကျစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်းက ပတ်စ်ပို့စ်များ ပြန်ထုတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့သော်လည်း လက်ရှိအလုပ်သမား ၂၀၀ ကျော်မှာ ပြန်မရသေးဘဲရှိကြောင်း ၎င်းက ဆက်ပြောသည်။

စက်ရုံတွင် ကပ်ထားသည့် ကြေညာစာတွင် စက်ရုံမှ အကြောင်းပြန်ထားသော အလုပ်သမားများအား ၂၇ ရက်၊ ၉ လ၊ ၂၀၁၀ မှ ၃ ရက်၊ ၁၀ လ၊ ၂၀၁၀ အထိ အလုပ်ထွက်စာကို အလုပ်သမား ဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း၊ ၇ ရက်၊ ၁၀ လ၊ ၂၀၁၀ နေ့ နံနက် (၉) နာရီတွင် စက်ရုံမှ ထွက်ပေးရန်၊ ၇ ရက်၊ ၁၀ လ၊ ၂၀၁၀ နံနက် (၉) နာရီတွင် အကြောင်းပြန်ထားသော အလုပ်သမား (၅၆၉) ဦးတို့သည် တောမောင်းရုံးသို့ သွားရန် တဦးတယောက်မျှ ရောက်လာခြင်းမရှိကြောင်းနှင့် အကြောင်းပြန်ထားသော အလုပ်သမားများသည် စက်ရုံမှ အလုပ်သမားများ မဟုတ်တော့သည့်အတွက် ၇ ရက်၊ ၁၀ လ၊ ၂၀၁၀ နေ့လည် (၁၄) နာရီတွင် စက်ရုံမှ ထွက်ပေးကြရန် ရေးသားထားကြောင်း ၎င်းအလုပ်သမားက ဆက်ပြောသည်။

စက်ရုံတာဝန်ရှိသူများက နောက်ထပ် စာရေးသားပြီး ညနေ (၅) နာရီတွင် စက်ရုံမှ ထွက်ပေးရန် ကြေညာထားကြောင်းလည်း သိရသည်၊

ပြီးခဲ့သည့်လအတွင်း အဆိုပါစက်ရုံရှိ မြန်မာအလုပ်သမားများက ပတ်စပို့စ်များ ပြန်ရရေးအတွက် ဆန္ဒပြတောင်းဆိုစဉ်ကလည်း စက်ရုံအာဏာပိုင်များက တောမောင်းများခေါ်ကာ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ခဲ့ပြီး ယခုတကြိမ်တွင် သေနတ်းဖြင့်ပါ ခြိမ်းခြောက်လာခြင်းကြောင့် သက်ဆိုင်ရာ အလုပ်သမားရေးတာဝန်ရှိသူများ၏ အကူအညီလိုအပ်နေကြောင်း မြန်မာအလုပ်သမားများက ပြောသည်။
အပြည့်အစုံသို့ >>

Sunday 5 September 2010

အထူးရဲ ဖမ်းဆီးမှုကြောင့် မြန်မာအလုပ်သမားထောင်ချီထွက်ပြေးနေရ

သတင်းနှင့်မီဒီယာကွန်ယက်။ အားမီ။ စက်တင်ဘာလ ၃ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အထူးစီမံကိန်းအနေဖြင့် ဘန်ကောက်မှ အထူးရဲ တပ်ဖွဲ့များလာရောက်၍ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို ယနေ့မနက်မှ စတင်ဖမ်းဆီးရာ မြန်မာအလုပ်သမားထောင်နှင့်ချီ ထွက်ပြေးပုန်းရှောင်နေရသည်။

ဘန်ကောက်အထူးရဲတပ်ဖွဲ့ အယောက် ၃၀၀ ခန့် မဲဆောက်မြို့တွင် တရားမ၀င်အလုပ် သမားများကို စစ်ဆေး ဖမ်းဆီးရာ ယနေ့နံနက်ပိုင်းတွင် အဖမ်းခံရသူ အယောက် ၁၀၀ ကျော်သည်ဟု အလုပ်သမားများက ပြောသည်။ မဲဆောက်မြို့တွင် အလုပ်လုပ်နေသော အလုပ်သမားအများစုမှာ အလုပ်သမားလက်မှတ် မရှိသောကြောင့် အ လုပ်ရုံများပိတ်ပြီး အလုပ်ရှင်က တိမ်းရှောင်ရန် ပြောသည်ဟု စက်ရုံတွင် လုပ်ကိုင်နေသည့် အလုပ်သမား တစ်ဦး က ပြောသည်။

"သုံးရက်ပိတ်ထားတယ်။စက်ရုံတွေက သုံးရက်ပိတ်ထားတယ်။အလုပ်သမားတွေကတော့ လက်ရှိလော လောဆယ် ကျနော်သိရသလောက်ဆိုလို့ရှိရင်တော့ တစ်ရာကျော်ရှိတဲ့ နေရာရှိသလို သုံး၊ လေး၊ ငါးရာ ရှိတာလည်းရှိတာပေါ့။ ဒါပေမယ့် လက်မှတ်မရှိတဲ့သူကတော့ လက်မှတ်ရှိတဲ့သူထက်စာရင်တော့ နှစ်ဆ လောက်ပိုများတာပေါ့။ အဲ့ဒါကြောင့် လက်ရှိ လောလောဆယ်ရှောင်ခိုင်းထားတယ်လေ။"

မဲဆောက်မှ ခရစ်ယာန်ဘာသာရေးဆရာတစ်ဦးက ယင်းဖမ်းဆီးမှုကြောင့် ယခုအချိန်တွင် မဲဆောက်မြို့တစ်မြို့ လုံးနီးပါးငြိမ်သက်လျှက်ရှိပြီး အလုပ်သမားအများစုမှာ ထွက်ပြေးနေ ကြရသည် ဟု ပြောသည်။

"အားလုံးဘယ်သူမှမနေကြဘူး၊ အားလုံး လယ်တော၊ ခြံ၊ ယာတောတွေမှာ ထွက်ပြေးသွား ကုန်ကြပြီ။ တချို့ကလည်း ပြေးမယ့်နေရာမရှိတော့ ဟိုဖက်ကမ်းကိုဒီတိုင်းပဲ အောက်လမ်း ကနေကူး ပြေးကြ တယ်လေ။"

ယနေ့နံနက် ၄ နာရီမှ စတင်၍ ဖမ်းဆီးရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ် သော စက်ရုံ အလုပ် ရုံများ၊ လမ်းများ၊ ဈေးများနှင့် ရပ်ကွက်များတွင် ဝင်ရောက်ဖမ်းဆီး နေဟု မဲဆောက်ရှိ မြန်မာအလုပ်သမား တစ်ဦးက ယခုလိုပြောသည်။

"အဖမ်းအဆီးကစနေပြီ၊ မနက် ၄ နာရီ၊ ၄ နာခွဲလောက်ကတည်းနေဖမ်းနေပြီလေ။စက်ရုံတွေ ဆောက် လုပ်ရေးဆိုက်တွေ အားလုံးပဲဝင်ဖမ်းနေတာလေ။ လမ်းတွေပေါ်မှာ လည်းတအားဖမ်းနေတယ်ဗျ။ အား လုံးထွက်ပြေးနေကြတယ် လောလောဆယ်ကတော့။ ကိုယ့်အိမ်ကိုယ်ပြန်တဲ့သူတွေလည်းရှိတယ်။ လမ်း မှာလည်းဖမ်းခံရတဲ့သူတွေရှိတယ်။"

ယခုဖမ်းဆီးမှုမှာ ဇွန်လအတွင်း ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သော ယာယီနိုင်ငံကူးလက်မှတ် စာရင်းမတင်သွင်းထားသူများ ဖမ်းဆီးပြန်ပို့ရေး အထူးအစီစဉ် ကြောင့်ဖြစ်သည်ဟု ရောင်ခြည်ဦး အလုပ်သမား အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေက ယခုလိုပြောသည်။

"ကျနော်တို့ယူဆတာကတော့ ထိုင်းဝန်ကြီးချုပ်ပြီးခဲ့တဲ့ ဇွန်လတုန်းကလက်မှတ်ထိုးထားတဲ့ ဒီတရားမ ဝင် အလုပ်သမားပေါ့နော်၊ အထူးသဖြင့်တော့ နိုင်ငံရေးစီစစ်ရေးလက်မှတ်မလုပ်တဲ့ အလုပ်သမားအား လုံးပေါင်း သူတို့ရဲ့အစီအစဉ်ထဲမှာ မပါတဲ့ အလုပ်သမားတွေကိုဖမ်းဖို့ပေါ့၊ သုံးသိန်းထိဖမ်းဖို့ပေါ့ အဲ့ဒီ အစဉ်အစီပဲလို့ ကျနော်တို့ယူဆတယ်။"

ယာယီနိုင်ငံကူးလက်မှတ်များလုပ်ပေးသော်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု စာရင်းမတင်သွင်းရ ခြင်းနှင့်ပတ်သက်၍လည်း ဦးမိုးဆွေက အခုလို သုံးသပ်ပြောဆိုသည်။

"ဒီနှစ်နိုင်ငံသဘောတူညီချက်နဲ့ လုပ်နေတဲ့အစီစဉ်ကို အလုပ်သမားအများစုက မြန်မာအစိုးရ ကိုမယုံ ကြည်တဲ့အတွက် ဒီစီမံကိန်းကမအောင်မြင်ဘူး၊ မအောင်မြင်တဲ့ အတွက်ကြောင့် နောက်ဆက်တွဲ အ ကျိုးဆက်အနေနဲ့ ဒါတွေကဖြစ်လာတယ်လို့ ကျနော်ကတော့မြင်တယ်။"

မဲဆောက်မြို့တွင် အလုပ်ရုံ၊ စက်ရုံပေါင်း ၇၀ ကျော်ရှိပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော် လုပ် ကိုင်နေကြသည်။

ထိုင်းအစိုးရက တရားမဝင်အလုပ်သမား သုံးသိန်းကို ဇွန်လ မှ အောက်တိုဘာလကုန်ထိ အထူးစီမံကိန်းအနေနှင့် ဖမ်းဆီး၍နေရပ်သို့ပြန်ပို့မည်ဟု တရားဝင်ကြေညာထားသည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာပြည်မှရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ နှစ်သန်းကျော် ရှိသော်လည်း တရားဝင် လုပ်သမား တစ်သန်း နှစ်သိန်းကျော်ရှိပြီး ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ရန် စာရင်းတင်သွင်းသူပေါင်း ကိုးသိန်းကျော်သာရှိသည်။ ကျန် အလုပ်သမားများမှာ တရားမဝင်အလုပ်သမားများဖြစ်သည်ဟု ထိုင်းအလုပ် သမား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အပြည့်အစုံသို့ >>

ရွှေ့ပြောင်းလုပ်သားများ ခေါ်ယူခွင့်ပြု

မြတ်ခိုင်ဦး / ၀၃ စက်တင်ဘာ ၂၀၁၀

နှစ်နိုင်ငံသဘောတူ စာချွန်လွှာအရ ရွှေ့ပြောင်းအလုပ်သမားများ ခေါ်ယူခွင့်ကို မြန်မာအစိုးရက သဘောတူလိုက်သဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၁,၇၅၉) ဦးအား ထိုင်းကုမ္ပဏီများက မကြာခင် ခေါ်ယူတော့မည်ဖြစ်သည်။

ထိုသို့ခေါ်ယူမည့် ထိုင်းကုမ္ပဏီများမှာ ခရိုင်အသီးသီးမှ ကုမ္ပဏီ (၈၅) ခုဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၄,၆၄၉) ဦးနှင့် အမျိုးသမီး (၇,၁၁၀) ဦး စုစုပေါင်း (၁၁,၇၅၉) ဦးကို ခေါ်ယူမည်ဖြစ်သည်။ ဒေသအားဖြင့် မြဝတီမှ (၄,၇၃၈) ဦး၊ ကော့သောင်းမှ (၃,၆၁၅) ဦးနှင့် တာချီလိတ်မှ (၃,၄၀၆) ဦး ပါဝင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးဌာနမှ ဘန်ကောက်ရှိ အလုပ်သမားရုံး (၁၀) ရုံးအပါအဝင် ခရိုင်ရုံးအသီးသီးသို့ ညွှန်ကြားလွှာပေးပို့ပြီး သက်ဆိုင်ရာကုမ္ပဏီများအား အဆိုပါ အလုပ်သမားများကို လျှောက်ထားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုခေါ်ယူခွင့်ပြုမည့် ရွှေ့ပြောင်းအလုပ်သမားများသည် နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သော မြဝတီ၊ တာချီလိတ်၊ ကော့သောင်းမြို့တို့မှတဆင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုခံယူကာ ယာယီပတ်စပို့စ်များဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးဌာနမှ ညွှန်ကြားလွှာအရ အချို့အလုပ်အကိုင်များသည် နေ့စားဖြစ်ပြီး အချို့မှာ လခစားဖြစ်သည်။

ချိုင်းယာဖွန်ခရိုင်ရှိ အထည်ချုပ်ကုမ္ပဏီတခုမှ ပေးသည့် အနိမ့်ဆုံးလစာငွေသည် တလလျှင် (၃,၉၅၂) ဘတ်မှ တရက်လုပ်အားခ (၁၅၂) ဘတ်ဟု သတ်မှတ်ပါရှိသည်။ သို့ရာတွင် အဆိုပါခရိုင်၏ အနိမ့်ဆုံးလစာငွေသည် တရက်လျှင် လုပ်အားခ (၁၅၆) ဘတ် ရှိရမည်ဖြစ်သည်။ ယခုတင်သွင်းထားသော နှုန်းထားကို ပြင်ဆင်မှု ပြုလုပ်မည် မပြုလုပ်မည်ကို မသိရှိရသေးပေ။

အမြင့်ဆုံးလစာသည် ချွန်ဘူရီခရိုင်မှ လူပုဂ္ဂိုလ်တဦးမှခေါ်ယူသည့် အထွေထွေ ဆောက်လုပ်ရေးလုပ်ငန်း အလုပ်သမားဖြစ်ပြီး လစာ (၇,၀၀၀) ဘတ်ဖြစ်သည်။ အရေအတွက်အားဖြင့် အမျိုးသား (၇၀)၊ အမျိုးသမီး (၂၂)၊ စုစုပေါင်း (၉၂) ဦးဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်အသီးသီးတွင် အနိမ့်ဆုံး လုပ်အားခအဖြစ် သက်ဆိုင်ရာခရိုင်အလိုက် ထိုင်းအစိုးရမှ သတ်မှတ်ထားသည်။ အနိမ့်ဆုံးလုပ်အားခမှာ တနေ့လျှင် အလုပ်ချိန် (၈) နာရီရှိပြီး တရက်လျှင် (၁၅၁) ဘတ်ရရှိမည့် ဇယာအို၊ ပီချစ်၊ ဖရေးနှင့် မဲဟောင်ဆောင် ခရိုင်တို့ဖြစ်ကြသည်။ အဆိုပါတွက်ချက်မှုတွင် အချိန်ပိုကြေး မပါဝင်ပေ။ အမြင့်ဆုံး တရက်လုပ်အားခမှာ (၂၀၆) ဘတ်ဖြစ်ပြီး ဘန်ကောက်နှင့် စမုတ်ပရာကန်ခရိုင်တို့တွင်ဖြစ်သည်။

လုပ်အားလိုအပ်သော ကုမ္ပဏီများမှ လုပ်သားခေါ်ယူနေခြင်းကြောင့် ကြားခံပွဲစားများ၊ လူကုန်ကူး ရောင်းသူများ၏ လိမ်လည်လှည့်ဖျားမှုမခံရရေး အလုပ်သမားများ အထူးသတိထားရန်လိုကြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသော အန်စီဂျီယူဘီမှ ကိုသက်ခိုင်က ပြောကြားသည်။

“အလုပ်သမားတွေ အလုပ်လုပ်ဖို့လာပြီဆိုရင် ကိုယ်က ဘယ်စက်ရုံ၊ ဘယ်ကုမ္ပဏီမှာ လုပ်ရမယ်ဆိုတာ သေချာသိအောင် လုပ်စေချင်တယ်။ အနိမ့်ဆုံးအဆင့် ကိုယ်လုပ်ရမယ့် လုပ်ငန်း၊ စက်ရုံအမည်၊ တည်ရှိရာခရိုင်တွေပေါ့” ဟု ၎င်းက ဆိုသည်။

ထိုသို့ အလုပ်သမားကိုယ်တိုင် မိမိလုပ်ကိုင်ရမည့် နေရာဒေသ လုပ်ငန်းအမျိုးအစားကိုသိမှ လိုအပ်သည့် အကြံပေးမှုမျိုးကို ထိထိရောက်ရောက် လုပ်ကိုင်ကူညီပေးနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ မိမိကို ခေါ်ဆောင်သော လုပ်ငန်း၊ ကုမ္ပဏီသည် အမှန်တကယ် ရှိမရှိကိုလည်း လိုအပ်လျှင် စုံစမ်းပေးနိုင်မည်ဖြစ်ပြီး လူကုန်ကူးခံရမှုများမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ယမန်နှစ်မှ စတင်၍ နိုင်ငံသားစိစစ်မှုပြုကာ ယာယီနိုင်ငံကူး လက်မှတ်ဖြင့်သာ အလုပ်လုပ်ကိုင်ခွင့် ပြုတော့မည်ဟု နှစ်နိုင်ငံအစိုးရများမှ သဘောတူ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
အပြည့်အစုံသို့ >>

တရားမ၀င် အလုပ်သမား ဖမ်းဆီးမှု စစ်ဆင်ရေးစ

ရဲရင့် / ၀၃ စက်တင်ဘာ ၂၀၁၀

တရားမ၀င် အလုပ်သမား (၃) သိန်းခွဲခန့်ရှိသည့် တာ့ခ်ခရိုင်တွင် ယနေ့မှ စတင်ကာ တရားမ၀င် အလုပ်သမားဖမ်းဆီးမည့် အထူးစစ်ဆင်ရေးကြောင့် ဒေသအတွင်းရှိ မြန်မာအလုပ်သမားများ လုပ်ငန်းခွင်များမှ ရှောင်တိမ်းနေကြသည်။

အဆိုပါစစ်ဆင်ရေးကြောင့် မဲဆောက်ရှိ မြန်မာအလုပ်သမား (၅) ထောင်ခန့်သည် မြန်မာနိုင်ငံ မြ၀တီမြို့သို့ သွားရောက်တိမ်းရှောင်နေကြပြီး ကျန်သိန်းချီသည့်အလုပ်သမားများမှာ လက်လှမ်းသင့်ရာနေရာတို့တွင် ခိုလှုံနေကြကြောင်း သိရသည်။

ယနေ့မှ စက်တင်ဘာ (၅) ရက်နေ့အထိ ဖမ်းဆီးမည့်စစ်ဆင်ရေးကြောင့် မဲဆောက်ဒေသရှိ စက်ရုံအလုပ်ရုံနှင့် စိုက်ပျိုးရေးခွင်များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအား အလုပ်ရှင်များက ယမန်နေ့မှ စတင်ကာ တိမ်းရှောင်စေခြင်း ဖြစ်သည်။ အလုပ်သမတဦးဖြစ်သူ မငယ်ငယ်က “ကျမတို့က မဲဆောက်ကမ်းနားစက်ရုံကပါ။ အလုပ်သမား (၂) ထောင်ရှိတယ်။ သူဌေးက ပြောတယ်။ မနေ့ကစပြီး ဘန်ကောက်က အထူးရဲတပ်ဖွဲ့ (၂၀၀) ကျော်ရောက်နေတယ်။ မိရင် တရားရုံးတင်မယ်၊ ထောင်ကျမယ်လို့ ပြောတယ်။ အကုန်လုံးရှောင်ကြဆိုပြီး စက်ရုံပါ ပိတ်ထားတယ်” ဟု ပြောသည်။

မဲဆောက်နှင့်မြ၀တီ နယ်ခြားသောင်ရင်းမြစ်တွင် စက်လှေမောင်းသည့် ကိုကုလားကြီးက “အဖမ်းအဆီးရှိလို့ မနေ့ကစပြီး ထိုင်းဘက်စက်ရုံက လူတွေ မြ၀တီဘက်ကို ပြန်ကူးလာကြတယ်။ စက်လှေခ တယောက် ကျပ် (၅၀၀) အထိယူတယ်။ အလုပ်သမားတွေက ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေ၊ အသိတွေဆီမှာ တည်းကြတာများတယ်” ဟု ပြောသည်။

မဲဆောက်ဘန့်စောင်ခွဲ အထည်ချုပ်စက်ရုံမှ မညိုညိုက “ဒီရပ်ကွက်မှာ စက်ရုံအကြီးအသေး (၈) ရုံရှိတယ်။ အလုပ်သမား (၂,၅၀၀) ကျော်ရှိတယ်။ အလုပ်ရှင်တွေက လုံးဝတာဝန်မယူဘူးဆိုတော့ အားလုံး မြ၀တီဘက် သွားရှောင်နေရတယ်” ဟု ဆိုသည်။

(၃) ရက်တာကြာမြင့်မည့် ဖမ်းဆီးမှုစစ်ဆင်ရေးအပြီးတွင် အလုပ်သမားများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ကြောင်း အလုပ်ရှင်များက မှာကြားထားသည်ဟုလည်း အလုပ်သမားများက ပြောသည်။

မြ၀တီဘက်ကူးရန် အခြေအနေမပေးသည့် အလုပ်သမားများမှာ ထိုင်းဘက်ခြမ်းရှိ တောထဲနှင့် အခြားအဆင်ပြေမည့် နေရာဒေသများတွင် တိမ်းရှောင်လျက်ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြောသည်။

မဲဆောက်မြို့တွင်းရှိ အလုပ်ရုံစက်ရုံများ အားလုံးနီးပါးပိတ်ထားပြီး အလုပ်သမားလက်မှတ်ရှိသူအချို့နှင့် ထိုင်းအလုပ်သမားအချို့သာ စက်ရုံများတွင် ကျန်ရှိပြီး မဲဆောက်ဈေး အနောက်ဘက်ရှိ မြန်မာအလုပ်သမား (၁၀၀) ခန့် လုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံ၌ အလုပ်သမား (၆) ဦးသာ ကျန်ရှိသောကြောင့် စက်ရုံကုန်ထုတ်လုပ်မှု ရပ်တန့်သွားသည်ဟု အလုပ်ရှင်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်တွင် မြန်မာအလုပ်သမား (၄) သိန်းခန့် လုပ်ငန်းခွင်အသီးသီးတွင် အလုပ်လုပ်ကိုင်လျက်ရှိရာ တရားဝင် အလုပ်သမားမှတ်ပုံတင်ထားသူမှာ (၆) သောင်းခန့်သာရှိပြီး မဲဆောက်ဒေသအတွင်း
အလုပ်ရုံစက်ရုံ (၂၈၀) ခန့်တွင် မြန်မာအလုပ်သမား (၂) သိန်းခန့် ရှိသည့်အနက် အလုပ်သမားမှတ်ပုံတင်ထားသူ (၄) သောင်းခန့်သာရှိသည်ဟု တာ့ခ်ခရိုင် အလုပ်သမားရုံး မှတ်တမ်းများအရ သိရသည်။

ယနေ့စတင်သော စစ်ဆင်ရေးသည် ပြီးခဲ့သည့် ဇွန်လ၌ စတင်သည့် ထိုင်းဝန်ကြီးချုပ်၏ တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများ ဖမ်းဆီးအရေးယူကာ နေရပ်ပြန်ပို့မည့် စီမံချက်၏ နောက်ဆက်တွဲ ဖြစ်သည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် (ဂျေအေစီဘီအေ) အဖွဲ့၏ ဥက္ကဋ္ဌ ဦးမိုးကြိုးက ခေတ်ပြိုင်သို့ပြောသည်။

၎င်းက “၀န်ကြီးချုပ် ပြောပြီးတဲ့နောက်မှာ ပထမဆုံး အရေးယူခြင်းပဲ။ ဒီအလုပ်သမားတွေကို ဖမ်းပြီးပြန်ပို့လိုက်ရင် ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်းအချို့ ရပ်ဆိုင်းသွားမှာ သေချာတယ်။ လုပ်ငန်းခွင်အသီးသီးမှာ မြန်မာအလုပ်သမားတွေကို ဈေးပေါပေါနဲ့ ရနေတာဖြစ်တယ်။ စက်ရုံအလုပ်ရုံတွေမှာ တနေ့ဘတ် (၅၀-၆၀) လောက်ပဲရတဲ့လူတွေရှိတယ်။ ထိုင်းနိုင်ငံမှာ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်တွေ၊ အန္တရာယ်ရှိတဲ့ အလုပ်တွေ၊ ညစ်ပတ်ပေရေတဲ့အလုပ်တွေ ထိုင်းတွေမလုပ်နိုင်ဘူး။ သိန်းချီတဲ့ အလုပ်သမားတွေကို ဖမ်းပြီးပြန်ပို့ရင် အရင်ဆုံး အစိုးရကို ကန့်ကွက်မှာကတော့ ထိုင်းလုပ်ငန်းရှင်တွေပဲ ဖြစ်တယ်” ဟု ပြောသည်။

ယနေ့နံနက်ပိုင်းတွင် မဲဆောက်၌ အဖမ်းခံရသည့် မြန်မာအလုပ်သမား (၂၀၀) ကျော်ခန့် ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့များက ပြောသည်။
အပြည့်အစုံသို့ >>

Monday 30 August 2010

နိုင်ငံသားစိစစ်မှု အစီအစဉ်သစ် ဖွင့်လှစ်ရန် တောင်းဆို

.မြတ်ခိုင်ဦး / ၂၇ သြဂုတ် ၂၀၁၀(ခေတ်ပြိုင်)

ထိုင်းအစိုးရ ပြုလုပ်နေသော နိုင်ငံတွင်းရှိ ရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အား အချိန်ကာလတိုးမြှင့် သတ်မှတ်ပေးရန် ထိုင်းနိုင်ငံရှိ အလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။
.မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံသားစိစစ်မှုပြုရေး လုပ်ငန်းစဉ်အတွက် လျှောက်လွှာတင်သွင်းရမည့်ရက်ကို ထိုင်းအစိုးရက ယခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်နေ့ နောက်ဆုံးထား သတ်မှတ်ခဲ့သည်။

သို့သော် အခက်အခဲအမျိုးမျိုးကြောင့် လျှောက်လွှာတင်သွင်းမှု မလုပ်နိုင်သေးသည့် ရွှေ့ပြောင်း အလုပ်သမားဦးရေ (၁) သန်းကျော် ရှိနေသေးသည့်အတွက် ထိုသူများလည်း နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်အတွင်း ပါဝင်လာနိုင်ရေး အချိန်တိုးမြှင့်ပေးရန် ဘန်ကောက်မြို့ အစိုးရဌာနရုံးတွင် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့၌ ကျင်းပသောအစည်းအဝေးတွင် တင်ပြတောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မတီ၊ ထိုင်းအစိုးရ အလုပ်သမားရေးရာ ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ထိုင်းနိုင်ငံအတွင်း အလုပ်သမားအရေး လုပ်ဆောင်နေသော NGOs အဖွဲ့အစည်းများ၊ အလုပ်သမား သမဂ္ဂများအပါအဝင် လူပေါင်း (၁၀၀) ကျော်တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးမှ သတင်းထုတ်ပြန်ချက်တွင် ပထမအချက်အနေဖြင့် နိုင်ငံသားစိစစ်မှု ပြုလုပ်ရေး (ဘတ်လက်မှတ်အသစ် ဖွင့်လှစ်ပေးရေး) အချိန်ကာလကို ပိုမိုတိုးမြှင့်သတ်မှတ်ပေးရန်၊ ထို့အတွက် ရွှေ့ပြောင်းအလုပ်သမားများသည် မိမိနိုင်ငံအတွင်း ပြန်၍ နိုင်ငံသားစိစစ်မှု ခံယူခြင်း မပြုလုပ်ရန်၊ အဘယ်ကြောင့်ဆိုသော် ထိုအလုပ်သမားများ၏ ဘဝလုံခြုံရေးနှင့် ၎င်းတို့၏ လုပ်အားကို အားကိုးအားထား ပြုနေရသော စီးပွားရေးလုပ်ငန်းများ ကမောက်ကမ မဖြစ်စေရေးတို့အတွက်ဖြစ်ကြောင်း တောင်းဆိုထားသည်။

ဒုတိယအချက်တွင် နိုင်ငံသားစိစစ်ရေးလုပ်ငန်း လုပ်ဆောင်နေသော ပွဲစားကုမ္ပဏီများအား ထိန်းချုပ်ပေးသွားရန် တောင်းဆိုထားသည်။ ထို့အတွက် ရွှေ့ပြောင်း အလုပ်သမားများထံမှ အကျိုးအမြတ် ရယူနေသူများကို တားမြစ်ပေးသွားရန်၊ သတ်မှတ်နှုန်းထားထက် ပိုမိုယူ၍ လုပ်ဆောင်နေသော ပွဲစားကုမ္ပဏီများအား တရားဝင်အရေးယူရန်၊ ရွှေ့ပြောင်းအလုပ်သမားများ တိုင်တန်းနိုင်မည့် နေရာသတ်မှတ်ပေးရန်နှင့် စာရင်းမှတ်တမ်းများကို အလုပ်သမားဝန်ကြီးဌာန လက်အောက်တွင်သာ ထားရှိရန် ပါဝင်သည်။

တတိယအချက်တွင် ထိုင်းအစိုးရအနေဖြင့် မြန်မာအစိုးရနှင့် ပိုမိုထိရောက်သည့် ဆက်ဆံရေး အကောင်အထည်ဖော်ဆောင်ရန် တောင်းဆိုထားသည်။ ထို့အတွက် လွယ်ကူသော နိုင်ငံသားစိစစ်မှု လုပ်ငန်းဖြစ်လာစေရေးအတွက် အချိန်နှင့် ငွေကုန်ကြေးကျ သက်သာပြီး ဘေးကင်းလုံခြုံမှုရှိလာမည် ဖြစ်သည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပိုမိုပါဝင် လုပ်ဆောင်လာမည်ဟု တင်ပြထားသည်။

စတုတ္ထအချက်တွင် အစိုးရ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများ စုပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမားများ နားလည်လွယ်သော ဘာသာစကားဖြင့် သတင်းအချက်အလက်များကို အလုပ်သမားထုအတွင်း ဖြန့်ဝေပေးသွားရန် ပါဝင်သည်။

ပဉ္စမအချက်တွင် အစိုးရအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဤနိုင်ငံသားစိစစ်မှုပြုရေး လုပ်ငန်းစဉ်တွင် သက်ဆိုင်သူ အားလုံးပါဝင်ကာ ငြိမ်းချမ်းသောနည်းဖြင့် ပြဿနာအားလုံးကို ဖြေရှင်းသွားရန်လိုကြောင်း တောင်းဆိုထားသည်။

ထို့အပြင် တရားဝင် ခွင့်ပြုချက်ရရှိထားသော ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်ရှင်အပြောင်းအလဲ အပါအဝင် မသမာသူတို့၏ ခေါင်းပုံဖြတ်မှုမှ အကာအကွယ်ရရှိစေရန် တရားဥပဒေ၏ ပံ့ပိုးကူညီမှုအတိုင်း ဘေးကင်းလုံခြုံမှုရှိရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား (၃) နိုင်ငံမှ ယနေ့အထိ နိုင်ငံသားစိစစ်မှု ပြုလုပ်၍ တရားဝင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော ရွှေ့ပြောင်းအလုပ်သမား အရေအတွက်သည် (၂) သိန်းခွဲရှိပြီး ၎င်းတို့အနက် မြန်မာနိုင်ငံသား (၁၄၀,၀၀၀) ကျော် ပါဝင်သည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂) သန်းခန့် ရှိမည်ဟု အလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများစာရင်းများအရ သိရပြီး ယခုနှစ် ဖေဖော်ဝါရီ (၂၈) ရက် နောက်ဆုံးထား၍ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းဆက်ရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃) သိန်းခန့်က တရားမဝင် အလုပ်သမားများအဖြစ်သို့ ကူးပြောင်းသွားခဲ့သည့်အတွက် (၈) သိန်းခန့်သာ ပြန်လည်မှတ်ပုံတင်ကြသည်။ ထို့အပြင် တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ခြင်းမရှိသူ အရေအတွက်မှာ (၁) သန်းခန့် ရှိနေသေးသည့်အတွက် ဤသို့တောင်းဆိုရခြင်းဖြစ်ကြောင်း အလုပ်သမားရေး လုပ်ဆောင်နေသူတဦးက ပြောကြားသည်။

အပြည့်အစုံသို့ >>

ကလေးမြို့နယ်ရှိ ရေနံမြေတွင် အလုပ်သမားများ ဆန္ဒပြ

.ခင်နှင်းထက်
၁၆ သြဂုတ် ၂၀၁၀ - (www.burmese.dvb.no)

ကလေးမြို့နယ်အတွင်းရှိ ချယ်ရီ ရိုးမ ရေနံမြေမှာ ပြီးခဲ့တဲ့ ရက်ပိုင်က အလုပ်သမားဆန္ဒပြမူဖြစ်ခဲ့ပြီး လုံထိန်းရဲတွေရဲ့ ရိုက်နှက်နှိမ်နင်းမူကြောင့် အလုပ်သမား ၂ ဦး ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ရေနံကုမ္ပဏီပိုင်ရှင်က ရေနံတွေကို ဈေးနှိပ်ဝယ်နေတဲ့အတွက် ရေနံဈေးတိုးပေးဖို့ အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုခဲ့ကြတာလို့ သိရပါတယ်၊ အခုလ ၁၄ ရက်နေ့က စတင်ခဲ့တဲ့ ဆန္ဒပြပွဲဟာ နောက်ပိုင်း အလုပ်သမား တထောင်လောက်အထိ ဖြစ်လာတဲ့အတွက် ကုမ္ပဏီပိုင်ရှင်က ကလေးမြို့က ရဲတွေကို အကူအညီတောင်း ဖြေရှင်းခဲ့တာလို့ ဆိုပါတယ်။
.အခုလ ၁၅ ရက်နေ့မှာ ရဲတွေက ဆန္ဒပြ အလုပ်သမားတွေကို ဖမ်းဆီးရိုက်နှက်ခဲ့တာလို့ အလုပ်သမားတွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပြပါတယ်။
" ကုမ္ပဏီရဲ့ လုံခြုံရေးတာဝန်ရှိတဲ့ လူတွေက လာပြီး ထိန်းသိမ်းဖမ်းဆီး အဲလိုတွေ လုပ်တာ၊ အားလုံး နောက်လူတွေ မလုပ်ရဲအောင်ပေါ့၊ ထိုးကြိတ်၊ ရိုက်နှက်၊ ကန်ကြောက်၊ အဲလိုတွေလုပ်တာ၊ အဲဒီမှာ နားရင်းအုပ်တာ၊ ပစ်ထိုးတာတွေ လုပ်တယ်၊ ဒုတ်တွေနဲ့ ရိုက်တယ်၊ နားတွေဘာတွေ ထိခိုက်ကန်ုတယ်၊ နှစ်ယောက်ကတော့ မျက်စိတော်တော် ပျက်သွားတယ်။ နောက်ပြီးတော့ နားလည်း မကြားရအောင် ဖြစ်သွားတယ်၊ ကျန်တဲ့ ခေါင်းဆောင်းပိုင်းကတော့ ထွတ်ပြေးကြတယ်၊ ထွတ်ပြေးတဲ့ လူတွေရဲ့ ပစ္စည်းတွေ၊ တဲ့တွေတော့ ဖျက်ဆီးပစ်လိုက်တယ်။ "
ဒီကုမ္ပဏီဟာ ရေနံဝယ်ယူရာမှာ နည်းအမျိုးမျိုးနဲ့ ခေါင်းပုံဖြတ်ယူနေတာကို မကျေနပ်တဲ့ အတွက် အလုပ်သမားတွေက ဆန္ဒပြခဲ့ကြတာလို့လည်း ကလေးမြို့ခံက အခုလို ဆက်ပြောပြပါတယ်၊၊
" ရေနံတပေပါကို သူတို့က ပေပါကြီးကိုလည်း အသားကုန် ဖောင်းထည့်ပေါ့၊ ပေပါအောက်ပိုင်းကော အပေါ်ပိုင်းကော၊ ပေပါနဲ့ မတူတော့ဘဲနဲ့ အလုံးကြီး ဖြစ်နေတယ်၊ ထပ်ရော အောက်ေ၇ာ ဖောင်းဖောင်းကြီး ဖြစ်ပြီးတော့ ပေပါကို ဝင်ဆံ့အောင် ဖန်းတီးထားတာပေါ့။ အဲလို ဖန်တီးထားတဲ့ ပေပါကြီးနဲ့ လက်ခံပြီးတဲ့ အပြင် တပေပါရောင်းလို့ရှိရင် ၈ ဂါလံ တပုန်း နောက်က အပိုပေးရသေးတယ်၊၊ ရေနံတူးတဲ့သူတွေက နောက် ၈ ဂါလံပုန်းကြီးတပုန်း သွားရောင်းမယ်ဆိုရင် ရေသန့်ဗူး ၂ ဗူး၊ အဲလို ပုံစံအမျိုးမျိုးနဲ့ သူက အပိုတောင်းယူတယ်။ အဲလိုပေးရတာ အပြင်ဈေးက ငါးသောင်း ကျော်ကျော်ပဲ ပေးတယ်၊ တပေပါကို "
ဆန္ဒပြ ဖြစ်ပြီးတဲ့နောက် ကုမ္ပဏီက ရေနံဈေး အနည်းငယ် တိုးပေးလိုက်ပေမယ့် အလုပ်သမားတွေနဲ့ ကုမ္ပဏီပိုင်ရှင်တွေ အကြား မကျေနပ်မူတွေ ဆက်ဖြစ်နေဆဲ လိုလည်း သူက ပြောပါတယ်။ ချယ်ရီ ရိုးမရေနံမြေဟာ ကလေးမြို့ အရှေ့မြောက်ဘက် မိုင် ၂၀ လောက် အကွာမှာ ရှိပြီး ရေနံအထွက်ကောင်းတဲ့ ရေနံမြေတခု ဖြစ်တယ်လို့လည်း ဒေသခံတွေ အပြောအရ သိရပါတယ်။
အပြည့်အစုံသို့ >>

Sunday 22 August 2010

မဟာချိုင် ပုစွန်စက်ရုံအလုပ်သမားများ သပိတ်မှောက်

မြတ်ခိုင်ဦး / ၂၀ သြဂုတ် ၂၀၁၀

ယနေ့နံနက်တွင် မဟာချိုင်ရှိ Asian Seafood Co.Ltd (တိမ်ပြာ) ပုစွန်စက်ရုံမှ အလုပ်သမားများ အလုပ်မဆင်းဘဲ ဆက်လက်ဆန္ဒပြမှု ဖြစ်ပွားနေသည်။

အလုပ်သမားအရေအတွက် (၃,၀၀၀) ခန့်ရှိသော မဟာချိုင်ရှိ Asian Seafood Co.Ltd ပုစွန်စက်ရုံမှ အလုပ်သမားများအား ယခင်ပေးနေကြ အချိန်ပိုကြေး တနာရီ (၃၈) ဘတ်အစား ကီလိုချိန်ဖြင့် ပေးအပ်မည်ဟု ပြောဆိုသဖြင့် အလုပ်သမားများက မကျေနပ်ဘဲ ယမန်နေ့ နံနက်ကတည်းက ဆန္ဒပြနေကြခြင်းဖြစ်သည်။ ထိုသို့အလုပ်မဆင်းဘဲ ဆန္ဒပြနေမှုကြောင့် ခေါင်းဆောင်ဟု ယူဆရသူ (၁၀) ဦးခန့်အား စက်ရုံရှိ လုံခြုံရေးများ၊ အလုပ်ကြပ်များက စက်ရုံ ရုံခန်းအတွင်းသို့ ခေါ်ဆောင်သွားကြပြီး ထိုးနှက်ကန်ကျောက်ကြကြောင်း၊ နံနက်ခင်းတွင် ရဲ (၆) ဦးလည်း ရောက်နေကြောင်း မျက်မြင်တဦးက ပြောကြားသည်။

ဆန္ဒပြသူများအနက်မှ လုပ်သက် (၁၀) နှစ်ကျော်သူ မအေးအေးသန်းက “ကျမတို့က ကီလိုစားနဲ့ဆိုရင် တကီလို ဘယ်လောက်ရမယ် မှန်းလည်း မပြောဘူး၊ ပေးချင်သလိုပေးရင် ကျမတို့နစ်နာတယ်။ ဒါကြောင့် မကျေနပ်လို့ ဆန္ဒပြကြတာ။ အခုမနက် ကျမတို့ ဆန္ဒပြကြတော့ ခေါင်းဆောင်လို့ထင်ရတဲ့ ယောက်ျားလေး (၁၀) ယောက်ကို ရုံးခန်းထဲ ခေါ်သွားတယ်။ စကားထပြောတဲ့ မိန်းကလေး (၃) ယောက်ကိုလည်း ကားနဲ့ ဘယ်ခေါ်သွားမှန်းမသိဘူး” ဟု ဆိုသည်။

ထို့နောက် သူဌေးနှင့် ကားသမားများရောက်လာ၍ အဆိုပါယောက်ျားလေးများအား ရိုက်နှက်ကာ ခုံများဖြင့် ပစ်ပေါက်ခြင်းတို့ကြောင့် အချို့မှာ ထွက်ပြေးလာနိုင်ပြီး အချို့မှာ ရုံးခန်းတွင် ကျန်ရစ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ဆန္ဒပြအလုပ်သမားများ၏ အလုပ်သမားလက်မှတ်များကို အလုပ်ကြပ်များက သိမ်းဆည်းထားပြီး ကျန်အလုပ်သမားများအား ကီလိုစားဖြင့် လုပ်မည့်သူများ လက်မှတ်ထိုး လက်ဗွေနှိပ်၊ မလုပ်လိုသူများ ကားပေါ်တက်ဟု ဆို၍ အလုပ်သမားများက ကြောက်လန့်၍ လက်မှတ်ထိုး လက်ဗွေနှိပ်ပေးလိုက်ရကြောင်း သိရသည်။

အဆိုပါစက်ရုံသည် ယခင်က ကီလိုစားဖြင့်သာ ခိုင်းစေလာခဲ့ပြီး လွန်ခဲ့သည့်တနှစ်ခန့်မှစ၍ ပုံမှန်လုပ်အားခအဖြစ် စမုတ်ဆာခွန်ခရိုင် သတ်မှတ်ချက် (၂၀၅) ဘတ်ကို ပေးအပ်ပြီး အလုပ်ချိန် (၈) နာရီကျော်လျှင် အချိန်ပိုကြေး တနာရီ (၃၈) ဘတ် ပေးခဲ့သည်။

သို့သော် ယမန်နေ့မှ စတင်၍ အလုပ်သမားများအား ကီလိုဈေးဖြင့် ပုတ်ပြတ်ပြန်ခိုင်းစေရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်လျှင် လကုန်ကျသင့်ငွေရှင်းရာတွင် လုပ်အားခရှင်းတမ်း (ဘိုင်စနယ်) အတိအကျကို ထုတ်ပြန်မပေးသဖြင့် အလုပ်သမားများမှာ ကျေနပ်မှုမရှိခဲ့ကြောင်း ယခင်နှစ်များက အတွေ့အကြုံရှိခဲ့သူ အလုပ်သမား ကိုစိုးဝင်းက ပြောသည်။

“အရင်က သူများစက်ရုံတွေ (၁၇၀) ဆိုရင် ကျနော်တို့က (၁၅၀) အဲဒီလို သူတို့က လုပ်ခဲ့တာ” ဟု ၎င်းက ဆိုသည်။

ထိုကိစ္စအတွက် အလုပ်သမားရေးအဖွဲ့များမှ မဟာချိုင်ရှိ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံး (ဆဝါဒီကမ်) သို့ သွားရောက်တင်ပြခဲ့ရာ အဆိုပါရုံးမှ တာဝန်ရှိသူ (၃) ဦးက Asian Seafood Co.Ltd ပုစွန်စက်ရုံသို့ သွားရောက်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးမှ တာဝန်ရှိသူများ ပြန်သွားပြီးနောက် ရုံးခန်းထဲ ခေါ်ယူထားသူများဖြစ်သည့် ကိုတင်နိုင်၊ ကိုကွမ်းသီးခြောက်အပါအဝင် (၈) ဦးအား အချုပ်ကားဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“တနာရီ (၃၈) ဘတ်တော့ မပေးနိုင်ဘူး၊ သူ့စက်ရုံကို ပိတ်ချင်ပိတ်၊ စက်ရုံတွေ အများကြီးရှိတယ်” ဟု သူဌေးလုပ်သူမှ ပြောကြောင်း ရုံးခန်းမှထွက်လာသူ အလုပ်သမတဦးက ပြောဆိုသည်။

ယခုနောက်ဆုံးအခြေအနေမှာ အလုပ်ရှင်နှင့်အလုပ်သမားများကြား ပြေလည်မှု မရရှိသေးဘဲ ထိုင်းအလုပ်သမားအခွင့်အရေးရုံးမှ သူများကိုလည်း ဆက်သွယ်၍ မရသေးပေ။
အပြည့်အစုံသို့ >>

မြန်မာလုပ်သား ခေါ်ယူမှု ကိုရီးယား ရပ်ဆိုင်းထား

ဝီရ / ၂၀ သြဂုတ် ၂၀၁၀

လုပ်သားများအပေါ် ချိုးဖောက်ထားသည့်အမှုများ စုံစမ်းစစ်ဆေး မပြီးသေးသရွေ့ မြန်မာအလုပ်သမား ခေါ်ယူမှုကို တောင်ကိုရီးယားနိုင်ငံက အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ကိုရီးယားသို့ လုပ်သားပို့ဆောင်ရာတွင် နှစ်နိုင်ငံ အစိုးရမှ (၂) နှစ်သက်တမ်း စာချုပ်ဖြင့် လုပ်ကိုင်နေပြီး ယင်းစာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် စာချုပ်အသစ် ချုပ်ဆိုရန် ကိုရီးယားအစိုးရဘက်မှ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ အလုပ်သမားရှာဖွေရေး အေဂျင်စီတခုမှ မန်နေဂျာတဦးက “အီးပီ (Employment Permit) လုပ်သားတွေရဲ့ အာမခံငွေတွေကို မြန်မာပွဲစားတွေက လက်မှတ်တုတွေနဲ့ ပို့တဲ့ကုမ္ပဏီနဲ့ ပေါင်းပြီး ထုတ်သွားတာတွေ ရှိတယ်။ ပြီးတော့ အီးပီ အလုပ်သမားတွေဆီက အကျိုးဆောင်ခတွေ အဆမတန်တောင်းပြီး လိမ်ထားတဲ့အမှုတွေ ရှိတယ်။ အဲလို မတရား ဖြတ်တောက်ခံရတာတွေကို တိုင်ကြားလာတဲ့အတွက် စစ်ဆေးဖို့ မြန်မာအာဏာပိုင်တွေဘက်က ပူးပေါင်းမှု မရှိတော့ အမှုက မပြီးသေးဘူး။ အဲဒါကြောင့် လုပ်သားတွေ ထပ်လက်ခံဖို့ ကိုရီးယားဘက်က ဆိုင်းငံထားတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ကိုရီးယားသို့ လုပ်သားပို့နေသည့် ကုမ္ပဏီက လုပ်သားများအပေါ် ချိုးဖောက်ထားသည့် အမှုများ မြန်မာဘက်က ကူညီဖြေရှင်းပေးခြင်း မရှိသရွေ့ ကိုရီးယားသို့ မြန်မာလုပ်သားပို့ဆောင်မှု ပြေလည်မည်မထင်ကြောင်း ၎င်းက ပြောသည်။

ကိုရီးယားသို့ တဦးတည်းကိုယ်စားလှယ်အဖြစ် လုပ်သားပို့ဆောင်ခွင့်ရထားသော ကုမ္ပဏီမှာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့မှ ဖွင့်လှစ်ထားသည့် ရွှေအင်းဝ ကုမ္ပဏီဖြစ်ကြောင်း ပြည်တွင်းအလုပ်သမားရှာဖွေရေး အေဂျင်စီအသိုင်းအဝိုင်းမှ သိရသည်။

ရွှေအင်းဝကုမ္ပဏီရုံးသို့ မေးမြန်းရာတွင် ကိုရီးယားအစိုးရ၏ တရားစွဲဆိုခြင်းခံရသူ မြန်မာအမျိုးသမီး ပွဲစားတဦးမှာ ၎င်းတို့ကုမ္ပဏီ ဝန်ထမ်းမဟုတ်သကဲ့သို့ သက်ဆိုင်မှုလည်း မရှိကြောင်း တာဝန်ရှိသူတဦးက ဖြေကြားခဲ့သော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းပယ်သည်။

တောင်ကိုရီးယား ဆောအူးမြို့ရောက် ကိုမော်ဇင်က “အလုပ်သမားတွေ ရသင့်တဲ့အခွင့်အရေးတွေအတွက် စာချုပ်ချုပ်တဲ့နေရာမှာ ပွဲစားတွေဘက်က မလိမ့်တပတ် လုပ်ထားတာတွေ ရှိတယ်။ ဥပမာ Bonus (အပိုဆုငွေ) ရသင့်ပေမယ့် စာချုပ်ချုပ်တော့ လုပ်သားက မရဘဲ ပွဲစားက ဖြတ်ယူတာရှိတယ်။ အခု ကိုရီးယားမှာ လုပ်နေတဲ့ မြန်မာအများစုက ဒါတွေ မတရားခံနေတာရှိသလို တချို့က တိုင်ကြားလာတဲ့အဆင့်အထိ ရောက်လာတော့ ကိုရီးယားဘက်က အခုလို ညစ်လိုက်တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

အလုပ်သမားအေဂျင်စီ (သို့မဟုတ်) ပွဲစားက မတရားသဖြင့် အကျိုးဆောင်ခ ရယူခြင်း၊ အာမခံငွေများကို မသမာသည့်နည်းဖြင့် ထုတ်ယူခြင်း၊ လုပ်သားအခွင့်အရေး ဆုံးရှုံးခြင်းတို့အား နှစ်နိုင်ငံ သဘောတူညီချက်အရ တိုင်ကြားနိုင်ကြောင်း သိရသည်။

ကိုရီးယားသို့ ရောက်လာသည့် မြန်မာလုပ်သမားများ၏ အဓိက ပြဿနာများမှာ ကုမ္ပဏီ၊ အခြေခံလစာနှင့်ခံစားခွင့်၊ အလုပ်ချိန်၊ နားခွင့်၊ နေထိုင်စားသောက်ရေး၊ အချိန်ပိုလုပ်အားခ စသည့် ခံစားပိုင်ခွင့်များ ဆုံးရှုံးခြင်း၊ အန္တရာယ်ရှိ အလုပ်များ လုပ်ကိုင်ရခြင်းတို့ ဖြစ်သည်။

“နောက်ပြဿနာက ကိုရီးယားမှာ အီးပီနဲ့ လာပြီး အဆင်မပြေလို့ မြန်မာပြည်မပြန်ဘဲ နေနေတဲ့ မြန်မာ (၁,၀၀၀) ကျော်ရှိတယ်။ အဲဒီ Overstay (ရက်လွန်) တွေအတွက် ဖြေရှင်းနည်းလမ်းရှာဖို့ ကိုရီးယားက တောင်းဆိုထားတယ်။ မြန်မာသံရုံးတွေက အခွန်ကောက်တာက လွဲရင် ဘာမှ ဖြေရှင်းပေးဖူးတာ မရှိတော့ ပြေလည်ဖို့ မလွယ်ဘူးလေ” ဟု အေဂျင်စီတခုမှ အဆိုပါ မန်နေဂျာဖြစ်သူက ပြောသည်။

ကိုရီးယားအစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ မြန်မာအလုပ်သမား (၃,၀၀၀) ခန့်ရှိပြီး အသေးစား ကုန်ထုတ်စက်ရုံ၊ အလုပ်ရုံများတွင် အများစုလုပ်ကိုင်ကြပြီး ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ငါးလုပ်ငန်း အချို့တွင်လည်း လုပ်ကိုင်နေကြသည်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP