Saturday 12 June 2010

မြန်မာလုပ်သားများအတွက် ဂျပန်အလုပ်သင် ခံစားခွင့်စနစ်များ ပြောင်းလဲသတ်မှတ်

ရဲလင်းထွဋ် အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၉)

ဂျပန်နိုင်ငံသို့ လက်တွေ့လေ့ကျင့်ရေး သင်တန်းသားနှင့် နည်းပညာလေ့ကျင့် ရေးသင်တန်းသား လုပ်သားဖြင့် သွားရောက် အလုပ် လုပ်ကိုင်မည့် မြန်မာ လုပ်သားများအတွက် ခံစားခွင့်စနစ်များကို Japan International Training Corporation Organization (JITCO) က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအသိုင်းအ၀ိုင်းမှ သိရသည်။

အဆိုပါပြောင်းလဲမှုအရ ယခင်က သင်တန်းသားအဖြစ် ခေါ်ယူသော လုပ်သားများမှာ ပထမနှစ်အတွင်း တစ်လလျှင် ယန်းငွေ ၇၀,၀၀၀ ခံစား ခွင့်အဖြစ်ရရှိသော်လည်း ယခုအခါ နှစ်လသာ သင်တန်းကာလအဖြစ် နေထိုင်ရမည်ဖြစ်ပြီး အဆိုပါကာလနောက် ပိုင်းတွင် ယန်းတစ်သိန်းထက်ကျော်လွန်သော ငွေကြေးကို အရည်အသွေးပေါ်မူတည်ကာ ခံစားရရှိနိုင်တော့မည် ဖြစ်ကြောင်း မိုးယံ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ထင်ကျော်က မြန်မာတိုင်း(မ်)ကို ပြောသည်။ ယခု ပြောင်းလဲသတ်မှတ်လိုက်သော ခံစားခွင့် နည်းစနစ်အသစ်များကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှ စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး မြန်မာလုပ်သားများကို ထုတ်လုပ်မှု လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လက်ခံခေါ်ယူမည်ဖြစ်ကြောင်း JITCO အစည်းအဝေးထုတ်ပြန်ချက်အရ သိရသည်။

SHWE ZABU DEIK SERVICES မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်း နိုင်ကလည်း "ဂျပန်မှာ လုပ်အားခတွေကို နယ်မြေဒေသအလိုက် သတ်မှတ်ထားတာတွေ ရှိတယ်။ ဘယ်မှာဆို အနိမ့်ဆုံး လစာဘယ်လောက်ပေးရ မယ်ဆိုပြီးတော့ပေါ့။ ဒါကြောင့် နောက်ကို မြန်မာ လုပ်သားတွေက သုံးလ နောက်ပိုင်းကစပြီး အရင်ကထက် လစာ ပိုရရှိခံစားရမှာပါ"ဟု ပြောသည်။

ယခင်နှစ်များက သင်တန်းသား လုပ်သားအဖြစ် လုပ်ကိုင်ခွင့်ရသူများသည် ပထမနှစ်တွင် စာတွေ့လက်တွေ့ လေ့လာမှုများပြုလုပ် ရပြီး အလုပ်သမားဥပဒေအရ လစာခံစားခွင့်မရှိသဖြင့် ထောက်ပံ့ကြေးသာ ခံစားခွင့်ရရှိ ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ဒုတိယနှစ်နှင့် တတိယ နှစ်များတွင် ဂျပန်အစိုးရ၏ ဥပဒေ သတ်မှတ်ချက်များအတိုင်း လစာနှင့်ခံစားခွင့်များ ပြောင်းလဲ သွားသည့်အတွက် လုပ်ခများ တိုးမြှင့်ရရှိခဲ့သော်လည်း ယခုအခါ ပထမနှစ်တွင်ပင် ရရှိတော့မည်ဖြစ်သည်။

မြန်မာအလုပ်သင် သင်တန်းသားလုပ်သားများသည် ဒုတိယနှစ်နှင့် တတိယနှစ်များသို့ ရောက်သောအခါတွင် ဂျပန်အလုပ်သမား ၀န်ကြီးဌာန အောက်သို့ လွှဲပြောင်းရောက်ရှိသွား ခြင်းဖြစ်ကြောင်း သိရသည်။

"ဒုတိယနှစ်မှာ ခုနကစာမေးပွဲ ဖြေပြီး အောင်တဲ့အခါ လက်တွေ့ကျောင်းသား ဖြစ်သွားတဲ့အခါကျတော့ ၀င်ငွေက သက်ဆိုင်ရာ ဒေသ မှာ ရှိတဲ့ ဥပမာ ဟီရိုရှီးမားခရိုင်မှာ လူတစ်ယောက်ရဲ့ တစ်နှစ်လုံးလစာဟာ တစ်နာရီ ယန်း ၆၄၀ ရှိရမယ်ဆိုရင် အဲဒီ ၆၄၀ ပေးရ တယ်။ ၆၄၀ ကို ရှစ်နဲ့မြှောက်ပြီးရင် ၂၆ နဲ့ မြှောက်ကြည့်လိုက်၊ နောက်ပြီးတော့ အိုဗာတိုင်တွေရှိမယ်။ များသောအားဖြင့် ယန်း ၁၂,၀၀၀၊ ၁၃,၀၀၀ လောက်ရှိ မယ်"ဟု Brilliant Crusader Business Group မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးဆွေက မြန်မာတိုင်း(မ်) ကို ပြောကြားသည်။

ဂျပန်နိုင်ငံသို့ လာရောက်လုပ်ကိုင်သော နိုင်ငံခြားသား လက်တွေ့လေ့ကျင့်ရေးသင်တန်းသားနှင့် နည်းပညာ လေ့ကျင့်ရေး သင်တန်း သားများအတွက် လေ့ကျင့်ရေးစနစ်သည် ဂျပန်နိုင်ငံ နည်းပညာများကို တိုးတက်ကောင်းမွန်စေရန် သင်ကြားပေးခြင်းဖြစ်ပြီး နည်း ပညာ၊ အတတ်ပညာများကို ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် နည်းပညာပြန့်ပွားရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပို့ချပေးခြင်းဖြစ်သည်။

0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP