Friday, 17 July 2009

မဲဆောက်က မြန်မာ ကလေးငယ်တွေလည်း ဝက်တုပ်ကွေး စိုးရိမ်

Thursday, 16 July 2009 19:56 သန်းထိုက်ဦး

E-mail Print

ထိုင်းနိုင်ငံတွင် A(H1N1) ဝက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ပညာသင်ကြား နေသော မြန်မာ ရွှေ့ပြောင်း ကလေးငယ်များ၏ ကျန်းမာရေးအတွက် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

မဲဆောက်မြို့ရှိ မြန်မာ ရွှေ့ပြောင်းကလေးငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းများတွင် လက်ရှိဖြစ်ပွားနေ သော ဝက်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ကြိုတင်ပညာပေးမှုများ ယခုပတ်အတွင်း ဆောင်ရွက်ပေးနေသည်ဟု မဲဆောက်အခြေစိုက် မယ်တော်ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင်က ဧရာဝတီသို့ ပြောသည်။

“လက်ရှိ အနေအထားကျတော့ အစုလိုက် အပြုံလိုက် နှာစေးချောင်းဆိုးဖြစ်နေကြတာကတော့ နှစ်ပတ် သုံးပတ်လောက် ရှိနေပြီ၊ ဒါကတော့ မိုးတွင်းဆိုတော့ ဖြစ်နေကျပဲ၊ ပုံမှန် ကာကွယ်မှုတွေတော့ လုပ်နေကြတယ်”ဟု ၎င်းက ဆိုသည်။

“ကျောင်းတွေမှာရော ဒီရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်အောင် အရင်လုပ်ရမယ်၊ တဦးချင်းစီရဲ့စိုးရိမ်ရမှုဆိုတာကတော့ ပြင်း ထန်တဲ့ လက္ခဏာတွေတွေ့မှပဲ ထိုင်းကျန်းမာရေးဌာနနဲ့စေ့စပ်ပြီးတော့ လုပ်ကိုင်သွားမယ်”ဟု ဒေါက်တာ စင်သီယာမောင် က ဆက်ပြောသည်။

အဆိုပါ မယ်တော်ဆေးခန်းမှ တာဝန်ရှိသူများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း NGO များ ပူးပေါင်း၍ ယခုရက်ပိုင်း အတွင်း ကျောင်းများတွင် လိုက်လံ ဆောင်ရွက်ပေး နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အုပ်ချုပ်မှုနယ်မြေအတွင်းရှိ စာသင်ကျောင်း စုစုပေါင်း ၄၃၀ ကျော်ကို ဇူလိုင် ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ပိတ်ထားကြောင်း ထိုင်းသတင်းများအဆိုရ သိရသည်။

နိုင်ငံတကာ ဧည့်သည် အဝင်အထွက် အလွန်များပြားသော အိမ်နီးချင်း ထိုင်းနိုင်ငံတွင် A (H1N1) ဝက်တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသူ ၄၄၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၅ ဦးရှိကြောင်း ထိုင်းကျန်းမာရေး ဝန်ကြီး ဌာန၏ ယနေ့ ထုတ်ပြန်ချက်များ အရ သိရသည်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကပ်လျက် တည်ရှိသော မဲဆောက်၊ မယ်လမ၊ ဖုတ်ဖရ စသည့် ထိုင်းနိုင်ငံ အတွင်းရှိမြို့ ၃ ခု တွင်မြန်မာ ပြည်သား အလုပ်သမားများ၏ သားသမီးများ အတွက် ဖွင့်ထားသော စာသင်ကျောင်း အများအပြားရှိသည်။

မြန်မာ ရွှေ့ပြောင်းနေထိုင်သူများအတွက် ပညာရေးဌာန(BMWEC)၏ စာရင်းများအရ ကျောင်းပေါင်း ၆၂ ကျောင်းရှိသည် ဟု ဆိုသည်။ BMWEC နှင့် တရားဝင် အဆက်အသွယ် မပြုရသေးသည့် ကျောင်းတချို့လည်း ရှိသည်ဟု သိရသည်။

ယင်း စာသင်ကျောင်းများတွင် ကျောင်းသားများအတွက် လက်ရှိအခြေအနေမှာ စိုးရိမ်မှု မရှိသေးသော်လည်း စိုးရိမ်မှုထက် ကာကွယ်ရေးနည်းလမ်းက ပိုမိုအရေးကြီးသည် ဟု BMWEC ပညာရေးဌာန ဥက္ကဌ ဖြစ်သူ ဆရာမကြီး နော်ဖောရေက ပြော သည်။

“ကျမတို့အခုသိရသလောက် သူတို့ ထိုင်းကျောင်းတွေမှာပဲ ဖြစ်ဖြစ် ၊ထိုင်း လူမှုအသိုင်းအ၀ိုင်းတွေထဲတွေမှာ
ပဲဖြစ်ဖြစ် ဒီကိစ္စ ကို သူတို့ ကာကွယ်နိုင်ဖို့နဲ့ ပံ့ပိုးနိုင်ဖို့ဟာ သူတို့တောင်မှ နေရာတိုင်းကို မရောက်ဘူး၊ ကျမတို့ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ အဲဒီလိုမျိုးဖြစ်လာမယ်ဆိုတော့ ကျမတို့အတွက်ကတော့ ပိုဆိုးတာပေါ့”ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ၌ A (H1N1) ဗိုင်းရပ်စ်ပိုးကို အာဏာပိုင်များက ပထမဆုံး ၁၃ နှစ်အရွယ် မိန်းခလေး တဦးတွင် တွေ့ရှိခဲ့သည်ဟု တရားဝင်ကြေညာခဲ့ပြီး မဲဆောက်မြို့သို့အ၀င် ထိုင်းနိုင်ငံ စစ်ဆေးရေးဂိတ်၌ ရောဂါရှာဖွေရေး စက်ပစ္စည်းများ တပ် ဆင် ထားကြောင်း ၎င်း နယ်စပ်ဂိတ်မှ တာဝန်ကျသူ တဦးအဆိုရ သိရသည်။

အဆိုပါ A (H1N1) ရောဂါသည် ဧပြီလ ၁၇ ရက်နေ့တွင် မက္ကဆီကိုနိုင်ငံမှ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့အထိ ကမ္ဘာ့ နိုင်ငံပေါင်း ၁၁၇ နိုင်ငံသို့ ကူးစက်ပျံ့နှံ့ခဲ့ကာ ၇၁ ရက်အကြာတွင် မြန်မာနိုင်ငံ၌ စတင်တွေ့ ရှိ ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အသက် ၅၁ နှစ်အရွယ် အမျိုးသားတဦး A (H1N1) တုပ်ကွေးရောဂါ ဖြစ်ပွားသူ ထပ်မံတွေရှိ ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ ဇွန်လ ၂၇ ရက်နေ့က စင်ကာပူနိုင်ငံမှ ပြန်လာသော အသက် ၁၃ နှစ် အရွယ်ကျောင်းသူ တဦးထံ၌ A(H1N1) ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး စုစုပေါင်း ၃ ဦးရှိပြီဖြစ်သည်။
အပြည့်အစုံသို့ >>

မြန်မာအလုပ်သမားများ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲကျင်းပ

Wednesday, 08 July 2009 10:55

မြန်မာအလုပ်သမားများ စုပေါင်း၍ တတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်း ကပ်လှူပွဲ၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ဘုရားအနေကဇာတင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဘော် ငါးသေတ္တာစက်ရုံ နယ်မြေအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

ယခုလ (၆)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အလှူပွဲသို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်း တက္ကသိုလ်တွင် မြန်မာနိုင်ငံ နေရာအနှံ့မှ ကြွရောက်လာပြီး ပညာသင်ကြားနေကြသော ရဟန်းသံဃာအပါး (၆၀)ကျော်တို့ကို ပင့်ဖိတ်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ပွဲဖြစ်မြောက်အောင် စီစဉ်သူတစ်ဦးဖြစ်သူ ကိုလှစိုးက ထိုင်းနိုင်ငံမှာ လာရောက်ပညာသင်နေကြတဲ့ မြန်မာစာသင်သား သံဃာတွေအတွက် သာသနာ့အကျိုး ရည်မျှော်ပြီး ကျင်းပကြတာဖြစ်ပါတယ်။ ဒီလို သံဃာတော်တွေ အများကြီးပင်ဖိတ်ပြီး တစုတဝေးတည်း ဖူးမြော်ခွင့်ရတာကို ကျနော်တို့ ပီတိဖြစ်ပါတယ်။ ကျနော်တိုပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးရထားတဲ့ ချွေးနဲစာထဲက အခုလို စုပေါင်း အလှူလုပ်ကြတာဟာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်

အဆိုပါ အလှူပွဲအတွက် ခန့်မှန်းကုန်ကျငွေမှာ ဘတ်ငွေတစ်သိန်းခွဲခန့် ရှိမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ကွရောက်လာကြသော မြန်မာနိုင်ငံမှ စာသင်သား သံဃာအပါး(၅၀)ကျော်ကို ကျောင်းတွင် လက်ခံနေထိုင် သီတင်းသုံးခွင့်ပြုထားသည့် ဘန်ကောက်မြို့ရှိ ၀တ်တစ်လုံးကျောင်းထိုင် ပဓာန ဆရာတော်ကိုယ်တိုင် ကြွရောက်ချီးမြှင့်ခဲ့သည်။

ယခင်နှစ်များက ဤနေရာတွင် ယခုကဲ့သိုဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများ ကျင်းပခဲ့ကြရာ နီးစပ်ရာသံဃာငါးပါး၊ ဆယ်ပါးတို့ဖြင့်သာ ကျင်းပနိုင်ခဲ့သော်လည်း ယခုကဲ့သို့ သံဃာတော် အရေအတွက် မြောက်များစွာ ပင့်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

အလှူပွဲကို နံနက် (၈)နာရီတွင် စတင်ကျင်းပခဲ့ပြီး ကြွရောက်လာသူများကို ရေခဲမုန့်၊ ကြာဆံဟင်းခါးနှင့် အချိုရည် အမျိုးမျိုး၊ မုန့်အမျိုးမျိုးတို့ဖြင့် ကျွေးမွေးခဲ့သည်။ နေ့လည်ပိုင်းတွင် သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချ တရားနာကာ မွန်းလွဲ(၁)နာရီကျော်တွင် ဆွမ်းဆန်စိမ်း လောင်းလှူကြပြီး (၂)နာရီကျော်ခန့်တွင် မြန်မာအလုပ်သမားများ၏ စုပေါင်းအလှူမင်္ဂလာမှာ အောင်မြင်စွာပြီးဆုံးခဲ့သည်။

ဘန်ကောက်မြို့အနီး မဟာချိုင်နယ်မြေ ၀တ်ကန်ဖါ၊ ၀တ်ဟုန်၊ ဆေးပေါင်း၊ ၀က်ပုပ် ကျောင်းတို့တွင်လည်း မြန်မာများ တပိုင်တနိုင် ၀ါဆိုအလှူများ ပြုလုပ်ကြကြောင်းသိရသည်။

အပြည့်အစုံသို့ >>

မြန်မာနိုင်ငံသားဖြစ်ကြောင်း စစ်ဆေးပေးရေး မြန်မာအစိုးရ သဘောတူ

PDF
Print E-mail
Tuesday, 14 July 2009 12:39

ထိုင်းနိုင်ငံအတွင်း တရားမ၀င်လာရောက် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများ တရားဝင်ဖြစ်ရေးကို ထိုင်းအစိုးရက လုပ်ဆောင်လျှက်ရှိသည်။ အလုပ်သမားများ မှတ်ပုံတင်ခြင်းကိစ္စတွင် လက်ရှိထိုင်းနိုင်ငံ၌ အလုပ်လုပ်နေကြသော မြန်မာ အလုပ်သမားများအား မြန်မာနိုင်ငံသားဖြစ်မှုကို စစ်ဆေးရန်အတွက် မြန်မာစစ် အစိုးရက ထိုင်းအစိုးရနှင့် သဘောတူညီပြီး ဖြစ်သည်ဟု သိရသည်။ ယခုကဲ့သို့ မြန်မာစစ်အစိုးရ၏ သဘောတူညီချက်သည် အလုပ်သမားများ တရားဝင်ဖြစ်ရေးကို ဆောင်ရွက်နေသော ထိုင်းအစိုးရအတွက် အဓိကအင်အား တစ်ခု ဖြစ်စေသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ပိုင်တွန် ကယောက်ထွန်က မြန်မာအလုပ်သမားများအား မြန်မာနိုင်ငံသားဖြစ်မှုဆိုင်ရာ စစ်ဆေးမှုအား ယခုလာမည့် ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်ပြုလုပ်သွားမည်ဟု ပြောသည်။ ထို့အပြင် မြန်မာနိုင်ငံသားများအနေနှင့် မိမိနိုင်ငံအစိုးရမှ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား စာရွက်စာတမ်း ကိစ္စများကို ကော့သောင်၊ မြ၀တီနှင့် တာချီလိတ်မြို့များတွင် သွားရောက် ဆောင်ရွက်နိုင်ကြောင်း မစ္စတာ ပိုင်တွန် က ပြောသည်။

ထိုကိစ္စအား မစ္စတာ ပိုင်တွန်က မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး မောင်မြင့်နှင့် ရနောင်းမြို့တွင် မကြာသေးမီရက်ပိုင်းက တွေ့ဆုံခဲ့စဉ် ဒုဝန်ကြီးမောင်မြင့်က အဆိုပါကိစ္စနှင့် ပက်သက်ပြီး ပြောသွားခဲ့ခြင်းဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများမှ ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာသော အလုပ်သမားများ မည်သည့်နိုင်ငံသား ဖြစ်ကြောင်း စစ်ဆေးခြင်းသည် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အသစ်ချမှတ်လိုက်သော ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ မူဝါဒသစ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံသားဖြစ်မှုဆိုင်ရာ စစ်ဆေးချက်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက လာမည့်နှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ပြုလုပ်သွားမည်ဟုလည်း သိရသည်။

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မည်သည့်နိုင်ငံသားဖြစ်ကြောင်း စစ်ဆေးပြီးသည့် အချိန်တွင် ၄င်းတို့၏ သက်ဆိုင်ရာ အစိုးရများထံမှ နိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက်ကို ရရှိမည်ဖြစ်သည်။ ထိုကိစ္စပြီးစီးပါက အလုပ်သမားများအနေနှင့် ထိုင်းနိုင်ငံအတွင်း၌ (၂) နှစ် အလုပ်လုပ်ခွင့်ကဒ် ရရှိမည်ဖြစ်ပြီး၊ ထိုအလုပ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးပါက နောက်ထပ် (၂)နှစ်သက်တမ်း ထပ်တိုး၍ အလုပ်ဆက်လုပ်နိုင်မည် ဖြစ်သည်။

အလုပ်သမားဆိုင်ရာ မူဝါဒသစ်အရ၊ စီးပွားရေးလုပ်ငန်းရှင်များသည် အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်မှ တစ်ဆင့် အလုပ်ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကို ပြုလုပ်သွားရန်လည်း မစ္စတာ ပိုင်တွန်က ပြောကြားပြီး အသေးစိတ်ကိုတော့ ပြောပြသွားခဲ့ခြင်းမရှိပါ။

ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တရားဝင်မှတ်ပုံတင်ရန် သတ်မှတ်ထားသော အလုပ်သမားဦးရေအပြင်၊ နောက်ထပ် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ တစ်သောင်းကိုလည်း ထပ်ပြီးမှတ်ပုံတင်ခွင့်ပေးမည်ဖြစ်ကြောင်းနှင့် အလုပ်လုပ်ခွင့်ပါမစ်အတွက် ပေးသွင်းရမည့် ငွေကိုလည်း ထိုင်းဘတ်ငွေ (၂၀၀၀)မှ ဘတ်ငွေ (၅၀၀) အထိ လျှော့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထိုအချက်သည် ထိုင်းလူမျိုး အလုပ်ရှင်များအတွက် အလုပ်သမားများအား ပို၍မှတ်ပုံတင်ပေးရန် မက်လုံးပေးခြင်းလည်းဖြစ်သည်။ အလုပ်သမားဝန်ကြီးဌာနမှ နောက်ထပ် အလုပ်သမား တစ်သောင်းအား ထပ်မံမှတ်ပုံတင်ခွင့်ပေးခြင်းကို စိတ်ဝင်စားသည့် စီးပွားရေး လုပ်ငန်းရှင်များသည် ၄င်းတို့နှင့် သက်ဆိုင်ရာ တိုင်း၊ ခရိုင်ရှိ အလုပ်သမားရုံးများတွင် မှတ်ပုံတင်ပေးနိုင်ကြောင်း သိရသည်။

မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မောင်မြင့်ကမူ မြန်မာအလုပ်သမား ၄၀၀ ၀န်းကျင်ခန့်သာလျှင် မြန်မာနိုင်ငံသား ဖြစ်ကြောင်း ထောက်ခံပေးဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်းပြောသည်။ သို့သော် နိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြုရန်အတွက် မြန်မာ အာဏာပိုင်များဘက်မှ အလုပ်သမားများကို ငွေကြေးကောက်ခံမည်ဟု ကြားသိနေရသည့်သတင်းနှင့် ပက်သက်၍မူ မြန်မာဒုဝန်ကြီးက တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းမရှိပေ။

ထိုင်းနိုင်ငံအတွင်း၌ တရားဝင်မှတ်ပုံတင်ပြီးသူနှင့် မှတ်ပုံတင်ထားခြင်းမရှိပဲ အလုပ်လုပ်နေသော မြန်မာနိုင်ငံသားစုစုပေါင်းမှာ ခန့်မှန်းခြေအရ (၁.၂)သန်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသား အလုပ်သမားများအား ယခုကဲ့သို့ နိုင်ငံသားဖြစ်ကြောင်း စစ်ဆေးအသိအမှတ်ပြုရန်အတွက် ထိုင်းနိုင်ငံ အလုပ်အကိုင်ခန့်ထားရေးဌာနမှ အကြီးအကဲ Pichai Ekpitaktamrong ဦးဆောင်သော ထိုင်းအရာရှိများက ကွန်ပြူတာ (၂၁)လုံးကို ကော့သောင်မြို့ရှိ အာဏာပိုင်များသို့ မနေ့က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၁၂ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသော “Major boost for officials tackling illegal labour” အား ဆီလျော်အောင် ဘာသာပြန်ပါသည်။

မူရင်း http://www.bangkokpost.com/news/local/20091/major-boost-for-officials-tackling-illegal-labour

အပြည့်အစုံသို့ >>

မြန်မာအလုပ်သမား ၈၆ ဦးအပြစ်မရှိဘဲ အလုပ်ထုတ်ပစ်

၁၇၊ ဇူလိုင်၊ ၂၀၀၉
၂၀၀၉ ခုနှစ် ဇွန်လ ၁၄ ၇က်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပကျေးရွာရှိ
vertical point garement co.ltd စက်ရုံမှ အလုပ်သမား (၈၆) ဦး ကြိုတင်အကြောင်းထားခြင်းမရှိဘဲ အလုပ်ထုတ်ခံလိုက်ရသည်။
စက်ရုံမှ အလုပ်သမတဦးက " သမီးတို့ဒီစက်ရုံမှာ စလုပ်ကတည်က အလုပ်ရုံပိုင်ရှင်ပြောတာက လစာထုတ်ပြီး နောက်တရက် ဆို ပုံမှန်ပိတ်ရက်ဆိုပြီး သတ်မှတ်ပေးထားတယ်၊ အလုပ်သမားအားလုံးလည် ဒီလိုဘဲ နားလည်ထားတယ်၊ ၁၆၊ ၆၊ ၂၀၀၉ နေ့က လစာထုတ်တဲ့ ရက်ပါ။ ဒါကို မန်နေဂျာက လစာထုတ်ပြီး နောက်တရက် အလုပ်ဆင်းရမယ်၊ အလုံးအဆင်ပြေလာတဲ့ ၊ အလုပ်သမားအားလုံးလည် အဆင်မပြေဘူးလိုပြန်ပြောလိုက်တယ်၊ မန်နေဂျာက ဒါဆိုနင်တို့အားလုံးကိုခွင့်ပေးမယ်၊ ခွင့်ယူမယ်သူ လက်ညိုးထောင်ဆိုပြီး မန်နေဂျာက ပြောတော့ အလုပ်သမားအာလုံးလည် လက်တွေထောင်ကြတာ၊ မန်နေဂျာက နင်တိုဖက်က ခွင့်ယူရဲရင် ငါဖက်ကလည် ရဲရဲကြီးခွင်ပေးရဲတယ်ဆိုပြီး ပြောတယ် "
နောက်တနေ့မနက်တွင် အလုပ်သမားများအားလုံးနီးပါး ခွင့်ယူကြရာ ညနေ ၃း၀၀ နာရီခန့်တွင် ခွင့်ရရှိရေး ဦးဆောင်ပြောဆိုသူ အလုပ်သမား ၃ ဦးအလုပ်ထုတ်ပစ်ခြင်ခံလိုက်ရသည်။ ကျန်ရှိသော အလုပ်သမားများမှ မကျေနပ် ကြသဖြင့် မန်နေဂျာအား သွားရောက်မေးမြန်ရာ မန်နေဂျာဖြစ်သူမှ " ငါစိတ်ထဲက အလိုမကျလို အလုပ်ထုတ်ပစ်တာ၊ မကျေနပ်ရင် ဘယ်အလုပ်သမားမဆို အလုပ်ကနေ ထွက်ပြီး လိုက်သွားနိုင်တယ် '' ဟုပြောဆိုလေသည်။
အလုပ်သမားများမှ မကျေနပ်သဖြင့်ပြောဆိုလေရာ ပုလိပ်နှစ်ယောက်ခေါ်ထားကာ ခြိမ်းခြောက်သည်။ ကျန်ရှိသောအလုပ်သမားများမှ စိုးရိမ်ကာ စုပေါင်းတိုင်ပင်ကာ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သို့ တရာဥပဒေနည်းလမ်းအတိုင်း အကူအညီတောင်ခံ ကြလေသည်။
" ကျွန်မတို့လည်း ဒီလို အချိန်မရွှေးအလုပ်ထုတ်ခံနိုင်လာတယ်လိုတွေးပြီး ပူနေကြတယ်၊ ဒါနဲ ရောင်ခြည်ဦးမှာ အကူအညီတောင်ပြီး အလုပ်သမားကာကွယ်ရေး တရားဥပဒေနည်းလမ်းအတိုင်တောင်းခံဖို့ ဆုံးဖြတ်လိုက်တယ်၊ ထွက်စာလည်း ဘယ်သူမှ မတင်ကြဘူး၊ အလုပ်သမားတွေ စက်ရုံအပြင် ထွက်ပေးလိုက်ရတာပါပဲ"
အဆိုပါ စက်ရုံမှာ ထမင်းလခတလလျှင် (၂၀၀) ဘတ်ဖြတ်ပြီး စက်ရုံတံခါးအား (၂၄) နာရီပိတ်ထားကြောင်း၊ လစာထုတ်ပြီး နောက်တရက်တွင်သာ တံခါးဖွင့်ချိန် (၈) နာရီသာရှိကြောင်း ငှင်စက်ရုံမှ အလုပ်သမားတဦးက ပြောသည်။ ငှင်းစက်ရုံကို ၂၀၀၆ခုနှစ်တွင် မြန်မာအလုပ်သမား အယောက် ၅၀ နှင့်စတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၈၊ ၆ လပိုင်းတွင်
vertical point garement co.ltd အမည်ဖြစ် မယ်ပကျေးရွာ ၄ ရပ်ကွက်တွင် မြန်မာအလုပ်သမား ၂၂၀ ဦးဖြင့် ပြောင်းရွှေ့လုပ်ကိုင်နေသည်မှာ ယနေ့တိုင်ဖြစ်လေသည်။
ယခုလက်ရှိ ငှင်းအလုပ်သမား (၈၆) ဦးသည် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ ကူညီလုပ်ဆောင်မှုဖြင့် အလုပ်သမားကာကွယ်ရေး တရားဥပဒေနည်းလမ်းအတိုင်း လုပ်ငန်းရှင်အား တရားစွဲဆိုနေကြောင်း သိရသည်။
မင်းထွေး( ycowa)
အပြည့်အစုံသို့ >>

Thursday, 16 July 2009

မူဆယ်တွင် နိုင်ငံကူးစာအုပ် ထုတ်ပေး

ဇူလိုင် ၉၊ ၂၀၀၉

နိုင်ငံကူး ပတ်စ်ပို့စ် စာအုပ်များကို ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် မကြာသေးမီ ရက်ပိုင်းကစ၍ စတင် လုပ်ပေးနေသည်ဟု သိရသည်။

နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စ် စာအုပ်တအုပ်အတွက် ကျပ် တစ်သိန်း ပေးဆောင်ရသည်ဟု မူဆယ်ဒေသခံ တဦး က ပြောသည်။

“ချက်ချင်းတော့ စာအုပ်မပေးဘူး။ ငွေ တသိန်းပေးထားရတယ်။ မှတ်ပုံတင်၊ ပုံစံတဆယ်တို့ ဘာတို့ပေါ့ မိတ္တူတင် ထားရတယ်။ နောက်မှ လာပေးမှာ ထင်တာပေါ့။ အခုတော့ ထုတ် မပေးဘူး။ စာရင်းသွင်း လိုက်တဲ့ သဘောပေါ့။”

မူဆယ်မြို့၊ အထူးစုံစမ်းစစ်ဆေးရေးရုံးတွင် နိုင်ငံကူးပတ်စ်ပို့စ်စာအုပ်များ ပြုလုပ်ပေးရာ ဗုဒ္ဓဂါယာဘုရားဖူး ထွက် လိုသူများလည်း သွားရောက်လုပ်နေကြသဖြင့် စည်ကားနေသည် ဟု မူဆယ်ဒေသခံတဦးက ပြောသည်။

“လာလုပ်တဲ့လူတွေ အက်စ်ဘီရုံးမှာ အတော်များတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ အမြဲရှိ တယ်။ အဲ ဒီမှာ။ လုပ်တာ ရက်ပိုင်းဘဲ ရှိသေးတယ်။ အင်တော့ မဖြစ်နိုင်ဘူးလေ။ အက်စ်ဘီ ရုံးမှာ လုပ်တာ၊ ကျန် တဲ့ ဌာနဆိုင်ရာတွေလည်း ရှိတယ်ဆိုတော့ စီမံချက်ရှိလို့ နေမှာပေါ့။”

နိုင်ငံကူးပတ်ပို့စ်စာအုပ်များကို ရန်ကုန်တွင်သာ ထုတ်ပေးနေရာမှ ယခုလို နယ်စပ်မြို့ ဖြစ်သည့် မူဆယ်တွင် လာ ရောက် လုပ်ပေးနေခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အဆိုပါ ပတ်စ်ပို့စာအုပ်များအသုံးပြုပြီး နယ်စပ်များမှ ဖြတ်ကျော်သွားလာခွင့် မရှိသည့် အတွက် ယခုလို တရုတ် နယ်စပ် မူဆယ်မြို့တွင် လာရောက်လုပ်ပေးနေသည်မှာ ထူးဆန်း နေသည်ဟု ဒေသခံများက ပြောသည်။
သတင်းနှင့်မီဒီယာကွန်ယက်
အပြည့်အစုံသို့ >>

ထိုင်းနယ်စပ်တွင် တရားမ၀င်အလုပ်သမားများ ရာနှင့်ချီ အဖမ်းဆီးခံရ

ခွန်အောင်မြတ်၊ ဇူလိုင် ၁၅၊ ၂၀၀၉
ထိုင်းမြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်ရှိ စိုက်ပျိုးရေး လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား များကို ထိုင်းနယ်ခြား စောင့်တပ်က ယနေ့နံနက် ၀င်ရောက်ဖမ်းဆီးရာ ကျောင်းသား ၁၀၀ ကျော် အပါအ၀င် တရားမ၀င်အလုပ်သမား ၃၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။

အလုပ်သမားများ စုစည်းနေထိုင်ရာ နေအိမ်များကို ထိုင်းနယ်ခြားစောင့်တပ်က ယနေ့နံနက် သုံးနာရီခွဲအချိန်တွင် ရှောင်တခင် ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ယင်း ဒေသရှိ မြန်မာကျောင်းဆရာတဦးက ပြောသည်။

“သုံးနာရီခွဲကနေစပြီးဖမ်းတာ မနက်မိုးလင်းတဲ့အချိန်တိပဲ။ အခြေအနေကတော့ဗျာ တော်တော်ဆိုး တယ်ဗျ။ တချို့မိဘတွေထွက်ပြေးတာတောင် ကလေးလေးတွေကအိပ်ပြီးကျန်နေခဲ့တယ်။အဲဒီ ကလေး တွေကိုပါ အကုန်သိမ်းခေါ်သွားတယ်။”

ထိုသို့ဝင်ရောက်ဖမ်းဆီးရာတွင် ကိုယ်ပိုင်ပစည်းများဖြစ်သော ရုပ်မြင်သံကြားစက်များ၊ လက်ကိုင်ဖုန်းများပါ ယူ ဆောင် သိမ်းဆည်းသွားသည်ဟု အဆိုပါ ဆရာက ပြောသည်။

"အဖမ်းခံတဲ့ကလေးတွေထဲမှာ ကျနော်တို့ ကျောင်းသူကျောင်းသားတွေပါသွားတယ်။ကျနော့် ကျောင်း ကဆိုလို့ရှိရင် ကလေး ၁၂၀ ကျော်က ဒီမနက် နှစ်ယောက်ပဲလာတက်တယ်။ ၄၈ ကီလိုမီတာက ကျောင်းသားတွေလည်း အကုန်ပါသွားတယ်ပေါ့ဗျာ။ "

အဖမ်းခံရသည့်အထဲတွင် လသားနှင့် ရက်သား ရင်ခွင်ပိုက်ကလေးငယ် ၁၅ဦးထက် မနည်း ပါသွားသွားသည်ဟု ၎င်းက ပြောသည်။

ယခုဖမ်းဆီးမှုလုပ်သည့် အချိန်မှာ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများအား လက်မှတ်သစ်များ လုပ် ပေးချိန်နှင့် တိုက်ဆိုင်နေသည်။

ဖုတ်ဖရမြို့နယ်အတွင်းရှိ မြန်မာအလုပ်သမားများကို လက်မှတ်ပြုလုပ်ကြရန် တိုက်တွန်းပြောဆိုရာ မလုပ်နိုင်ကြ သဖြင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဖုတ်ဖရမြို့နယ်မှ အလုပ်သမား ထိုက်သူအောင်က ပြောသည်။

"ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းမယ်။ သတ်ရင်လည်းသေရမှာ၊ ထားရင်လည်း နေရ မှာ၊ ဖမ်းရင်လည်း ခံရမယ့် ကျနော်တို့ ဘ၀မျိုးတွေ ငွေလည်းမရှိဘူး၊ တနေ့လုပ်စာ တနေ့လုပ်အား ခနဲ့ပဲ အလျှင်မီ အောင် သုံးစွဲနေရတာ အခြေအနေမျိုးမှာ အလုပ်သမားတွေကို ဖိအားမပေးသင့်ဘူး လို့ ကျနော်တို့ မြင်တယ်ပေါ့နော်။"

မြန်မာနိုင်ငံသား အများစု ရှိသည့် တာ့ခ်ခရိုင်အတွင်းရှိ အလုပ်သမားအများစုသည် အလုပ်ရှင်၏ အာမခံပေးခြင်း မရှိခြင်းနှင့် အလုပ်သမားလက်မှတ်ပြုလုပ်ရန် ကုန်ကျမည့် စရိတ်ကို ကြိုတင်ထုတ်မပေးသည့်အတွက် အလုပ် သမားအသစ်များ ထပ်မံပြုလုပ် နိုင်ခြင်းမရှိဟု အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြောသည်။
- သတင်းနှင့်မီဒီယာကွန်ယက်
အပြည့်အစုံသို့ >>

အလုပ်သမားများအတွက် ပတ်စ်ပို့ရုံးဖွင့်ပေးမယ့် လာလုပ်သူမရှိသေး

နော်နိုရင်း ၁၅ ဇူလိုင် ၂ဝဝ၉
-ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ရွှေပြောင်း မြန်မာ အလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ်တွေကို ထိုင်း-မြန်မာ နယ်စပ်òမိ့တွေဖြစ်တဲ့ ကော့သောင်းနဲ့ တာချီလိတ်òမိ့တွေမှာ ထုတ်ပေးနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးဖို့ နယ်စပ်òမိ့တွေဖြစ်တဲ့ ကော့သောင်းနဲ့ တာချီလိတ်òမိ့မှာ ဒီနေ့ စတင် ±ုံးဖွင့်ပေးထားပါတယ်။ ဒါပေမယ့် တာချီလိတ်òမိ့မှာတော့ ဒီနေ့ပတ်စပို့ ±ုံးဖွင့် ပေးပေမယ့် ရဲနဲ့ သတင်းတပ်ဖွဲ့ဝင်တွေသာ လာပြီး ပတ်စပို့လုပ်သူ တယောက်မှမရှိဘူးလို့ တာချီလိတ်òမိခံ တဦးက ပြောပါတယ်။ “အလုပ်သမားတယောက်ဟာ နိုင်ငံသားစီစစ်ရေးမှတ်ပုံတင်၊ (စီပုံစံ ၆၆/၆) အိမ်ထောင်စုဇယား၊ ထိုင်းနိုင်ငံ လေဘာ±ုံးက ဖောင်ဖြည့်ပြီးသားစာရွက်အပြည့်အစုံ တစုံ၊ အလုပ်ရှင်ရဲ့ ထောက်ခံချက် လိုမယ်။ အဲ့ဒါတွေ အချက်အလက် ပြည့်စုံမှသာ တာချီလိတ်ပတ်စပို့စ်±ုံးက လုပ်ပေးလို့ရမယ်။ အားလုံးစုံဖို့ဆိုတာက ခရီးစရိတ်တွေကုန်၊ အချိန်တွေကြာနဲ့ သိပ်စိတ်ဝင်စားသူ မရှိဘူးပေါ့။” နိုင်ငံကူးလက်မှတ်တွေလုပ်ဖို့ ±ုံးဖွင့်ပေးတာ ဒါ ဒုတိယအကြိမ် ဖြစ်ပြီး ပထမ အကြိမ်တုန်းက မအောင်မြင်ခဲ့သလို အခုတကြိမ်လည်း အောင်မြင်မှာမဟုတ်ဘူးလို့ အဲဒီòမိ့ခံကပဲ ပြောပါတယ်။ “မယ်ဆိုင်မှာ အခု အလုပ်သမားကဒ်တွေ လုပ်ပေးဖို့ ဖေါင်တွေ ဖြည့်နေကြတယ်။ တရက်ကို လူ ၄ဝ၊ ၅ဝ ရှိတယ်။ ဒီကနေ သွားပြီးတော့ ဖေါင်တွေ ဖြည့်တယ်။ အလုပ်ရှင်တွေက ထောက်ခံပြီးရင် ချင်း±ိုင် ခ±ိုင်မှာ အလုပ်သမားကဒ်တွေ ထုတ်ပေးမယ်။ ဒီလက်မှတ်ရှိနေရင် ကြိုက်သလို သွားလာလို့ အဆင်ပြေနေတာပဲ။ ကျန်းမာရေး မကောင်းဘူးဆိုရင်လည်း ဘတ် ၃ဝ ဆယ်နဲ့ ဆေးဝါးကုသမှု ခံယူလို့ရတယ်။” မြန်မာနိုင်ငံတောင်ဘက်ပိုင်းက နယ်စပ်òမိ့ဖြစ်တဲ့ ကော့သောင်းòမိ့မှာ လူဦးရေ စာရင်း ၂ ထောင်လောက် ရောက်ရှိပေမယ့် လာလုပ်တဲ့သူ မရှိသေးဘူးလို့ ကော့သောင်း လူဝန်မှုကြီကြပ်ရေးဌာနမှ ဝန်ထမ်းတဦးက ပြောပါတယ်။ “ထိုင်းနိုင်ငံကနေ မြန်မာသံ±ုံးကို မြန်မာနိုင်ငံသားတွေပါဆိုပြီး အကြောင်း ကြားထားတဲ့ လူတွေ၊ အလုပ်ရှင်ကနေ တင်ပေးထားတဲ့လူတွေ အဲ့ဒါတွေကို ကျနော်တို့က ထိုင်းလေဘာကတဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့တယ်။ ပို့ပြီးတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကနေ မြန်မာနိုင်ငံသံ±ုံးကို ပို့ပေးတယ်။ မြန်မာနိုင်ငံသံ±ုံးက မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့တယ်။ မြန်မာနိုင်ငံခြားရေးဌာနက သက်ဆိုင်ရာ လူဝန်မှုကြီးကြပ်ရေးဌာနကို ပို့ပေးတယ်။ ပို့ပေးပြီးတော့ အဲဒီလူတွေ အကုန်လုံးကို မြန်မာနိုင်ငံသား ဟုတ်မဟုတ် စုံစမ်းပြီးတော့မှ ဟုတ်တယ်လို့ အကြောင်းကြားတဲ့လူတွေ အားလုံးကို ဒီကနေ ပတ်စ်ပို့လုပ်ခွင့်ြုပထားတယ်။ အခု ကျနော်တို့ဆီ ရောက်လာတာ နာမည်စာရင်းပါတဲ့လူ ၂ဝဝဝ ကျော်လောက် ရောက်နေပြီ။” ဒီနိုင်ငံကူးလက်မှတ်ရဖို့အတွက် ကိုယ်ရေးမှတ်တမ်း ပုံစံ ၂ ရွက်၊ ကွန်ပျူတာ လျှောက်လွှာပုံစံ ၈ ရွက်၊ ပြည်ပအလုပ်အကိုင် သက်သေခံလက်မှတ် လျှောက်လွှာ ၁ ရွက်၊ ကတ်ပြား ပလပ်စတစ်လောင်းခ၊ ပတ်စပို့ ဓာတ်ပုံ ၆ ပုံနဲ့ ကျပ်ငွေ ၁၂ဝဝ၊ အားလုံးပေါင်း ကျပ် ၃ဝဝဝ ကုန်ကျမယ်လို့ အဲဒီ လဝက ဝန်ထမ်းက ပြောပါတယ်။ နိုင်ငံကူးလက်မှတ်ရရှိပြီးရင် ထိုင်းဘက်က ဗီဇာပေးမှာဖြစ်ပါတယ်။ လာမယ့်သူတွေအတွက် ဘယ်လို ဗီဇာပေးမလဲဆိုတာ မသိရသေးပါဘူး။ နိုင်ငံကူးလက်မှတ်ဟာ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် အကျိုးရှိမှာ မဟုတ်ဘူးလို့ အခြေခံ လူအခွင့်အရေး ပညာပေးဌာနရဲ့ အမှုဆောင်တာ±ိုက်တာ ဦးထူးချစ်က သုံးသပ်ပါတယ်။ “ထိုင်းအစိုးရ ဘယ်လောက်ပဲ ဖိအားပေးပေး၊ ဗမာပြည်မှာ သွားလုပ်ခိုင်းတယ်ဆိုရင်တော့ ဗမာအလုပ်သမားတွေအနေနဲ့ သွားလုပ်မှာ မဟုတ်ဘူး။ တကယ်လုပ်မယ့် လူတွေကလည်း ဗမာပြည်ထဲက လူကိုယ်တိုင် စစ်အစိုးရနဲ့ ပတ်သက်တဲ့ ကုမ္ပဏီကနေတဆင့် လုပ်တဲ့လူတွေ လောက်ပဲ ရှိတယ်။ ဒီဖက်ကနေ သွားလုပ်တဲ့လူ မရှိသလောက်ပဲ။ “အဓိကတချက်က သူတို့ရဲ့ပုံစံမှာ ဖြည့်ရတာက သွားလုပ်တဲ့လူတွေရဲ့ နေရပ်လိပ်စာအပြည့်အစုံ၊ ညီအစ်ကိုမောင်နှမ ဆိုတော့ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ လုံးဝ လုပ်နိုင်မယ့်ကိစ္စ မဟုတ်ဘူး။ သွားလုပ်ပြီး ထိုင်းနိုင်ငံကို ပြန်လာ အလုပ်လုပ်မယ်ဆိုရင် သူတို့မိသားစု လုံòခံရေးကို သူတို့ စိုးရိမ်တယ်။” ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ တရားဝင်ဖြစ်ရေးအတွက် မြန်မာနိုင်ငံသားဖြစ်မှုဆိုင်ရာ စစ်ဆေးမြှုပလုပ်ဖို့ ပြီးခဲ့တဲ့ ၂ဝဝ၃ ခုနှစ်ကတည်းက ထိုင်းနဲ့ မြန်မာ ဆွေးနွေးခဲ့ကြပါတယ်။ ၂ဝဝ၈ ခုနှစ်က နယ်စပ်òမိ့တွေဖြစ်တဲ့ ကောင့်သောင်း၊ မြဝတီနဲ့ တာချီလိတ်òမိ့တွေမှာ ဒီစစ်ဆေးမြှုပလုပ်ဖို့ မြန်မာဘက်က သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့နှစ်ကတည်းက အကောင်အထည်မဖော်နိုင်ခဲ့လို့ အခု နောက်တကြိမ် အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။
http://burmese.dvb.no
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP