Thursday 16 July 2009

စစ်အစိုးရ၏ အလုပ်သမားကာကွယ်ရေးဖွဲ့စည်းမှု နောက်ကျ

မင်းနိုင်သူ ၁၅၊ဇူလှိုင် ၂၀၀၉

မြန်မာနိုင်ငံသားအများအပြား ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေကြရသည်မှာ နှစ် (၂၀) ကျော်ရှိနေခဲ့ရာ ယခုမှ မြန်မာစစ်အစိုးရက အလုပ်သမားရေး တာဝန်ယူဖြေရှင်းရန် အားထုတ်ခြင်းမှာ နောက်ကျနေပြီဖြစ်ကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့တာဝန်ခံ ကိုမိုးဆွေက ပြောသည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာပါ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမည့် သတင်းနှင့်စပ်လျဉ်း၍ ပြောဆိုခြင်းဖြစ်သည်။

၎င်းက “ပြီးခဲ့တဲ့ အတွေ့အကြုံတွေအရ ပြောရမယ်ဆိုရင်လည်း တရားဝင်မြန်မာအလုပ်သမားတွေ မတရားအလုပ်ဖြုတ်ခံရတာတို့၊ မတရားအလုပ်ခံရတာတို့ရှိလို့ မြန်မာသံရုံးကို အကြောင်းကြားရင် တာဝန်ယူဖြေရှင်းပေးတာမရှိဘူး။ (၁) မှု (၂) မှုပေါ့နော် ကျနော်မှတ်မိသလောက်။ မြန်မာ အိမ်ဖော်အမျိုးသမီး မီးရှို့အသတ်ခံရတုန်းကတော့ သူတို့ တခေါက်လာဖူးတယ်။ (၉၅) ရာခိုင်နှုန်းကတော့ ဖြေရှင်းပေးတာမျိုး မရှိခဲ့ပါဘူး” ဟု ပြောသည်။

မြန်မာအလုပ်သမားများ အများဆုံးကြုံတွေ့ကြရပြီး အလုပ်သမားအဖွဲ့အစည်းများက အများဆုံးဖြေရှင်းပေးနေကြရသည်မှာ လုပ်အားခနှိမ်ပေးခြင်းနှင့် လစာလုံးလုံးမပေးဘဲ အလုပ်ဖြုတ်ပစ်ခြင်းတို့ ဖြစ်ကြောင်း ကိုမိုးဆွေက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက နာယကအဖြစ် တာဝန်ယူကာ သံရုံးဝန်ထမ်းများအပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ အခြားသင့်လျော်သူများဖြင့် ဖွဲ့စည်းသွားမည်ဟု သိရသည်။

ထိုကဲ့သို့ မြန်မာသံရုံးဝန်ထမ်းများဖြင့် ဖွဲ့စည်းဆောင်ရွက်ပါက ကြိုးနီစနစ်ကျင့်သားရနေသူများဖြစ်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများရှိနေမည်ဟု ကိုမိုးဆွေက ပြောသည်။

မြန်မာအလုပ်သမားရေးကိစ္စအတွက် ထိုင်းနိုင်ငံ ရနောင်းမြို့၌ ဇူလိုင် (၁၀) ရက်တွင် ကျင်းပသော နိုင်ငံသားစိစစ်ရေးနှင့် မြန်မာလုပ်သားထပ်မံ ခေါ်ယူရေးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံခြားရေးဒု-၀န်ကြီး ဦးမောင်မြင့် တက်ရောက်ခဲ့ပြီး ဖူးခက်မြို့သို့လည်း သွားရောက်ခဲ့သည်။

ဖူးခက်ရှိ မြန်မာအလုပ်သမားများကို နိုင်ငံသားစိစစ်မှုခံယူကြရန် ဒု-၀န်ကြီးက တိုက်တွန်းခဲ့ကြောင်း မြန်မာအလုပ်သမားတဦးက ပြောသည်။

မြန်မာအလုပ်သမားအများစုမှာ မှတ်ပုံတင်လက်ဝယ်မရှိသူများဖြစ်သည့်အပြင် လက်ရှိအလုပ်လုပ်နေရာ လုပ်ငန်းခွင်မှ နယ်စပ်ပြန်၍ နိုင်ငံသားစိစစ်ရေးခံယူရန်မှာ မလွယ်ကူကြောင်း ကိုမိုးဆွေက ပြောသည်။

“တိုင်းရင်းသားတချို့မှာ နိုင်ငံသားစိစစ်ရေးကတ်ကိုမရှိဘူး။ မရှိလို့ ပြန်သွားလုပ်ပြန်ရင် သူတို့က တရက်တည်းနဲ့ အပြီးလုပ်ပေး မှာလား။ နောက်တခုက အဲလိုနယ်စပ်မြို့တွေကို ပြန်လုပ်တဲ့အခါ အပြန်လမ်းမှာပဲ ထိုင်းရဲအဖမ်းဆီးခံရမယ့် ပြဿနာတွေ ရှိမယ်။ ရက်ကြာကြာ အလုပ်အကိုင်ပျက်လို့ လုပ်ငန်းရှင် မကြည်ဖြူမယ့် ပြဿနာတွေရှိတယ်။ မြန်မာအစိုးရလုပ်သင့်တာက ထိုင်းနိုင်ငံကို လာပြီး Mobile ပုံစံနဲ့ နိုင်ငံသားစိစစ်ရေးကိစ္စကို လုပ်သင့်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်သော မြန်မာနိုင်ငံသားများအား တရားဝင်ဗီဇာထုတ်ပေးခြင်းနှင့် အလုပ်လုပ်ခွင့် မှတ်ပုံတင်ခြင်းတို့ကို ဇူလိုင် (၁) ရက်နေ့မှ စတင်လုပ်ပေးနေပြီဖြစ်သော်လည်း မည်မျှကြာသည်အထိ ပြုလုပ်ပေးမည်ကို မသိရှိရသေးပေ။

နယ်စပ်မြို့မှ နိုင်ငံသားစိစစ်ရေးခံယူကာ ၀င်ရောက်လာသော မြန်မာအလုပ်သမားများအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူပွဲစားများအား ဘတ်ငွေ သုံးထောင်ပေးဆောင်နေကြရကြောင်း ဖူးခက်မြို့မှ မြန်မာအလုပ်သမားတဦးက ပြောသည်။

ယခုအလုပ်သမားမှတ်ပုံတင်ပြီးသူများအနေဖြင့် ၂၀၁၀ ဖေဖော်ဝါရီ (၂၉) ရက်အထိ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင် လုပ်ကိုင်နိုင်ကြမည်ဟု သိရသော်လည်း အသေးစိတ်အချက်အလက်များကို နှစ်နိုင်ငံဝန်ကြီးဌာနများက ထုတ်ပြန်ခြင်းမရှိသေးဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တာဝန်ခံက ပြောသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ စာရင်းများအရ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား (၂) သန်း ကျော်ရှိကြောင်း သိရသည်။

ခေတ်ပြိုင်

0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP