Thursday 2 July 2009

ဝက်တုတ်ကွေး ဖြစ်နိုင်ခြေရှိသူ နိုင်ငံခြားသား အလုပ်သမား ငါးရာကျော်ကို ထိုင်းအစိုးရမှ နယ်စပ်သို့ပြန်ပို့



PDF Print E-mail

ဘန်ကောက်မြို့ အိုင်ဒီစီအချုပ်ကြီးမှ ၀က်တုတ်ကွေးဖြစ်နိုင်ခြေရှိသူ နိုင်ငံခြားသား ရာပေါင်းများစွာကို သက်ဆိုင်ရာ နယ်စပ်များသို့ ယမန်နေ့က ပို့ဆောင်လိုက်ကြောင်း 26 June 2009ရက်နေ့တွင်ထိုင်းဘာသာဖြင့် ထုတ်ဝေသော ဒေးလီးနယူး သတင်းစာတွင် ဖေါ်ပြထားသည်။

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံများမှ စာရွက်စာတမ်း မပြည့်စုံသော ရွှေ့ပြောင်းအလုပ်သမား ငါးရာကျော်ကို ဘတ်စကားကြီး(၈)စီးဖြင့် ပို့ဆောင်လိုက်သည်ဟု သတင်းစာ၏ မျက်နှာဖုံးတွင် ဖေါ်ပြထားသည်။

ဆေးရုံသို့ သွားရောက်ပြသသော နိုင်ငံခြားသားတစ်ဦးတွင် ၀က်တုတ်ကွေးရောဂါရှိကြောင်း တွေ့ရှိရသဖြင့် ရောနှော ချုပ်နှောင်ထားသော အဆိုပါ အလုပ်သမားများကိုပါ သံသယရှိသဖြင့် ပြန်လည် ပို့ဆောင်ခြင်းဖြစ်သည်။

အဆိုပါ ရာပေါင်းများစွာသော အလုပ်သမားများကို သက်ဆိုင်ရာ နယ်စပ်များသို့ ပြန်လည်ပို့ ဆောင်ပေးခဲ့သော်လည်း ပြစ်မှုကြီးသူများနှင့် မြန်မာအလုပ်သမား (၁၀)ဦး၊ ကမ္ဘောဒီယား(၁၀)ဦး၊ လာအို(၁၀)ဦးတို့ကို ၀က်တုတ်ကွေးရောဂါ ကူစက်ပျံ့နှံ့မှု ရှိ၊ မရှိ သိရှိနိုင်ရန် သီးခြားစီ ခွဲခြား ချုပ်နှောင်ထားပြီး ကျန်းမာရေးအဖွဲ့က အနီးကပ် စောင့်ရှောက်လျှက်ရှိကြောင်း သတင်းစာတွင် ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံတွင် နောက်ထပ် ကူးစက်ခံရသူ (၆၉)ဦး ရှိနေပြီး၊ ရောဂါဖြစ်နေသူပေါင်း (၁၀၅၄)ဦး ရှိနေသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာထားသည်။ ဒေသတွင်း မလေးရှားနိုင်ငံတွင်(၈၀)ဦး၊ စင်္ကာပူနိုင်ငံတွင်(၂၂၀)ဦး၊ ဗီယက်နမ်တွင်(၅၆)ဦး၊ လာအိုတွင် (၃)ဦး၊ အိန္ဒိယတွင် (၅၉)ဦးနှင့် ဘင်္ဂလားဒေ့ရှ်တွင် (၇)ဦး ရောဂါကူးစက် ခံနေရကြောင်း သတင်းများတွင် ဖေါ်ပြထားသည်။

အလားတူ မြန်မာနိုင်ငံတွင်လည်း ရောဂါဖြစ်သည်ဟု သံသယဖြစ်ခံရသူမှာ အိန္ဒိယနိုင်ငံသား အမျိုးသား တဦးဖြစ်ပြီး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူထားသော ပညာရှင်တစ်ဦးဖြစ်ကာ မြန်မာနိုင်ငံသို့ မလာရောက်မီ (A)H1N1 တုပ်ကွေးရောဂါ ဖြစ်ပွားလျှက်ရှိသော ထိုင်းနိုင်ငံတွင် ရက်ပိုင်းမျှ နေထိုင်ခဲ့သူဖြစ်ကြောင်း ဇွန်(၂၆) ရက် နေ့စွဲဖြင့် ကြာသပတေးနေ့တွင် ဖြန့်ချီသည့် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

0 comments:

Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP