Friday 15 January 2010

မဲဆောက်ကမ်းနားတွင် သေနတ်ပစ်မှု တခုဖြစ်ပွား



ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်စပ် ကမ်းနားဖူးတွင်
ဇန်န၀ါရီလ ၉ရက်နေ့ကကမ်းနားစင်္ကြံ တွင် သားကြီး(အမိုးနီ စက်ရုံ တွင် အလုပ် လုပ်ခဲ့
ဘူးသူ) ထိုင်နေစဉ် အမည်မသိ အရပ်ဝတ် ၂ဦး က အတင်း ၀င်ရောက်ဖမ်းချူပ်ထိုးကြိတ်
ခဲ့ ရာ သားကြီး က အတင်း ရုန်းထွက်ပြီး အနီးအနားရှိ လူများအား အကူအညီ တောင်းရာ
လူအချို့ ရောက် လာစဉ် လူ၂ဦး ထဲမှ တယောက်က သေနတ်ထုတ် ၍ အနားကပ်ရင်ပစ်
မယ် ဟု ခြိမ်းခြောက် သဖြင့် မည်သူမှ မ၀င်ရောက် ရဲဘဲ ရှိစဉ် သားကြီးက ချုပ်ထားသူ
လက်မှ ရုန်းထွက်ပြီး လူအုပ်ကြား ထဲ ပြေးဝင် သဖြင့် နောက်မှ သေနတ် ဖြင့် ၂ချက်ပစ်
လိုက်ရာ ၁ချက်မှာနောက်ကျောယာဘက်သို့ထိမှန်သွားပြီးလဲကြ သွားသဖြင့် အနီးရှိ
ကုန်ထမ်း သမား ကလေးတဦးက သူ ယခင်က အလုပ်လုပ် ခဲ့ဘူးသောစက်ရုံ သို့သွား၍
အကြောင်းကြား ပေးခဲ့ ပါသည်။

စက်ရုံ မှ အလုပ်သမားများရောက်လာပြီး ဆေးရုံသို့ ပို့ပေးခဲ့ ရပါသည်၊ ဆေးရုံရောက်ပြီး
၃း၃၀ ခန့်တွင် ခွဲစိတ်ခန်းသို့ဝင်ပြီး ၆း၃၀ ခန့်တွင် အရေးပေါ်သို့ ပြန်ရောက်ခဲ့ ပါသည်။
ဆေးရုံက ၅၀ရာခိုင်နှန်းကောင်းသွား ပြီဟု ပြောသော်လည်း ၇း၃၀ ခန့် တွင် သေဆုံး
သွားပါ သည်။
မည်သည့် အကြောင်းဟု သေချာစွာ မပြောနှိုင်သေးပါ။

0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP