Tuesday, 23 February 2010

မြန်မာ ၄ ဦး ထိုင်းနယ်စပ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

 22 February 2010 18:21 ၀ါးရှီးဖော ဧရာဝတီ

သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသော မြန်မာ ၄ ဦးကို ထိုင်း - မြန်မာ နယ်စပ် ရနောင်းမြို့ ကမ်းခြေ တနေရာတွင် စနေနေ့က တွေ့ရှိခဲ့သည်။ သေဆုံးသူ အားလုံးသည် ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြပြီး အသက် ၃၀ နှင့် ၄၀ ၀န်းကျင် အမျိုးသားများ ဖြစ်ကြသည်ဟု သိရသည်။
“လေးယောက်စလုံး လက်ကို နောက်ပြန် ကြိုးချည် ခံထားရတယ်။ သေနတ် ဒဏ်ရာတွေနဲ့ သေတယ်။ မသေခင်မှာလည်း အရိုက် ခံထားရတယ်။ ဒဏ်ရာတွေ ရှိတယ်” ဟု ရနောင်းမြို့ရှိ မိတ္တသဟာရ နာရေး ကူညီမှု အသင်းမှ ကိုသားကျော်က ဧရာဝတီသို့ ပြောသည်။

အလောင်းများကို ရနောင်းမြို့ပေါ်ရှိ ဆေးရုံ တရုံတွင် ထားရှိပြီး သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်နေဆဲဟု သိရသည်။

“အခုလို ကိစ္စတွေက ဖြစ်ရိုးဖြစ်စဉ် တခုလို ဖြစ်နေတယ်။ ဒီကိစ္စတွေကို ကာကွယ်ဖို့ ဆိုတာက ထိထိ ရောက်ရောက် အရေးယူမှုရှိမှ ဖြစ်မှာ။ ရွှေ့ပြောင်း အလုပ်သမား တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက ၀တ်ကျေ တမ်းကျေ လုပ်ပေးတာ လောက်ပဲ ရှိတယ်” ဟု ရောင်ခြည်ဦး အလုပ်သမား စာစောင်တွင် ဆောင်ပါးများ ရေးသားလေ့ ရှိသော ရနောင်းမြို့နေ မောင်သံက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်န၀ါရီ လကုန်ပိုင်း တွင်လည်း သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာ ပြည်သား ၉ ဦးကို  ဖုတ်ဖရ မြို့နယ်အနီး တနေရာတွင် တွေ့ရှိခဲ့ကြသည်။

“ထိုင်းလူငယ် လမ်းသရဲ အဖွဲ့တွေက မြန်မာ အလုပ်သမား တွေကို တွေ့ရင် ပိုက်ဆံ တောင်းတယ်၊ တောင်းလို့ မရရင် ၀ိုင်းရိုက်ကြတယ်။ ဒီမှာ အဲဒီလိုတွေ ခဏ ခဏ ဖြစ်နေတယ်” ဟု ကိုသားကျော်က ပြောသည်။

ထိုင်းနိုင်ငံ အတွင်းသို့ ရွှေ့ပြောင်း အလုပ် လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၄ သန်း အထိ ရှိသည်ဟု သိရသည်။
အပြည့်အစုံသို့ >>

ဆန္ဒပြ အလုပ်သမားမဵား၏ တောင်းဆိုမှုတခဵို့ လိုက်လေဵာ

2010-02-20 - RFA

ရွှေပြည်သာ စက်မှုဇုံမှာရှိတဲ့ ရက်စ်တူး အထည်ခဵုပ်စက်ရုံက အလုပ်သမားတွေ သူတိုႛရဲ့ အလုပ်သမား အခွင့်အရေးတွေအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြတာကို အာဏာပိုင်တွေနဲႛ စက်ရုံတာဝန်ရှိသူတွေက ဆွေးနွေးညိၟနှိုင်း္ဘပီး ဒီကေနႛ လိုက္ေလဵာလိုက္တယ္လိုႛ သိရပၝတယ္၊၊
ဒေသခံတဦး။    ။“အာဏာပိုင် အဖွဲႛအစည်းတွေက အကုန်လာကြတယ်လေ။ လ္ဘာပီးတော့မှ သူတိုႛတွေ ညိၟနှိုင်းလိုက်ကြတော့ မနေႛက လေးနာရီခွဲ ငၝးနာရီလောက်မှ္ဘာပီးသွားကြတယ်၊ ဒီနေႛ ၁၀ နာရီထိုးမှာ ခဵိန်းထားတဲ့ အခၝကဵေတာ့ ၁၀ နာရီထိုးမွာ လိုက္ေလဵာလိုက္တယ္တဲ့၊၊ မေနႛက တေယာက္မကဵန္ ဆႏၵျပတာ ငၝးရာေကဵာ္တယ္၊ လစာက အရင္တံုးက လေးသောင်းရှိတယ်။ ဘိုးနက်ကြေးနဲႛ ဘာနဲႛဆိုရင် ၆ သောင်းနီးပၝးလောက် ရှိသွားပၝတယ်။ သူတိုႛက လစာရယ္လိုႛ မဟုတ္ဘူး၊ အထည္ကို ခဵဳပ္ရင္ ချုပ်နိုင်သလောက် ရတယ်။ ဘိုးနက်ကြေးတိုႛ ဘာတိုႛ တောင်းဆိုကြတာ ရသွားကြတယ်” ရက်စ်တူး အထည်ခဵုပ်စက်ရုံက အလုပ်သမားတွေဟာ ဖေဖော်ဝၝရီလ ၁၉ ရက် နေႛလည်ပိုင်းလောက်က စ္ဘပီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပၝတယ်။ အာဏာပိုင်တွေဘက်က ခရိုင်မှူး အဆင့်လောက်က လ္ဘာပီးတော့ စက်ရုံတာဝန်ရှိသူတွေနဲႛ ညိၟနှိုင်းဖြေရှင်းလိုက်တာ ဖြစ်တယ်လိုႛ သိရပၝတယ်။ အလုပ်သမားတွေရဲ့ တောင်းဆိုခဵက် ၇ ခဵက္ထဲက ရရွိသြားတဲ့ အခဵက္အလက္တခဵိဳ႕ကို စောစောက ဒေသခံ ကပဲ ဆက်လက် ပြောပြပၝတယ်၊

ဒေသခံတဦး။    ။“တစ် အခဵက်က ဘိုးနက်ကြေး ငၝးထောင် ပေးတယ်။ ငၝးထောင်ပေးတာကို တရက်ပဵက်လိုႛရှိရင် နှစ်ထောင် ဖြတ်တယ်။ နှစ်ရက် ပဵက်ရင် ငၝးထောင်လုံး ဖြတ်ပစ်လိုက်တယ်။ နောက်တခဵက်က တနေႛကို ၁၅၀၊ ၂၀၀ နှုံး တောင်းတယ်။ သြားရည္စာ သေဘာမဵိဳးေပၝ့။ နောက်တခဵက်က ရေပိုက်လိုင်းက ကဵန်းမာရေးနဲႛ မညီညွတ်ဘူးပေၝ့။ ရေသန်ႛဘူးတွေ ဘာတွေ ခဵမထားဘူး။ အကုန်လုံးကို သဘောတူ လိုက်လေဵာလိုက်တယ်”

၂၀၀၉ ခုနှစ် ဒီဇင်ဘာလက စတင်္ဘပီးတော့ ရန်ကုန် လှိုင်သာယာစက်မှုဇုံက အထည်ခဵုပ်စက်ရုံတွေကနေ စတင်္ဘပီး အလုပ်သမားတွေက ရပိုင်ခွင့်တွေအတွက် ဆန္ဒပြလာခဲ့ရာ ရွှေပြည်သာ စက်မှုဇုံအထိ ကဵယ်ပြန်ႛလာတာ ဖြစ်ပၝတယ်။
အပြည့်အစုံသို့ >>

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်ပို့မည့်ကိစ္စ စိုးရိမ်ဟု ကုလအရာရှိပြော

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၁၀ ခုနှစ်
 
ထိုင်းအလုပ်သမားဝန်ကြီးက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ပြန်ပို့မည့်ကိစ္စအား စိုးရိမ်ပူပန်သည်ဟု ရွှေ့ ပြောင်းနေထိုင်လုပ်ကိုင်သူများ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အရာရှိတစ်ဦးက ပြောသည်။ ထိုင်းနိုင်ငံအတွင်း တရားမ၀င်နေထိုင်သူများနှင့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလကုန်မှာ နိုင်ငံသားစီစစ်ရေး စာရင်းမ သွင်းသူများကို အစုလိုက်အပြုံလိုက်ပြန်ပို့မည်ဟု ထိုင်းအစိုးရက ကြေငြာလိုက်သည့်အပေါ် စိုးရိမ်ကြောင်း ကုလ သမဂ္ဂအရာရှိ ဂျော့အေဘတ်စတာမန်တီက ပြောကြောင်း UN လူ့အခွင့်အရေးဆိုင်ရာ ၀က်ဆိုဒ်၌ မနေ့ကနေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် ထားသည်။

ပြည်နှင်ဒဏ်ပေးခံရမည့်သူများထဲ၌ မူရင်းဌာနေနိုင်ငံသို့ပြန်လည်သွားရောက်ရန် မသင့်တော်သူများပါဝင်ပြီး နိုင်ငံ တကာမှ အကာအကွယ်ပေးမှုကို လိုအပ်နေသူ အချို့လည်းပါဝင်သည်ဟု ထိုအရာရှိကပြောကြောင်း ဖော်ပြထား သည်။
ထို့အပြင် “နိုင်ငံသားစီစစ်မှုပြုရေး လုပ်ငန်းစဉ် လိုအပ်ချက်အရ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ် သမား များ၏ သေချာရေရာမှုမရှိသော အခြေအနေ ခံစားချက်ဝေဒနာကို ပိုမိုဆိုးဝါးစေသည်” ဟု ၎င်းက ပြော သည်။
ထို့ကြောင့် ထိုင်းအစိုးရသည် ဒုက္ခသည်များအား အတင်းအကျပ် ပြန်မပို့ရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများကို အလေးထားသင့်သည်ဟု သူကဆိုသည်။
နိုင်ငံတကာ ထုံးတမ်းစဉ်လာများအား လိုက်နာစောင့်ထိန်းရန်နှင့် ထိုင်းအစိုးရဆုံးဖြတ်ချက်များအား ပြန်လည် စဉ်းစားနိုင်ရန် တောင်းဆိုဖော်ပြခဲ့သော ယခင်ကာလများက ၎င်းပေးပို့ခဲ့သည့် ပေးစာများအပေါ် ထိုင်းအစိုးရမှ တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိသည့်အတွက် စိတ်ပျက်မိသည်ဟု ဆက်ပြောသည်။ 
နိုင်ငံတကာမှ ဒုက္ခသည်အဆင့်သတ်မှတ်ခံထားရသူများအား အတင်းအကျပ်ပြန်ပို့ခြင်းထက် ထိုင်းအစိုးရအနေ နှင့် ထိုင်းနိုင်ငံက အစဉ်အဆက်စောင့်ထိန်းလာခဲ့သည့် ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းသည့်အနေဖြင့် အလှည့်အပြောင်းတစ်ခုခုလုပ်သင့်သည်ဟု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ ရွှေ့ပြောင်းအလုပ်သမားရေး တာဝန်ခံ ဦးသက်ခိုင်က ယခုလို ပြောသည်။
“ထိုင်းက သက္ခာရှိတဲ့ အစိုးရတစ်ရပ်အနေနဲ့ အစဉ်တစိုက်သူက ဘေးပါတ်ဝန်းကျင်မှာရှိနေတဲ့၊ ဒုက္ခ ရောက်နေတဲ့ နိုင်ငံသားတွေကို သူ့နိုင်ငံထဲမှာ ယာယီခိုလုံခွင့်ပေးခဲ့တဲ့ အစဉ်အဆက်က ဂုဏ်သိက္ခာ တွေကို ဆက်ထိမ်းတဲ့အနေနဲ့ သူတို့ အလှည့်အပြောင်းတစ်ခုခုတော့ လုပ်ကိုလုပ်ရမယ်လို့ ကျနော် တော့ ယုံတယ်လေ။”
ထို့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုသည် ထိုင်းနိုင်ငံ၏ နိုင်ငံခြားငွေရှာဖွေရေး လုပ်ငန်းများဖြစ်သည့် ပင်လယ်ရေလုပ်သားများ၊ ရော်ဘာလုပ်ငန်းများတွင် လုပ်ကိုင်ပေးနေသူ များဖြစ်ပြီး ထိုင်းနိုင်ငံသားများမလုပ် လိုသည့် လုပ်ငန်းများ၌ အခက်အခဲ ကြုံတွေ့နိုင်ယုံသာ မက နိုင်ငံခြားဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းခန့် လျော့ကျသွား နိုင်သည်ဟု ၎င်းကသုံးသပ် ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော်ရှိသည့်အနက် တရားဝင် အလုပ်သမားမှတ်ပုံတင် ပြုလုပ်သူ ထက်ဝက်ခန့်သာရှိသည်။
အပြည့်အစုံသို့ >>

Saturday, 20 February 2010

မြန်မာ အလုပ်သမားများကို ထိုင်းက ပြန်ပို့ဖွယ်ရှိ

Friday, 19 February 2010 12:08 ၀ါးရှီးဖော ဧရာဝတီ

ယခု လကုန်ပိုင်းတွင် ထိုင်းအစိုးရက မြန်မာပြည်သား အများစု ပါဝင်သည့် နိုင်ငံခြားသား အလုပ်သမား အများအပြားကို နေရပ်ရင်းသို့ အတင်းအကျပ် ပြန်ပို့ဖွယ် ရှိသဖြင့် လူ့အခွင့်အရေး အဖွဲ့များက စိုးရိမ်နေကြသည်။




ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားခြင်း၊ လျှောက်ထားခြင်း မရှိသည့် သန်းနှင့် ချီသော မြန်မာ အလုပ်သမား များကို ပြန်ပို့ပါက ၎င်းတို့ အပေါ် မှီခိုနေရသည့် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက်နိုင်ပြီး ကမ္ဘာ့ အလယ် တွင်လည်း ထိုင်းနိုင်ငံက မျက်နှာ ပျက်ရမည်ဟု လူ့အခွင့်အရေး အဖွဲ့တို့က ထောက်ပြ ကြသည်။ .ဖမ်းဆီးပြီး အတင်း အကျပ် ပြန်ပို့တာဟာ အလုပ် သမားတွေ အတွက်လည်း အန္တရာယ် ရှိတယ်။ လူ့ဂုဏ် သိက္ခာ ကိုလည်း ထိခိုက် စေတဲ့ အတွက် မလုပ်သင့်ဘူး” ဟု အလုပ်သမား အရေး ဆောင်ရွက်သည့် ချင်းမိုင်မြို့ MAP ဖောင်ဒေးရှင်းမှ တာဝန်ခံ တဦး ဖြစ်သူ ဂျက်ကီ ပူးလော့က ပြောသည်။

အလုပ်သမားများ ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ရေး အတွက် နိုင်ငံသား စိစစ်ရေး လုပ်ငန်း စဉ်တွင် ပါဝင်ရန် နောက်ဆုံးရက် အဖြစ် ထိုင်းအစိုးရက သတ်မှတ် ထားသည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ သည်လည်း တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။

ထို နောက်ဆုံး သတ်မှတ်ရက်ကို ရွှေ့ဆိုင်းပေးရန် အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့များက ထိုင်းဝန်ကြီးချုပ်ကို အင်္ဂါနေ့က တောင်းဆို ခဲ့ကြသေးသည်။ ထိုင်းအစိုးရက ထိုတောင်းဆို ချက်များကို တုံ့ပြန်ခြင်း မရှိသေးပေ။

ထိုလုပ်ငန်းစဉ်များ အတွက် လောနှင့် ကမ္ဘောဒီးယား အစိုးရ အရာရှိများက ၎င်းတို့၏ အလုပ်သမားများ ရှိရာ ထိုင်းနိုင်ငံသို့ လာရောက်ပြီး ဆောင်ရွက် ပေးခဲ့ကြသည်။ မြန်မာ အစိုးရကမူ ထိုသို့ ဆောက်ရွက် ပေးခြင်း မရှိပေ။

သို့သော်လည်း မြန်မာအစိုးရက နယ်စပ်မြို့ တချို့တွင် ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးများဖွင့်ပြီး ၂၀၀၉၊ ဇူလိုင်လမှ စတင်၍ လုပ်ငန်းများ လည်ပတ်ခဲ့သည်။

နိုင်ငံကူး လက်မှတ် လုပ်ဆောင်ကြရန် မြန်မာ အစိုးရက အလုပ်သမားများကို လှုံ့ဆော်သည့် လက်ကမ်း စာစောင်များကို ထိုရုံးများမှ တဆင့် ဖြန့်ဝေခဲ့သည်။ နိုင်ငံကူး လက်မှတ် လာရောက် လုပ်ဆောင် သူများကို “ဖမ်းဆီးခြင်း မရှိ၊ တားဆီး စစ်ဆေးခြင်း မရှိ၊ အခွန် ကောက်ခြင်း မရှိ” ကြောင်း ထိုလက်ကမ်း စာစောင်တွင် ဖော်ပြထားသည်။

အလုပ်သမား အများစု စိုးရိမ်သည့် အချက်မှာ “အခွန် ကောက်ခြင်း” ဖြစ်သည်။ နေရပ်ရင်းရှိ မိသားစုထံသို့ မြန်မာ အာဏာပိုင်များက သွားရောက်ပြီး အခွန် ကောက်မည်ကို ၎င်းတို့က ပူပန်ကြသည်။ အလုပ်သမား တို့၏ စိုးရိမ်ချက်ကို မည်သည့် အဖွဲ့အစည်းကမျှ ဖြေရှင်း ပေးနိုင်ခြင်း မရှိသေးပေ။

ယာယီနိုင်ငံကူး လက်မှတ် အစီအစဉ် အတွက် အလုပ်သမား၊ အလုပ်ရှင်တို့ ပူးပေါင်းပြီး ၂ နိုင်ငံ အစိုးရ အရာရှိများကို ဆက်သွယ်  ဆောင်ရွက် ရမည် ဖြစ်သည်။ ယခင်က ဤသို့သော လုပ်ငန်းစဉ်များနှင့် ရင်းနှီးမှု မရှိခြင်းသည် အလုပ်သမားများက နိုင်ငံကူး လက်မှတ် လုပ်ဆောင်ရန် ၀န်လေးနေ ကြသည့် အချက်တချက် ဖြစ်သည်ဟု သိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသူ မြန်မာ ပြည်သား အရေ အတွက်မှာ ၂ သန်းမှ ၄ သန်း အထိ ရှိသည်ဟု သိရသည်။
အပြည့်အစုံသို့ >>

ရွှေပြည်သာတွင်လည်း အလုပ်သမားများ ဆန္ဒပြ

Friday, 19 February 2010 19:58 သန်းထိုက်ဦး ဧရာဝတီ

ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်၊ ကနောင် မင်းသားကြီး လမ်းရှိ စက်မှုဇုန် (၁) ရက်စ်တူး အထည်ချုပ် စက်ရုံမှ အလုပ်သမား ၄၀၀ ခန့်က အလုပ်သမား ရပိုင်ခွင့်များ အတွက် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဆန္ဒပြ တောင်းဆိုကြသည်။ ဆန္ဒပြသည့် အကြောင်းရင်းများတွင် ကျန်းမာရေး မကောင်းသဖြင့် အလုပ်မဆင်းနိုင်လျှင်ပင် အလုပ်သမားတို့က ဒဏ်ငွေ ပေးဆောင်နေရသည့် အချက်လည်း ပါဝင်သည်ဟု ဆိုသည်။
“တရက် အလုပ် ပျက်ရင်၊ နေမကောင်းလို့ ပျက်ကွက်ခဲ့ရင်တောင် ၂၀၀၀ ဖြတ်တယ်” ဟု ဆန္ဒပြနေကြသည့် အလုပ်သမားများနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
“တောင်းဆိုတဲ့ အချက် တွေကတော့ ၆ ချက်လောက်ရှိတယ်” ဟု သူက ဆိုသည်။
ညနေ ၄ နာရီအချိန်၌ လူစုခွဲလိုက်သည်ဟု သူက ပြောသည်။
အာဏာပိုင် အဖွဲ့အစည်းများ ရောက်ရှိသွားပြီး အလုပ်သမားများ ဆန္ဒပြရခြင်း အကြောင်းရင်းကို မေးမြန်းခဲ့ကြောင်း၊ စက်ရုံအနီးတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။ အင်အားသုံး ဖြိုခွင်းသည့် သတင်းများ ထွက်ပေါ် လာခြင်း မရှိပေ။
ယခုလအတွင်း ရန်ကုန်မြို့ရှိ စက်ရုံ အများအပြားတွင် အလုပ်သမား အခွင့်အရေး ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ပေါ်ပေါက်ခဲ့သည်။
ယမန်နေ့က အင်းစိန် မြို့နယ်မှ SKY အထည်ချုပ် စက်ရုံ အလုပ်သမားများက လစာတိုးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့သည်။  အလုပ်ရှင်က လစာ ကျပ် ၅၀၀၀ တိုးပေးမည်ဟု ဆိုသဖြင့် ထိုဆန္ဒပြမှု ရပ်ဆိုင်းသွားသည်။  လှိုင်သာယာရှိ စက်ရုံတချို့တွင်လည်း လုပ်ခလစာ တိုးရေးအတွက် တောင်းဆို ဆန္ဒပြမှုများ ယခင်တပတ်က ပေါ်ပေါက်ခဲ့သည်။ ရန်ကုန်မြို့ရှိ စက်ရုံအလုပ်သမားတဦး၏ အနိမ့်ဆုံးလစာမှာ ကျပ်နှစ်သောင်း (ဒေါ်လာ ၂၀) ၀န်းကျင် ဖြစ်သည်ဟု သိရသည်။
အပြည့်အစုံသို့ >>

ရွှေပြည်သာ စက်မှုဇုန် အလုပ်သမားများ ဆန္ဒပြ

19 February 2010 VOA 

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်မှာ အခုလဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ အလုပ်သမား အခွင့်အရေး တောင်းဆိုဆန္ဒပြမှုတွေဟာ တနေရာပြီးတနေရာ ကူးစက်ပြီး ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့တာ ဒီကနေ့ဆိုရင် ရွှေပြည်သာ စက်မှုဇုန်မှာရှိတဲ့ ရက်စ်တူး သကြားလုံးစက်ရုံက အလုပ်သမား ၈၀၀ လောက် သပိတ်မှောက်နေကြပါတယ်။ အခြေအနေအသေးစိတ်ကို စုံစမ်းထားတဲ့ မအေးအေးမာ တင်ပြထားပါတယ်။

လှိုင်သာယာစက်မှုဇုန်က ၈ ရက်နေ့ကနေ စခဲ့ကြတဲ့ သပိတ်မှောက်တောင်းဆိုမှုတွေဟာ ဒီကနေ့အထိ မပြီးသေးဘူးလို့ ဆိုရမှာပါ။ အထည်ချုပ်စက်ရုံတွေ ဖြစ်တဲ့ အိုပယ် (၁) နဲ့ (၂)၊ တိုင်ရီ စက်ရုံတွေ၊ မြန်မာ့စန္ဒီ ဖိနပ်စက်ရုံ၊ တနေ့ကဆန္ဒပြခဲ့တဲ့ အင်းစိန်က လိုင်းရင်းစီးတီး အထည်ချုပ် စက်ရုံတွေအပြင် အလုပ်သမား ဆန္ဒပြမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ရွှေပြည်သာစက်မှုဇုန်က ရက်စ်တူး သကြားလုံးစက်ရုံမှာ အလုပ်သမား ၈၀၀ ခန့်က သူတို့ရဲ့ လုပ်အားခနည်းတဲ့ပြဿနာအပြင် အချိန်ပိုခိုင်းစေမှုတွေ၊ အလုပ်နဲ့မပတ်သက်တဲ့ ခိုင်းစေမှုတွေ ရှိတယ်ဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြတဲ့နေရာမှာ ရောက်ရှိနေတဲ့ မျက်မြင်တဦး ပြောပြတာကတော့ -
"ရွှေပြည်သာမှာလည်း ဖြစ်တာပဲ၊ အရင်စက်ရုံတွေ ပုံစံအတိုင်းပဲ။ လုပ်အားခ တိုးမြှင့်ရေး ရယ်၊ စူပါဗိုက်ဆာ က သူတို့ကို မာန်မဲတဲ့ကိစ္စတွေ လျော့ချရေး၊ ပြီးတော့ အလုပ်ချိန်က အရမ်းလုပ်ရတယ်လေ။ အလုပ်ချိန်က မနက် ၈ နာရီကနေ ည ၉ နာရီအထိ ဆိုတော့ အဲဒါကို လျော့ချရေး စတာတွေ ပေါင်းပြီးတော့ သကြားလုံး စက်ရုံက အလုပ်သမားတွေက တောင်းဆိုတိုက်ပွဲဝင်ပြီး သပိတ်မှောက်တာပေါ့။ သူတို့ ကြေညာထားတာက လစက အခု ၂၀,၀၀၀ လောက်က စတယ်ဗျာ။ ၂၀,၀၀၀ - ၂၅,၀၀၀ က စတယ်။ အခု ကျနော်ပြောတဲ့အချိန်ထိတော့ ဘာမှမရသေးဘူး။ သူတို့ ညှိနေကြတုန်းပဲ။
လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပုံကိုလည်း ဆက်ပြောပြပါတယ်။
"အခု သူတို့ချထားတာကတော့ ရှိသမျှ ဌာနအသီးသီးတွေ သွားကြတယ်ဗျာ။ ပြီးတော့ မီးသတ်ကားတွေ၊ နောက်ပြီးတော့ လုံထိန်းကားတွေက အရင်စက်ရုံတွေမှာလိုပဲ လုံခြုံရေးတွေ ချထားတယ်။ လေးဘက် လေးထောင့် ချထားတယ်။ နောက်ပြီးတော့ အဓိကကတော့ စက်မှုဇုံထဲမှာဆိုတော့ အခြား စက်ရုံတွေကို မကူးစက်အောင် ဒါကို အလွယ်တကူ ပိတ်ဆို့လို့ရအောင် အဆင်သင့်ပြင်ထားကြပါတယ်။"
အခုပြတဲ့ ရက်စ်တူး သကြားလုံးစက်ရုံဟာ ၂၀၀၇ ခုနှစ်တုန်းကလည်း လုပ်အားခနည်းပါးမှုတွေကြောင့် ဆန္ဒပြခဲ့ဖူးပါတယ်။ တနေ့လုပ်အားခ ၈၀၀ လောက်နဲ့အချိန်ပိုကြေး တနာရီကို ၁၀၀ လောက်သာ ရကြတာမို့ ကုန်ဈေးနှုန်းကြီးတဲ့အချိန်မှာ အလုပ်သမားတွေ စားဝတ်နေရေး ကြပ်တည်းတယ်လို့ ဆိုပါတယ်။ ရွှေပြည်သာ စက်ရုံတွေဟာ သူတို့ နစ်နာမှုတွေအတွက် အမြဲလိုလို တောင်းဆိုမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
"ရွှေပြည်သာမှာ စက်ရုံတွေ အများကြီး ရှိတယ်။ အဲဒီမှာ ဖြစ်လေ့ဖြစ်ထရှိတာ အမြဲတမ်းလိုလိုဖြစ်တာက နယူးဝေး နဲ့ သကြားလုံးစက်ရုံတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ကုန်ဈေးနှုန်းက ကြီးရတဲ့အထဲမှာ လုပ်အားခ လျော့လိုက်တဲ့အခါ ကျတော့ အခုလိုမျိုး သူတို့ အခွင့်အရေးတွေကို တောင်းဆိုကြတာပါ။ သူက အလုပ်သမားလည်း များတယ်။"
အမျိုးသမီး အလုပ်သမားတွေကို စက်ရုံခေါင်မိုးပေါ်တက်ပြီး သန့်ရှင်းရေး လုပ်ခိုင်းတာ၊ အိမ်သာ ဆေးခိုင်းတာတွေ၊ အလုပ်နဲ့ မပတ်သက်တာတွေကို ခိုင်းစေတဲ့အပြင် အခြေခံလစာနည်းပါးမှုက အဓိက ဆန္ဒပြရခြင်း အကြောင်းရင်းလည်း ဖြစ်ပါတယ်။
အပြည့်အစုံသို့ >>

ဆန္ဒပြ အလုပ်သမားများကို ပြည်သူတရပ်လုံး ကူညီရန် တိုက်တွန်း

ဒီဗွီဘီ သတင် မောင်တူး 

၁၈ ဖေဖော်ဝါရီ ၂၀၁၀ - ဖြစ်ပေါ်နေတဲ့ အလုပ်သမား ဆန္ဒပြပွဲတွေမှာ ပြည်သူတရပ် လုံး ပူးပေါင်း ပါဝင်ကူညီကြဖို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့ သံဃာ့တပ် ပေါင်းစု ဗကသများ အဖွဲ့ချုပ်တို့က တိုက်တွန်း လိုက်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ သံဃာ့တပ်ပေါင်းစုနဲ့ ဗကသများ အဖွဲ့ချုပ်တို့က ဒီနေ့ ပူးတွဲ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
လိုင်သာယာ။ အင်းစိန် စက်ရုံတွေက ဆန္ဒပြပွဲတွေဟာ ပြည်သူတွေစားဝတ် နေရေး ကျပ်တည်းနေတာကို သက်သေပြလိုက်တာပဲလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က ခုလို ဆိုပါတယ်၊ “ဆန္ဒပြပွဲတွေ ဖြစ်တဲ့နေရာမှာ အဲဒီနေရာနဲ့ အနီးဆုံးကို ပြည်သူလူထုကြီး က သွားနိုင်ပါတယ်။ အလုပ်သမားတွေက နေပူထဲမှာ ဒီလိုပဲ ထိုင်နေရတာ၊ စားဖို့ သောက်ဖို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးလို့ ရတာကို ကျနော်တို့ တွေ့ရပါတယ်၊ အဲဒါတော့ အဲဒီစက်ရုံဝင်းထဲကို မရောက်ရင်တောင် အလုပ်သမားတွေ နေတဲ့ ရပ် ကွက်တွေမှာ စက်ရုံအလုပ်ရုံက အလုပ်သမားတွေ အများကြီး ရှိပါတယ်၊ အဲဒီ အ လုပ်သမားတွေက တဆင့် ပံ့ပိုးချင်လည်း ရပါတယ်၊ “တခုက စက်ရုံအလုပ်ရုံတွေ ရှိတဲ့နေရာကို ပြည်သူပြည်သားတွေက အနီး စပ်ဆုံးနေရာကို သွားရောက်ကြပြီး ရပ်တည် ဆန္ဒပြခြင်းဟာလည်း ဒါဟာ အလုပ် သမားတွေဘက်က ထောက်ခံတယ် ဆိုတဲ့ အင်အားပြ ပုံစံတရပ် ဖြစ်ပါတယ်။ ရက်ရက်စက်စက် လက်လွတ်စပယ် ဖြိုခွင်းမခံရအောင် ပြည်သူလူထုကနေပြီး သတင်း အ ချက်အလက်တွေကို စောင့်ကြည့်ပြီး နိုင်ငံတကာ သတင်း မီဒီယာတွေနဲ့ ကမ္ဘာက သိ အောင် ကြိုးစားပေးသင့်တယ်လို့ ယူဆပါတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။” အခု ဖြစ်ပွားနေတဲ့ အလုပ်သမား ဆန္ဒပြပွဲတွေကို နအဖ စစ်အစိုးရဘက်က ဘယ်လို ဖြေရှင်းပေးသင့်တယ် ဆိုတာကိုလည်း ကိုထွန်းမြင့်အောင်က ခုလို ပြောဆို သွားခဲ့ပါတယ်။ “ဒါအလုပ်သမားဆန္ဒပြပွဲတွေ ရှိတဲ့နေရာမှာ လုံထိန်းကားတွေ လက်နက် ကိုင်တပ်တွေ၊ အချုပ်ကားတွေ၊ မီးသတ်ကားတွေ ဒီလိုခြိမ်းခြောက် အကျပ်ကိုင် ပြီး အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေကို ငြိမ်သက်သွားအောင်လုပ်ဖို့ ကြိးစားနေတယ်၊ “နောက်တနည်းက လိုင်သာယာစက်မှုဇုန် အလုပ်သမားတွေဆိုရင် အလုပ် ရှင်နဲ့ အလုပ်သမားအကြားမှာ အများကြီး ဟန်ပြ လိုက်လျောမှုတွေ တစိတ်တပိုင်း လုပ်ပေးပြီးတော့ ပွဲပြီး ပြီးရော ဆိုပြီး ဖြေရှင်းခဲ့တယ်၊ အဲတော့ တခဏသာ အချို သတ် ဖြေရှင်းမှုပဲဖြစ်တယ်၊ အလုပ်သမားတွေရဲ့ ပြသနာတွေကို အမှန်တကယ် ပြေ လည်သွားစေဖို့ ဆိုတာ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ အဖွဲ့အစည်းတွေကို ဖွဲ့စည်း လှုပ်ရှားခွင့် ပေးရမယ်။” အလုပ်သမား ဆန္ဒပြပွဲတွေဟာ ဆက်လက် ဖြစ်ပေါ်လာနိုင်ပြီး ဆန္ဒပြ အ လုပ်သမားတွေကို ကျောင်းသား၊ ရဟန်းတော်တွေနဲ့ တခြားနိုင်ငံရေး အဖွဲ့အစည်း တွေက နည်းမျိုးစုံနဲ့ သွားရောက် ကူညီ ပေးကြစေချင်တယ် လို့လည်း ကိုထွန်းမြင့်အောင်က ပြောဆိုသွားခဲ့ပါတယ်။
အပြည့်အစုံသို့ >>
Related Posts with Thumbnails
ဘဝတူ အလုပ်သမားအချင်းချင်း ယိုင်းပင်းကူညီကြ.... မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင် ရုန်းထတိုက်ပွဲဝင်ကြ...

ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမား တွေရဲ့ ဘဝကို ပေါ်လွှင်စေတဲ့ ကဗျာဆရာ ကောင်းကင်ကို ရဲ့ "ကျွန်" ကဗျာ ရွက်သံ

Get this widget | Track details | eSnips Social DNA

လာလည်ကြသည့် ဧည့်သည်တော်များ
widgeo.net

မြန်မာပြက္ခဒိန်

ဖိတ်ခေါ်အပ်ပါသည်

ရောင်ခြည်ဦး ဘလော်အတွက် အလုပ်သမားများနှင့် ပတ်သတ်သော သတင်း၊ ဓာတ်ပုံ၊ ဆောင်ပါး၊ ကဗျာ၊ ဝတ္တုတိုများ နှင့် ရင်ဖွင့်စာများ ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
Email:; sawjack007@;gmail,com

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP