Tuesday 24 November 2009

မြန်မာ့အလုပ်သမားအရေး ယူကေတွင် တင်ပြဆွေးနွေး

ရွှေဇင် ၂၂ နိုဝင်ဘာ ၂၀၀၉ -

မြန်မာ့အလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး ယူကေနိုင်ငံ လန်ဒန်မှာ ဗြိတိသျှအလုပ်သမားသမဂ္ဂ အစည်းအဝေးမှာ မနေ့က ထည့်သွင်းဆွေး နွေးသွားပါတယ်၊

ဗြိတိသျှ အလုပ်သမားသမဂ္ဂ တခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဆရာ၊ဆရာမ များ သမဂ္ဂရဲ့ ဆွေးနွေးပွဲမှာ လန်ဒန်အခြေစိုက် မြန်မာ့အရေးလုပ်ရှားနေတဲ့ ဘားမား ကမ်ပိန်းယူကေ ကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ပတ်သက်လို့ တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။ အဓိက ဘာတွေ ဆွေနွေးခဲ့ကြတယ်ဆိုတာကိုတော့ ဒီဆွေးနွေးပွဲမှာ သွား ရောက်ရှင်းပြခဲ့တဲ့ ဘားမားကမ်ပိန်းယူကေ က မနန်းဆန်းက အခုလိုပြောပြပါတယ်။ “မြန်မာပြည်ရဲ့ အလုပ်သမားသမဂ္ဂအခြေအနေ၊ မြန်မာပြည်မှာ သမဂ္ဂဆိုတာ ဖွဲ့စည်းလို့မရတဲ့အကြောင်း၊ သမဂ္ဂ၀င်တဲ့သူတွေကို အစိုးရက ဖမ်းဆီး နှိပ်စက် နှစ်ရှည် ထောင်ချတယ် ဆိုတဲ့အကြောင်းတွေ ပြောပြတော့ သူတို့အတွက် အင်မ တန် အံ့သြစရာ ဖြစ်ခဲ့ရပါတယ်။ သေဒဏ်ပြစ်မှု ပေးတဲ့အကြောင်း၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ Federation of Trade Union of Burma အဖွဲ့မှာ သင်တန်းတက်ခဲ့တဲ့ သူ ၂ ဦးကိုလည်း ထောင် ဒဏ်ပေးခဲ့တယ်၊ အဲဒီလိုမျိုး အခြေအနေတွေကို တင်ပြခွင့် ရခဲ့ပါတယ်။” ဒါ့အပြင်မြန်မာနိုင်ငံရဲ့လက်ရှိပညာရေးအခြေအနေနဲ့ ဆရာ၊ဆရာမ တွေရဲ့ အခွင့်အရေး၊ လစာ စတာတွေကိုလည်း တင်ပြဆွေးနွေးခဲ့ကြတယ် လို့ဆိုပါတယ်။
ဗြိတိသျှအလုပ်သမားသမဂ္ဂဟာ တောင်အာဖရိကနိုင်ငံရဲ့ အသားအရောင် ခွဲခြားတဲ့ အာပါသိုက် Apartheid စနစ်တိုက်ဖျက်ရေးမှာ စွမ်းစွမ်းတမံ ဆောင်ရွက် ပေးခဲ့ ကြသူတွေပါ။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားတွေကြောင့် မြန်မာ့အရေးကိုလည်း ပိုပြီး စိတ်ဝင်တစား ရှိလာခဲ့ကြပါတယ်။
 ဒီဆွေးနွေးပွဲကနေပြီးတော့ မကြာခင်မှာ ပြုလုပ်မယ့် အဖွဲ့ဝင်ပေါင်း ၇ သန်း ကျော် ပါဝင်မယ့် ဆရာဆရာမသမဂ္ဂတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာပြည်နဲ့ ပတ်သက် ပြီးတော့ တင်ပြဆွေးနွေးမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်၊၊






0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP