Monday 7 December 2009

ထိုင်းတောင်ပိုင်းတွင် မြန်မာ ၃ ဦးကို လူသတ်မှုဖြင့် ထောင် ၂၅ နှစ်စီ ချမှတ်

မောင်တူး ၃၀ နိုဝင်ဘာ ၂၀၀၉  
ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်ကို သတ်ဖြတ်ခဲ့ကြသူ မြန်မာ ၃ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ဆသွန်ခရိုင် တရားရုံးက ထောင် ၂၅ နှစ်စီ ချမှတ်လိုက်ပါသည်။

မြန်မာရေလုပ်သား ၃ ဦးတို့ဟာ ပြီးခဲ့တဲ့ မတ်လက ဖူးခက်ကမ်းခြေအနီး ရွကိလှေနဲ့ အပန်းဖြေနေတဲ့ အသက် ၆၄ နှစ်ရှိ ဗြိတိန်လူမျိုး မစ္စတာ မယ်လ်ကို ရော်ဘာဆွန်ကို ဇနီးသည် ရှေ့မှာ သတ်ဖြတ်ခဲ့တာပါ။

မြန်မာပြည်မှာ စားဝတ်နေရေး ကျပ်တည်းနေလို့ ထိုင်းကို ခိုးဝင် အလုပ် လုပ်ကိုင်နေကြသူ မြန်မာ ၂ သန်းကနေ ၃ သန်းကြား ရှိနေပါသည်။
ထိုင်းရောက် မြန်မာတွေဟာ မကြာခဏ အလုပ်လက်မဲ့တွေ ဖြစ်ကြရပြီး အခုလို ပြစ်မှုတွေ ကျူးလွန်လေ့ရှိပါတယ်။
ဒီနေ့ထုတ် မြန်မာအလင်း သတင်းစာမှာလည်း ထိုင်းကို ခိုးထွက် လုပ်ကိုင်နေကြရတဲ့ မြန်မာတွေဟာ ထိုင်းရဲတွေကို ကြောက်နေကြရသလို လုပ်ခ အပြည့်အဝ မရကြဘူးလို့ ရေးသားထားပါတယ်။

မြန်မာတွေအတွက် မြဝတီ၊ ကော့သောင်း စတဲ့ ထိုင်း-မြန်မာ နယ်စပ်တွေ မှာ တရားဝင် ယာယီနိုင်ငံကူး လက်မှတ်တွေ လုပ်ပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ ထိုင်းရောက် မြန်မာတွေကတော့ နယ်စပ် မြန်မာ လဝက ရုံးတွေကို ပြန်ပြီး ယာယီ နိုင်ငံကူးလက်မှတ်တွေ လုပ်ဆောင်နေရာမှာ အဖမ်းခံရတာတွေ ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။

0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP