Wednesday 25 November 2009

ပြည်ပမှ ငါးဖမ်းလုပ်သား ၁၂ဝ ကျော် အင်းစိန်ထောင်တွင် ရောက်ရှိနေ

မိုးမခ အထောက်တော် အမှတ် ၀၀၄ - နိုဝင်ဘာ ၂၃၊ ၂ဝဝ၉

မြန်မာ့ရေပိုင်နက်တွင် ငါးခိုးဖမ်းသည်ဟု ယူဆရသည့် ငါးဖမ်းလုပ်သား ၁၂ဝ ကျော်ကို မြန်မာ့ တပ်မတော်(ရေ)က ထိန်းသိမ်းပြီး အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း AFP သတင်းဌာနက ဆိုသည်။

ဖမ်းထားသည့် နိုင်ငံခြား လှေ ၁ဝ စီးခန့် ရှိမည်ဟု ဆိုသည်။ ယခုအချိန်တွင် ၄ စီးသည် ထိုင်ဝမ်မှ ဖြစ်သည်ဟု ဆိုသည်။


"ထိုင်ဝမ်မှာ မှတ်ပုံတင်ထားတဲ့ ငါးဖမ်းလှေ ၄ စီး ပြီးခဲ့တဲ့အပတ်ကတည်းက ရန်ကုန်မှာ အဖမ်းခံထားရတယ် ဆိုတာကို ကျွန်တော်တို့ အတည်ပြုလို့ ရပါတယ်” ဟု ထိုင်ဝမ် ငါးလုပ်ငန်း ဌာန ဒုတိယ ညွှန်ကြားရေးမှူး Tsay Tzu-yaw က AFP သတင်းဌာနကို ပြောသည်။ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မသိရသေးဟု ဆိုသည်။


သင်္ဘော မာလိန်မှူးများ အပါအဝင် အနည်းငယ်သော ငါးဖမ်းလုပ်သားများမှာ ထိုင်ဝမ်နိုင်ငံသားများ ဖြစ်သည်။ ကျန် လုပ်သား အများစုမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နိုင်ငံတို့မှ ဖြစ်သည်ဟု ထိုင်ဝမ်နိုင်ငံထုတ် China Times သတင်းစာတွင် ရေးထားသည်။ နိုဝင်ဘာ ၁၈ ရက်နေ့က ထိုလှေ ၄ စီးသည် ထိုင်းနိုင်ငံ ဖူးခက်မြို့မှ ထွက်ခွာသွားခြင်း ဖြစ်သည်ဟု ဆိုသည်။ရေဒီယို အဆက်အသွယ်များ မပြတ်တောက်မီ သတင်းပို့ချက်များအရ လှေများကို မြန်မာ့တပ်မတော် (ရေ) က လိုက်လံဖမ်းဆီးနေသည် ဟု သိရသည်။China Times သတင်းစာတွင် ဖော်ပြထားချက်အရ ထိုလှေများသည် ခွင့်ပြုချက် မရဘဲ မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်သွားသည်ဟု ဆိုသည်။

ငါးဖမ်းလုပ်သားများ မည်သည့်တွက်ကြောင့် ထိန်းသိမ်းခံရသည်ကို သိရပါက ၎င်းတို့ နေရပ်ရင်း ပြန်နိုင်ရေးအတွက် ထိုင်ဝမ်အစိုးရက ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထိုင်ဝမ် ငါးလုပ်ငန်း ဌာန ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။

0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP